RFA
လွတ်လပ်တဲ့အာရှအသံ
2022-01-04
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာရှိတဲ့ ကိုဗစ်ကုသရေးစခန်းတစ်ခု ပြီးခဲ့တဲ့ တနင်္ဂနွေ ညနေပိုင်းက မီးလောင်လို့ ပျက်စီးသွားခဲ့တယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့မှာ သတင်း ထုတ် ပြန်ပါတယ်။
RFA
လွတ်လပ်တဲ့အာရှအသံ
2022-01-04
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှာ မုတ်သုံမိုး အပြင်းအထန်ရွာတာကြောင့် ဒုက္ခသည်စခန်းတွေမှာ မြေပြိုတာ တွေ ဖြစ်ပြီး ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည် ၂ ဦး သေဆုံးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။
"မြေပြိုတာကြောင့် အမျိုးသားတဦး၊ အမျိုးသမီးတဦး သေဆုံးသွားတဲ့သတင်း ရထားပါတယ်။ အသေးစိတ်သိရဖို့ ကြိုးစားနေပါတယ်" လို့ ဒုက္ခသည်အရေး ကြီးကြပ်ကိုင်တွယ်ရတဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူ Mohammad Shamsud Douza က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ကမ္ဘာမှာ အကြီးမားဆုံး ဒုက္ခသည်တွေနေထိုင်ရာ နေရာလို့ ခေါ်ဆိုကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ခရိုင် က ဒုက္ခသည်စခန်းတွေထဲမှာ ရိုဟင်ဂျာဒုက္ခသည် တသန်းနီးပါးဟာ ဖြစ်သလိုဆောက်ထားတဲ့ တဲအိမ်တွေထဲမှာ စုပြုံပြီး နေနေကြရတာပါ။