" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်ပြည်နယ်. Show all posts
Showing posts with label ရခိုင်ပြည်နယ်. Show all posts

Tuesday, July 18, 2017

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း - ၂

ဧရာဝတီ
By မောင်မောင်စိုး
18 July 2017

အထူးသဖြင့်၂၀၁၂ မှစ၍ ဘင်္ဂါလီများကို လုံခြုံရေးအရ နယ်မြေကန့်သတ်၍ သွားလာခွင့်ပြုခြင်းနှင့် IDP စခန်းများတွင် ထားခြင်းသည် ၅ နှစ်ခန့် ရှိသွားပေပြီ။

ဤပြဿနာသည် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာဆိုသည်မှာ ငြင်းပယ်ရန် မရှိပေ။ မည်သို့ ဖြေရှင်းကြမည်နည်း ဆိုသည်ကသာ အရေးကြီးပေသည်။

Monday, July 17, 2017

ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး အနီးကပ် အပိုင်း - ၁

ဧရာဝတီ
By မောင်မောင်စိုး
17 July 2017

ရခိုင်ပြည်နယ်အရေးကို ကိုင်တွယ် ဖြေရှင်းမည်ဆိုပါက ဘင်္ဂါလီအရေးကို ဖယ်ထုတ်စဉ်းစား၍ မရနိုင်ပေ။

ဘင်္ဂါလီ ပြဿနာ နှင့် ပတ်သက်၍ နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှု ဖိအားပေးမှုတို့ကလည်း ယနေ့အချိန် တွင် သောသော ညံနေသည်ဟု ဆိုရပါမည်။

နိုင်ငံတကာရပ်ဝန်းကတော့ လူ့အခွင့်အရေးဆိုသည့် အမြင်ဘက်က ရပ်တည်၍ ကြည့်ရှုသည်။ သို့သော် ဤသို့ ကြည့်ရှု ခြင်းသည် လုံလောက်မှုမရှိပေ။

Monday, December 19, 2016

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ စစ်သွေးကြွများ သမိုင်း

ဧရာဝတီ
ဘာတေးလင့်တနာ
19 December 2016
မောင်တောမြို့အတွင်း လုံခြုံရေးကင်းလှည့်နေသော တပ်မတော်သားများ / သော်ဟိန်းထက် / ဧရာဝတီ
 
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံရှိ အခြားသော လူမျိုးစု ပဋိပ က္ခ များထက် တမူထူးခြားနေပြီး ပြင်ပနိုင်ငံများ၏ အာရုံစိုက်မှုကို ရရှိစေသည်။ မြန်မာနိုင်ငံ အနောက်မြောက် အစွန်အဖျားမှ မွတ်စလင် အသိုက်အဝန်းများသည် “မျိုးတုန်းသတ်ဖြတ်မှု” နီးပါးဖြစ်နေသော “လူမျိုးသန့်စင်မှု”ကို ကြုံတွေ့ နေရခြင်း လား၊ သို့မဟုတ် နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့် လေ့လာရေး အုပ်စု (International Crisis Group – ICG) မှ စာရေးဆရာ ၂ ဦးတို့က တိုင်းမ်မဂ္ဂဇင်းနှင့် ၎င်းတို့၏ ပိုမိုရှည် လျား သော စာတမ်းတွင် ရေးသားထား သကဲ့သို့ “ကမ္ဘာ့ နောက်ဆုံးပေါ် မွတ်စလင် သူပုန်လက်သစ်” ဖြစ် ပါသလား။

Sunday, July 22, 2012

ရခိုင်ပြည်နယ်ကို ကုလ-ငြိမ်းချမ်းရေးတပ် စေလွှတ်ဖို့ အီရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2012-07-22 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ အီရန်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

၂၀၁၂ ခုနှစ် မေလ ၂၇ ရက်က အီရန်ပါလီမန်၌ လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။
AFP PHOTO/ATTA KENARE

ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင်အပေါ် လူမျိုးတုံး ဖိနှိပ် သတ်ဖြတ်နေတာတွေ ရပ်ဆိုင်းနိုင်ရေး အတွက် လို့ ဆိုပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */