" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဒုက္ခသည်. Show all posts
Showing posts with label ဒုက္ခသည်. Show all posts

Wednesday, February 20, 2019

ကရင်ဒုက္ခသည် ၁၀၀ ကျော် နေရပ်ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
မအေးအေးမာ ၊20 ဖေဖော်ဝါရီ၊ 2019

ဖေေဝေါရီလ ၂၀ရက်နေက နေရပ်ပြန်တဲ့ဒုက္ခသည်များ

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနကြတဲ့ ဒုက္ခသည်တွေထဲက ၁၀၀ ကျော်ဟာ ဒီရက်ပိုင်းအတွင်း မှာပဲ နေရပ်ကို ပြန်နေကြပါတယ်။ ဒုက္ခသည်တွေအနေနဲ့ မိမိဆန္ဒအလျောက် နေရပ်ရင်း ပြန်ချင်ရင် ပြန်နိုင်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ဒုက္ခသည်စခန်းတိုင်းမှာ ဌာနေပြန်သွားနိုင်ရေး အကျိုးဆောင် ဌာနတွေ ဖွင့်လှစ်ထားပြီး နေရပ်ပြန်ချင်သူတွေ စာရင်းပေး သွင်းနိုင် တယ်လို့ ကြေညာခဲ့ပြီးတဲ့ နောက်မှာပဲ ဒီရက်ပိုင်း ပြန်ဖို့စာရင်းပေးသူ ၅၀၀ ကျော် ရှိခဲ့ တယ်လို့ ကရင်ဒုက္ခသည် ကော် မတီက ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေး မာက သတင်းပေးပို့ထားပါတယ်။

Tuesday, February 19, 2019

ကချင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019.02.19
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
 
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နဲ့ မံစီမြို့အနီးက စစ်ဘေးဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးအတွက် ကချင်လူသားချင်းစာနာမှုကော်မတီ KHCC က ဒီကနေ့ မြစ်ကြီးနားမြို့မှာ ဆွေးနွေးခဲ့ပါတယ်။

Sunday, February 17, 2019

ကချင်ဒုက္ခသည်စခန်းက အိမ်ခြေ ၁၀၀ ကျော် ပျက်စီး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-02-17

ဇန်နဝါရီလ ၁၆ ရက်နေ့ မနေ့ည ၁၂ နာရီဝန်းကျင်မှာ လေပြင်းတိုက်ခိုက်ခဲ့တာကြောင့် ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသ မိုးမောက်မြို့နယ်အတွင်းမှာရှိတဲ့ ပါကထောင်နဲ့ အင်ခေါင်းပါ ဒုက္ခသည်စခန်းက အိမ်ခြေ ၁၀၀ ကျော် ပြိုကျပျက်စီးခဲ့ပါတယ်။

Thursday, January 31, 2019

ဆွေးနွေးဖလှယ်မှု ပြုလုပ်ဖို့ ကုလ အထူးကိုယ်စား လှယ် မြန်မာကိုတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၃၁ ဇန်နဝါရီ၊ ၂၀၁၉ 

အပြန်အလှန် ဆွေးနွေး ဖလှယ်မှုဟာ မြန်မာနိုင်ငံကို ပိုမို အင်အားကောင်းစေလိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ ၁၈ ရက်ကနေ ၁၉ ရက်နေ့ အထိ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ် အပြီးမှာ ထုတ်ပြန်ကြေညာတဲ့ အခါမှာ မစ္စ ခရစ်စတီး ဘာဂနာက အခုလို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ လွတ်လပ်စွာ သွားလာခွင့်ဟာ လူသားအားလုံး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လက်လှမ်းမီဖို့ အတွက် အဓိက ကျတဲ့ အကြောင်း၊ လွတ်လပ်စွာ သွားလာခွင့် မရှိရင်ကလေး တွေ အတွက် ကျောင်းမတက်နိုင်သလို ဆေးရုံသွားရာမှာလည်း အခက်အခဲ ရောက်မယ်၊ ဒုက္ခရောက်မယ်၊ ယုံကြည် မှု ပြန်လည်တည်ဆောက်ရေးဟာ အင်မတန် အရေး ကြီးတယ်ဆိုပြီးတော့လည်း ရခိုင် အခြေအနေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကြေညာချက်မှာ ဆက်လက် ဖော်ပြ ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */