" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်ကောင်စီတပ်. Show all posts
Showing posts with label စစ်ကောင်စီတပ်. Show all posts

Tuesday, November 21, 2023

ရခိုင်ရှိ တကျော့ပြန် စစ်ရေးအခြေအနေများကြောင့် စစ်ကောင်စီတပ်က အမျိုးသားများကို အဓိက ပစ်မှတ်ထား စစ်ဆေးဖမ်းဆီး

Narinjara News
ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၂၃ 

ရခိုင်တွင် စစ်ရေးအခြေအနေများကြောင့် စစ်ကောင်စီတပ်က အမျိုးသားများကို အဓိကပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်က ဧည့်စာရင်းအကြောင်းပြကာ ည ဘက်ဝင်ရောက်စစ်ဆေးမှုများကို အောက်တိုဘာလကတည်းက တင်းတင်းကျပ်ကျပ်လုပ်ဆောင် ခဲ့ ပြီး တိုက်ပွဲများ ပြန်လည်စတင်လာချိန်တွင် အမျိုးသားရေးလှုပ်ရှားသူများ၊ လူမှုရေးလှုပ်ရှား သူ များ၏ နေ အိမ်များကို ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

Monday, November 20, 2023

ပေါက်တောမြို့တွင် လူပေါင်း ၁၀၀ ကျော်ကို စစ်ကောင်စီက နေရာသုံးခုတွင်ထိန်းသိမ်းထား

Narinjara
ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃

(မြန်မာစစ်တပ်က လူသားဒိုင်ကာအဖြစ် အသုံးပြုထားပုံရဟုဆို)

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် စစ်တပ်က လူပေါင်း ၁၀၀ ကျော်ကို ထိန်းသိမ်းထားပြီး နေရာသုံးခု တွင် ပိတ်လှောင်ထားကာ လူသား ဒိုင်းကာအဖြစ် အသုံးပြုထားပုံရသည်ဟု ဒေသခံများက ပြောဆို သည်။

Tuesday, January 3, 2023

သန်လျင်တွင် ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

DVB
DVB | 3 January, 2023

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက် ဘုရားနီ ပေ ၃၀ လမ်းမှာ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း က စစ်ကောင်စီတပ်နဲ့ ရဲတွေ ဧည့်စာရင်းစစ်ဆေးရာမှာ ရိုဟင်ဂျာ ၇၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူ တွေဆီက သိရပါတယ်။

ရိုဟင်ဂျာတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းကာ ဒီနေ့မနက် ၂ နာရီက ဧည့်စာရင်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ဧည့်စာရင်းစစ်ပြီး ဖမ်းတာ၊ အိမ်ငှားနေတဲ့အခန်းမှာ မိတာ၊ အိမ်ရှင်လည်း ထွက်ပြေးနေတယ်။”

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */