" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 21, 2023

ရခိုင်ရှိ တကျော့ပြန် စစ်ရေးအခြေအနေများကြောင့် စစ်ကောင်စီတပ်က အမျိုးသားများကို အဓိက ပစ်မှတ်ထား စစ်ဆေးဖမ်းဆီး

Narinjara News
ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၂၃ 

ရခိုင်တွင် စစ်ရေးအခြေအနေများကြောင့် စစ်ကောင်စီတပ်က အမျိုးသားများကို အဓိကပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်က ဧည့်စာရင်းအကြောင်းပြကာ ည ဘက်ဝင်ရောက်စစ်ဆေးမှုများကို အောက်တိုဘာလကတည်းက တင်းတင်းကျပ်ကျပ်လုပ်ဆောင် ခဲ့ ပြီး တိုက်ပွဲများ ပြန်လည်စတင်လာချိန်တွင် အမျိုးသားရေးလှုပ်ရှားသူများ၊ လူမှုရေးလှုပ်ရှား သူ များ၏ နေ အိမ်များကို ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူ ၊ တောင်ကုတ်၊ သံတွဲ စသည့် ရခိုင် မြို့နယ်မှ အရပ်သား ၁၀၀ ကျော် စစ်ကောင်စီတပ်ထံတွင် ဖမ်းဆီးခံထားရကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးခံရသူများထဲတွင် အမျိုးသား ၉၀% ဖြစ်သည်ဟုကျောက်ဖြူမြို့မှပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဟောင်းတစ်ဦးက ပြောသည်။

"အခု အဖမ်းခံနေရတဲ့အထဲမှာ အမျိုးသားက ၉၀% ပေါ့။ စစ်ရေးဆိုတော့ အမျိုးသားကိုပဲ သူတို့အဓိ က ပြစ်မှတ်ထားပါတယ်။ လူမှုရေး တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေကို လိုက်ဖမ်းနေ တော့ ကျနော်တို့လည်း ရှောင်နေတာ ကြာပြီ" ဟု ဆိုသည်။

ဖမ်းဆီးစစ်ဆေးရာတွင် အေအေဆက်စပ် သံသယဖြင့်အမျိုးသားများကိုအဓိကပစ်မှတ်ထားစစ်ဆေး ဖမ်းဆီးကြောင်း ကျောက်တော်မြို့မှ ရှောင်တိမ်း နေရသူတစ်ဦး၏ အမျိုးသမီးက ပြောသည်။ "အခု က ကျောင်းသားတွေကိုရော၊ ဆရာမတွေကိုရော ဖမ်းဆီးတာရှိလာတယ်။ ဒါပေမယ့် အမျိုးသား ဆို ရင် ပိုပြီး အာရုံစိုက်ခံရတော့ ရွာမှာ သူတို့ဝင်စစ်တာမျိုးဆို အမျိုးသားတွေ အကုန်လုံးနီးပါးရှောင် ပြေးကြရတယ်။ ကျမ အမျိုးသားဆိုရင်လည်း ရှောင်နေရတာ စစ်မဖြစ်ခင်ကတည်းကပဲ။ တစ်လ လောက် တောင် ရှိပြီ" ဟု ပြောသည်။

စစ်တွေတက္ကသိုလ်မှ သင်္ချာကျောင်းသားတစ်ဦးကလည်း "စစ်ဖြစ်ရင်တော့ အကုန်လုံးဒုက္ခရောက် တာ မှန် တယ်။ အမျိုးသားကတော့ ပိုပြီး ဖိအားများပါတယ်စစ်ဆေးရင်တောင်အမျိုးသမီးတွေထက် အမျိုး သားတွေ အဓိကစစ်ဆေးခံရတယ်။ သူတို့က အမျိုးသားတွေကို အဓိကပစ်မှတ်ထားတာကို။ ကျနော် တို့ဆို စနောက်တာတွေတောင် ရှိတယ်ပေါ့နော်။ တခုခုဆို စကပ်ဝတ်ပြီး နေရမလားမ သိ ဘူး လို့" ဟု ပြောသည်။

ရခိုင်တွင် တကျော့ပြန် တိုက်ပွဲကာလအတွင်း လက်ရှိရရှိသော အချက်အလက်များအရ စစ်တွေတွင် စစ်ဘေးရှောင်များ၊ အသက်မပြည့်သေးသည့် လူငယ်များအပါအဝင် ဒေသခံ ၂၀ ကျော်ကိုစစ်ကောင် စီ တပ်က ဖမ်းဆီးထားကြောင်း သိရသည်။

ယင်းအပြင် ကျောက်ဖြူမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် မြို့ခံ ၄ ဦး နှင့် တောင်ကုတ် မြို့ မှ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် မြို့ခံ ၁၁ ဦး၊ သံတွဲမြို့ခံ ၆ ဦးတို့ကိုလည်း စစ်ကောင်စီ တပ် က ဖမ်းဆီးသွားကြောင်း သိရသည်။

ပေါက်တောမြို့နယ်တွင် ဒေသခံ ၁၀၀ ကျော်အား စစ်ကောင်စီတပ်က လောကထိပန်ဘုရားအနီး ဓား စာ ခံအနေနဲ့ ဖမ်းဆီးထားသည်ဟုလည်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ် တကျော့ပြန်တိုက်ပွဲကာလအတွင်းကလည်း စစ်ကောင်စီသည် ရခိုင်က အ ရပ်သား ၅၉၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားသည်။ထို့အပြင် ယခု ဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဦးရေ နှစ်သောင်းခြောက်ထောင်ကျော်ထိ ရှိ လာပြီး ယင်းအထဲမှ ထက်ဝက်ကျော်သည် အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်တယ်လို့ စစ် ဘေးရှောင်စ ခန်း အရေအတွက် စာရင်းကောက်ယူနေတဲ့သူက ဆိုပါသည်။

ကျောက်ဖြူနှင့် တခြားမြို့နယ်များတွင် ထပ်မံဖမ်းဆီးခံထားရသည်ဟု သတင်းများထွက်ပါ်နေ သော် လည်း နိရဉ္စရာအနေနှင့် အတည်မပြုနိုင်သေးပါ။

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ (၁၃) ရက်နေ့အထိ သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိပြီး လူဦးရေ ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA က နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန် သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */