PCT News
April 29, 2024
( ရေးသားမှု အစွန်းရောက်သော်လည်း မှတ်တမ်းအဖြစ် ရေးမှတ်ထားခြင်းဖြစ်ပါသည် )
မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာကျေးရွာက ဘင်္ဂါလီရွာသား ၅ ယောက်ကို ဧပြီလ ၁၇ ရက်နေ့မှာ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့မှာ AA ဖမ်းဆီးသွားတဲ့ လူ ၅ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရွာသားအချို့က တွေ့ခဲ့ပြီး AA က သတ်ဖြတ်လိုက်တယ်လို့ FRC အဖွဲ့က ရိုနေဆန်းလွင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။