" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 7, 2024

‘‘ရိုဟင်ဂျာ၊ ဘင်္ဂါလီ၊ ... ဘယ်လိုပဲခေါ်ခေါ် ရခိုင်ပြည်သားတစ်ယောက်ဆိုရင် နိုင်ငံသားအခွင့်အရေးက ရရမှာပဲ’’ – AA စစ်ဦးစီးချုပ်

BBC
၀၆ ဖေဖော်ဝါရီ၊ ၂၀၂၄ 

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုးက မေးမြန်းထားပါတယ်။


ဘီဘီစီ - ရခိုင်က တရုတ်တစ်ခုတည်းအတွက် ပထဝီအရ ဗျူဟာမြောက်ရုံတင်မက အိန္ဒိယရဲ့ မဟာဗျူဟာမြောက်ကုလားတန်စီမံကိန်းလိုဟာမျိုးတွေ ရှိတယ်။ ငါးဖမ်းလုပ်ငန်းတွေ၊ ပင်လယ်ခရီးသွား၊ ကူးသန်းရောင်းဝယ်ရေးလမ်း ကြောင်းတွေ အင်မတန်မှကို အလားအလာ ကောင်းတဲ့ ဒေသဆိုတော့ အဲဒီဒေသကို ရက္ခိုင့်တပ်တော်အနေနဲ့ဒါမှမဟုတ်လည်း ULA အနေနဲ့ ဦးစီးဦးဆောင် ကမကထလုပ်ပြီး စီမံခန့်ခွဲဖို့ရာ အုပ်ချုပ်ရေးပိုင်းမှာကောလုံလောက်တဲ့ စွမ်းရည်မျိုးတွေ ဖြည့်ဆည်းထားနိုင်ပြီလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်လို့ ယုံကြည်လား။


ဗိုလ်ချုပ်ထွန်းမြတ်နိုင် - ကျွန်တော်တို့ကတော့ ရခိုင်ဒေသကို နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ အကန့်တွေကို အရည်အချင်းရှိရှိနဲ့လုပ်ကိုင်နိုင်ဖို့အတွက် တစ်ချိန်လုံးကြိုးစားနေတာရှိတယ်။ လူ့အရင်းအမြစ်ဆိုင်ရာ လိုအပ်ချက်တွေအတွက်လည်း ပညာတတ်တဲ့၊ လုပ်တတ်ကိုင်တတ်တဲ့လူတွေကို ကြိုတင်လေ့ကျင့်တဲ့ဟာတွေ ရှိတယ်။ ဆက်လက်ပြီးမှ Recruit (အလုပ်ခေါ်ယူ) နေတာတွေလည်းရှိတယ်။ ပြီးတော့ကျွန်တော်တို့မှာ အခု အုပ်ချုပ်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီးမှ Public Policy and Public Administration School (ပြည်သူ့မူဝါဒနဲ့ လူထုအုပ်ချုပ်မှုဆိုင်ရာကျောင်း) ဆိုပြီးတော့မှ ဖွင့်ထားတာလည်း ရှိတယ်။ အဲဒီမှာလည်းတကယ် နိုင်ငံတကာမှာ ပညာတတ်ပြီး ဆင်းလာတဲ့လူတွေနဲ့ အကြံပေးအဖွဲ့တွေ သုတေသနအဖွဲ့တွေနဲ့ အသေအချာကြိုးစားပြီးမှ ပြင်ဆင်နေတာတွေ ရှိပါတယ်။ ဆိုတော့ အဆင်သင့်ဖြစ်သလားဆိုတော့ ဖြစ်သင့်သလောက်ဖြစ်ပါတယ်။ လုပ်စရာရှိတာတွေကိုတော့ ကျွန်တော်တို့ အကောင်းဆုံး လုပ်သွားမယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်ကတည်းက မြန်မာနိုင်ငံပြည်ထောင်စုကို တည် ဆောက်တဲ့အချိန်မှာ ရခိုင်ပညာရှင်တွေပေါ့။ တတ်သိပညာရှင်တွေဥပဒေပညာရှင်တွေ၊ နောက်ပိုင်း ၁၉၅၀၊ ၁၉၆၀ နောက်ပိုင်းတွေမှာလည်း တက္ကသိုလ်တွေမှာ Engineering (အင်ဂျင်နီယာဘာသာရပ်) အပိုင်းမှာဖြစ်ဖြစ်ဆေးပညာ မှာဖြစ်ဖြစ်ပေါ့ ကျွန်တော်တို့ ရခိုင် ထူးချွန်တဲ့လူပုဂ္ဂိုလ်တွေ အများကြီး အကောင်းဆုံး Contribute (ပါဝင်ကူညီ) လုပ်ခဲ့တာတွေလည်း သမိုင်းအစဉ်အလာ ရှိတယ်။ အခုထိလည်းပဲ ကျွန်တော်တို့ ရခိုင်ပညာတတ်တွေတော့ အများကြီး ဝိုင်းရံပြီးမှ သူ့နေရာနဲ့သူတို့ ပြင်ဆင်ထားကြတာတော့ ရှိပါတယ်။ ဆိုတော့ တော်လှန်ရေးဆန်ဆန် အတိုင်းအတာနဲ့ ပြောရမယ်ဆိုရင်တော့ အဆင်သင့်ဖြစ်သလားဆိုရင် ဖြစ်သင့်သလောက်တော့ဖြစ်ပါတယ်၊ သို့သော်လည်းပဲ ကျွန်တော်တို့ ဆက်ပြီးမှ ကြိုးစားရဦးမယ်။

ဘီဘီစီ
- ခုနက ဗိုလ်ချုပ် ပြောသွားတဲ့အထဲမှာလည်း ပါတယ်။ ရခိုင်မြေဟာ ရခိုင်ချည်းမဟုတ်၊ လူမျိုးပေါင်းစုံဘာသာပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ဒေသ ဖြစ်တယ်။ ဗိုလ်ချုပ်တို့ ကြိုးစားပြီး တည်ဆောက်နေတဲ့ လူမှုအသိုင်းအဝိုင်းအဖွဲ့အစည်းကလည်း အားလုံးအတွက် ဖြစ်စေရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ တည်ဆောက်နေတယ်ဆိုတော့၊ တစ်ခါ နိုင်ငံတကာဘက်ကို ပြန်ကြည့်ရင်လည်း ကျွန်တော်တို့ မြန်မာပြည်အကြောင်း ပြောပြီဆိုရင်ကုလသမဂ္ဂကြေညာ ချက်တွေ ဆုံးဖြတ်ချက်တွေမှာကအစ ရိုဟင်ဂျာအရေးဆိုပြီး အမြဲတမ်း သူတို့ထည့်သွင်းပြီးတော့ ပြောတယ်။ ဆိုတော့ ဘင်္ဂလားဒေ့ရှ်ဘက်ရောက်သွားတဲ့ ဒုက္ခသည်အရေး ရခိုင်ပြည်မှာရှိတဲ့ မွတ်စလင်တွေအရေး၊ ရိုဟင်ဂျာလို့ ရည်ညွှန်းသုံးစွဲကြတဲ့ မနည်းလှတဲ့ လူအုပ်စုကြီးအရေးနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်အနေနဲ့ဘယ်လိုမူဝါဒမျိုး ရှိပါလဲခင်ဗျ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် - ဒီအရေးကြီးက တော်တော်လေးကို သတိထားပြီး ကိုင်တွယ်ရမယ် တော်တော်အရေးကြီးပါတယ်။ အရမ်းအရေးကြီးတဲ့ ကိစ္စကြီးတစ်ခု ဖြစ်တယ်။ ဆိုတော့ ဒီရိုဟင်ဂျာဆိုတဲ့ နာမည်ကအစပေါ့လေ ကျွန် တော်တို့ ရခိုင်နဲ့မြန်မာလူ့အဖွဲ့အစည်းထဲမှာ တော်တော်ကို Sensitive (ထိလွယ်ရှလွယ်) ဖြစ်ကြတယ်။ အဲဒီရိုဟင်ဂျာဆိုတဲ့ နာမည်ကတော့ အပြင်ဘက်က လူတွေက လူ့အခွင့်အရေးရှုထောင့်ကနေပြီးမှ လူမျိုးတစ်မျိုးဟာ ကိုယ် ကြိုက်တဲ့ နာမည်ကို ခံယူလို့ရပါတယ် ဆိုပြီးမှ လက်ခံထားကြတယ်။ ကျွန်တော်တို့လည်း ရှင်းရှင်းလင်းလင်းဆိုရင်တော့ လူ့အခွင့်အရေးနဲ့အညီ ခေါ်တာကို ငြင်းစရာတော့ မရှိပါဘူး။ သို့သော်လည်းပဲ ဒီနာမည်ကို သုံးစွဲလာပြီးမှ ဒီသမိုင်းဆိုင်ရာ Narrative (ဇာတ်ကြောင်း) တွေကို ပုံဖော်တဲ့အချိန်မှာကျတော့ ကျွန်တော်တို့ရခိုင်ဒေသရဲ့ သမိုင်းဆိုင်ရာမှန်ကန်မှုတွေကို ဖုံးကွယ်မယ့် အားထုတ်မှုတွေနဲ့ ပြောဆိုမှုတွေ ပါလာတယ်။ အဲဒီမှာ ကျွန်တော်တို့ဘက်က၊ ဒီရခိုင်တွေဘက်ကလည်း စိုးရိမ်မှုတွေအများကြီး ဖြစ်လာတာပေါ့။ ကျွန်တော်က ဒီကိစ္စကို တစ်ဖက်နဲ့တစ်ဖက်နား လည်မှုလွဲ၊ အမျိုးမျိုးထင်ပြီးမှ အကျယ်အကျယ်နဲ့ ငြင်းခုံစရာတွေဖြစ်အောင်တော့ မပြောလိုဘူး။ သို့သော်ကျွန်တော်တို့ပြောတာက နိုင်ငံရေးအရဆိုရင် ရိုဟင်ဂျာလို့ပဲခေါ် ခေါ်၊ ဘင်္ဂါလီလို့ပဲခေါ်ခေါ် Chittagonian (စစ်တ ကောင်းနယ်သား)လို့ပဲခေါ် ခေါ် ရခိုင်ဒေသကိုရောက်လာတဲ့ ရခိုင်ပြည်သားတစ်ယောက်ဆိုရင် ရခိုင်ပြည်သားတစ်ယောက်ရဲ့ နိုင်ငံသားအခွင့်အရေးက ရရမှာပဲ။ အဓိကအရေးကြီးတာက ကျွန်တော်တို့လူ့အဖွဲ့အစည်းနှစ်ခုငြိမ်းချမ်း စွာ သဟဇာတရှိရှိ နေထိုင်ဖို့ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ဥပဒေနဲ့အညီ အသိအမှတ်ပြုမှုတွေကို တာဝန်ယူမှု တာဝန်ခံမှုနဲ့ လက်ခံဖို့အတွက်၊ တစ်ဖက်ကလည်း ရိုးသားစွာနဲ့ သမိုင်းဆိုင်ရာ ဖန်တီးမှုတွေ ပြောဆိုမှုတွေကို acknowledge (အသိအမှတ်ပြု၀န်ခံဖို့) လုပ်ဖို့တော့ လိုအပ်တယ်။ အဲလိုမျိုးမဟုတ်ဘဲနဲ့ ရခိုင်တွေက ဝေသာလီခေတ်မှာ ဘယ်လိုဖြစ်တယ်ဆိုတော့၊ ငါတို့က မင်းတို့ထက်စောပြီးမှ ဝေသာလီခေတ်မတိုင်ခင်ကတည်းကရောက်နေတာ၊ ဒီလောက် အိန္ဒိယသမုဒ္ဒရာနဲ့ Bay of Bengal (ဘင်္ဂလားပင်လယ်အော်)မှာ လူဦးရေ သန်း ၄၀၀ကျော်နေပြီးမှ မြစ်ကလေးတစ်ဖက် ဒီဘက်ကို ကူးလိုက်တာနဲ့ ဘင်္ဂါလီဆိုတာ တစ်ယောက်မှ မရှိတော့ဘူး၊ အဲလိုမျိုးအနေအ ထားတွေပေါ့လေ၊ ငါတို့က ၈ ရာစုကနေ ရောက်လာတဲ့ အာရပ်လူမျိုးတွေ ဖြစ်ပါတယ်ဆိုတဲ့ ဒီ Logical (ကျိုးကြောင်း ဆီလျှော်မှု) လည်း မရှိဘူး။ သမိုင်း အထောက်အထားလည်း မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်တွေက ကိုယ့်ဟာကိုယ် မကာကွယ်နိုင်ဘဲနဲ့ နိုင်ငံရေးအရလည်း ပြိုလဲနေတဲ့အချိန်မှာ ကျွန်တော်တို့ကို၊ နှစ်ပေါင်းထောင်ချီပြီးမှ နိုင်ငံအနေနဲ့နေလာတဲ့ လူမျိုးတွေကို Identity (ပင်ကိုယ်သွင်ပြင်လက္ခဏာ) အရရော နယ်မြေအရရော စိန်ခေါ် ပြီးမှ ပြိုင်ဆိုင်တိုးဝင်လာတဲ့ပုံစံမျိုးတွေကိုတော့ မလုပ်မိဖို့လိုတာပေါ့။ အဲလိုမျိုးလုပ်နေမယ်ဆိုရင်ကျွန်တော်တို့ အခု ကြိုးစားနေတဲ့ နှစ်ဖက် လူ့အသိုင်းအဝိုင်း အဖွဲ့အစည်းကြားမှာ Harmony (သဟဇာတ) ဖြစ်မယ့်စည်းစည်းလုံးလုံးနဲ့ တည်ငြိမ်တဲ့အနာဂတ်ကို တည်ဆောက်နိုင်မယ့် လုပ်ငန်းတွေကို အဲဒီပြောဆိုမှုတွေ တောင်းဆိုမှုတွေကအ ထောက်အကူပြုမှာ မဟုတ်ဘူး။ ကျွန်တော်တို့ဘက်ကလည်း သဘောထားကြီးပြီးမှ သင့်မြတ်ချစ်ခင်အောင် စည်းလုံးဖို့ လိုသလို တစ်ဖက်ကလည်း ရိုးသားပြီးမှ တည်ငြိမ်တဲ့ အနာဂတ်ကို ရှာဖွေဖို့ ပူးပေါင်းဆောင်ရွက်ဖို့တော့ လိုတာပေါ့။ ဒါက ဒီထက်ပိုပြီး ရှင်းပြဖို့လည်း လိုပါဦးမယ်။ သို့သော် ကျွန်တော် ဒီနေ့မှာတော့ ဒီမေးခွန်းအပေါ်မှာ ဒီလောက်ပဲ တုံ့ပြန်ပါရစေ။

သဘာဝအရင်းအမြစ်တွေလည်း ပေါများတဲ့ ရခိုင်ပြည်နယ်
 

ဘီဘီစီ - တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ တော်လှန်ရေးအင်အားစုတွေအကြောင်းကို ပြောရင် မြန်မာစစ်တပ်ဘက်ကပဲ ဖြစ်ဖြစ်၊ Counter-Narrative (တန်ပြန်ပြောဆိုမှု) တွေ အနေနဲ့ဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်းတ ကယ်လက်တွေ့ ရုပ်ဘဝအရ ပေါ်ပေါက်နေတာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ဘဏ္ဍာငွေကြေးရှာဖွေရာမှာ မူးယစ်ဆေးဝါးလုပ် ငန်းတွေ ဒါမှမဟုတ်လည်း အခုနောက်ပိုင်း ပေါ်လာတယ်ဆိုတဲ့ ကျားဖြန့် လုပ်ငန်းတွေမှာလည်း လက်နက်ကိုင်အင် အားစုတွေ ပါဝင်ပတ်သက်တယ်ဆိုပြီး အပြန်အလှန် ပြောဆိုမှုတွေရှိတယ်။ ကုလသမဂ္ဂရဲ့ စစ်တမ်းတချို့မှာလည်း မူးယစ်ဆေးဝါးလုပ်ငန်းတို့ တရားမဝင် မသမာတဲ့ လုပ်ငန်းတွေနဲ့ ပါဝင်ပတ်သက်ခြင်းအားဖြင့် ကိုယ့်ရဲ့ဘဏ္ဍာငွေကြေးကို ရှာဖွေရတယ်ဆိုတဲ့ ပြောဆိုမှုတွေရှိတယ်ဆိုတော့ ဗိုလ်ချုပ်အနေနဲ့ AA ကို ဦးဆောင်နေတဲ့စစ်ဦးစီးချုပ် တစ်ယောက်အနေနဲ့ အဲလိုမျိုး တရားမဝင်လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါး လူမှောင်ခိုက အစပေါ့လေ အဲဒါတွေမှာ ဘယ်လောက် ကင်းရှင်းတယ်ဆိုပြီးတော့ အာမခံပြီးတော့ ပြောကြားနိုင်လဲ။


ဗိုလ်ချုပ်ထွန်းမြတ်နိုင်
- လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတဲ့ တိုင်းပြည်တွေပေါ့ စစ်ပွဲတွေကြားမှာတော့ အမှန်တ ရားကို ရှာရခက်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ ရက္ခိုင့်တပ်တော်အနေနဲ့ကတော့ ကျွန်တော်တို့ ရခိုင်ပြည်သူတွေ အကောင်းဆုံး အလုပ်သမားတွေက အစပေါ့။ အဘွားကြီး အဘိုးကြီးတွေကအစ ပြည်သူတွေက ဝန်းရံမှုရှိတယ်။ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့လည်း ကိုယ်တတ်နိုင်တဲ့ဟာကို ကူညီတယ်။ ဒါကြောင့် ကျွန်တော်တို့မှာသန့် သန့်ရှင်းရှင်းနဲ့တော်လှန်ရေးကို နှစ်အရှည်ကြီးပေးပြီးမှ တည်ဆောက်ယူလာခဲ့တာ ဖြစ်ပါတယ်။ ဒီတော့မြန်မာနိုင်ငံ မှာကတော့လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ မှောင်ခိုလုပ်ငန်းအနေနဲ့ကတော့ ပတ်သက်တဲ့အဖွဲ့အစည်းတွေက တော့ကိုယ်စီကိုယ်စီတော့ ရှိတော့ရှိကြမှာပဲ။ ဒီထဲမှာ အဓိကပါဝင်ပတ်သက်တဲ့ အဖွဲ့တွေ ဆိုတာကလည်းပဲ မြန်မာစစ်တပ်က မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၂၃ အကုန်ထိပေါ့ သူက အင်အားအကြီးဆုံးပဲ။ စစ်ရေးအရရော နိုင်ငံရေးအရ စီးပွားရေး အကုန်လုံး သူနဲ့ အဆင်ပြေတယ်ဆိုရင် ဘာမဆို လုပ်လို့ရတယ်ဆိုတဲ့ အနေအထား ရှိခဲ့တယ်။ အဲဒါကြောင့် ဒီကိစ္စတွေကို နည်းသည် များသည် အဖွဲ့အစည်းတွေတချို့ ပတ်သက်တယ်ဆိုတာကတော့ အကုန်လုံးသိနေကြတဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။ အဲဒီထဲမှာ ဘယ်သူက အများဆုံး ပါဝင်ပတ်သက်နေလဲ၊ ဒီလူတွေရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ အသိဆုံးပဲပေါ့။ အခု မြန်မာနိုင်ငံ အရှေ့မြောက်ဒေသက ပြည်သူ့စစ်တွေ ဒီလူတွေကို ဘယ်သူတွေက လက်ခံပြီးမှ နောက်ဆုံး အဲဒီလူတွေလက်ထဲက ကိုယ်တိုင်ထုတ်ပေးလိုက်ရတဲ့ သာဓကတွေလည်း မျက်ဝါးထင်ထင် တွေ့နေရတယ်ဆိုတော့ အားလုံးလည်း နားလည်မယ် ထင်ပါတယ်။ ကျွန်တော်တို့ရခိုင်အမျိုးသားအဖွဲ့ချုပ် ရက္ခိုင့်တပ်တော်အနေနဲ့ကတော့ နိုင်ငံရေးရည်မှန်းချက်ကိုလည်း ကြီးကြီးမားမားထားတယ်။ ရှေ့ဆက်မယ့် နိုင်ငံရေးလမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်လာမယ့် အစွန်းအထင်းတွေကိုတော့ကျွန်တော်တို့ အရမ်းသတိထားပြီးမှ ရှောင်ရှားပါတယ်။

၂၀၂၃ နိုဝင်ဘာလအတွင်း ပေါက်တာမြို့နယ်မှာ ဖြစ်လာတဲ့ တိုက်ပွဲကြောင့် စစ်ရှောင်လာကြသူများ 
 

ဘီဘီစီ - လက်ရှိ ရခိုင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေရဲ့ဒဏ်ကို ခံရတဲ့ ပြည်သူတွေ စစ်ဘေးရှောင်ရတာတွေ ရှိတယ်ဆိုတော့ အဲလိုမျိုး ကိုယ့်ရခိုင်ပြည်သူတွေအပေါ်မှာရော ဗိုလ်ချုပ်အနေနဲ့ ဘယ်လို စကားမျိုး ပြောချင်လဲ။


ဗိုလ်ချုပ်ထွန်းမြတ်နိုင် - ရခိုင်ပြည်မှာတော့ စစ်ကောင်စီက သေနတ်သံမြည်ကတည်းက သူတို့ပြည်မကနေ ကုန်သွယ်ရေးလမ်းကြောင်းတွေရော အကုန်လုံး ဖြတ်တောက်လိုက်တယ်။ ဒါကလည်း Collective Punishment (သိမ်းကြုံးအပစ်ပေး) သလိုမျိုး ပြောရမှာပေါ့။ ရခိုင်ပြည်သူတွေက ရခိုင်တော်လှန်ရေးကို အကြွင်းမဲ့ထောက်ခံတယ်။ အဲဒီတော့ထောက်ခံတဲ့ လူထုကို ပစ်မှတ်ထားတယ်။ ပြီးမှ လူထုနဲ့ အကြပ်ကိုင်တာပေါ့။ ကျွန်တော်တို့က အရင် ၂၀၂၀ တိုက်ပွဲမှာ အပစ်ရပ်တဲ့အချိန်မှာလည်း လူထုကိုငဲ့ညှာပြီးမှ ကျွန်တော်တို့ အများကြီး စဉ်းစားခဲ့တယ်။ ၂၀၂၂ ကြားထဲမှာ တိုက်ပွဲဖြစ်တဲ့အချိန်မှာလည်းပဲ ကျွန်တော်တို့ လူထုက ပိတ်ဆို့ခံလိုက်ရတယ်။ ဆေးရုံတွေမှဆေး မရှိတော့ဘူး။ စားစရာ မရှိတော့ဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့က လူထုအတွက် စဉ်းစားပြီးမှ Humanitarian Pause (လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် ခေတ္တရပ်နားခြင်း) အနေနဲ့ ယာယီ အပစ်အခတ်ရပ်ဆိုင်းခဲ့ရတယ်။ ဒီတစ်ခါလည်း ကျွန်တော်တို့ အရမ်းခက်ခဲပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့က တိုက်ပွဲအတွက် အ ချိန်အခါကိုရော တိုက်ပွဲဖော်ဆောင်တဲ့နေရာတွေကိုရော ဒေသတစ်ခုလုံးကို ရန်သူက အရင်လိုမျိုး ပိတ်ဆို့လာခဲ့ပြီဆိုရင် လူထုရဲ့ အသက်ရှူပေါက်ပေါ့၊ ဘယ်လိုနေရာတွေမှာ ထားရမလဲ၊ ဘယ်နေရာက ဘယ်နေရာကို ရွှေ့ရမှာလဲ ဆိုးဆိုးရွားရွားတော့ ဖြစ်လာမှာပဲ။ ဒါပေမဲ့ အဆိုးဆုံးထဲက အသက်သာဆုံးဖြစ်အောင် ဘယ်လိုရွှေ့ရမလဲဆိုတာကို ကျွန်တော်တို့ တိုက်ခိုက်မယ့်အချိန်၊ ပြီးတော့ တိုက်ပွဲဖော်ဆောင်မယ့်နေရာ၊ ပြီးတော့ တစ်နေရာပြီး တစ်နေရာဖြစ်လို့ ရွှေ့ပြီးမှ လူးသာလွန့်သာ လူထုအတွက် အသက်သာဆုံးဖြစ်မယ်ဆိုတာကို စနစ်တကျစဉ်းစားပြီးမှ ကျွန်တော်တို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အခုလည်းပဲ ကျွန်တော်တို့ မြို့တွေပေါ့၊ လက်နက်ကြီးတွေနဲ့ အပစ်ခံနေရတယ်။ မီးရှို့ခံရတယ်။ အပြစ်မဲ့ပြည်သူတွေ သတ်ဖြတ်ခံရတယ်ပေါ့။ အဲဒါတွေက ကျွန်တော်တို့မှာ အထောက်အထားတွေ ရှိပါတယ်။ တိုင်းမှူးက ဘယ်လိုရွာကို မီးရှို့ဖို့ အမိန့်ပေးလိုက်ပြီလဲ၊ ဘယ်တပ်မမှူးက ဘယ်နေ့ ဘယ်အချိန်ကဘယ်လိုအမိန့်ပေးသလဲဆိုတာတွေကအစ ကျွန်တော်တို့မှာ အထောက်အထားတွေ အတိအကျ ရှိတယ်။ ဒီလို ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် မြို့ရွာတွေကို မီးရှို့ဖို့အတွက် အမိန့်ပေးစေခိုင်းတဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေလည်း သူ့ရဲ့တာ ဝန်ကို ယူရပါလိမ့်မယ်။ ဒီအချိန်မှာ ပြည်သူတွေအနေနဲ့ အခက်ခဲဆုံး အခြေအနေကို ဖြတ်သန်းနေရတာကိုကျွန်တော် လုံးဝ နားလည်တယ်။ ဒီအချိန်မှာ ရခိုင်ပြည်သူတစ်ခုတည်း မဟုတ်ဘူး။ မြန်မာပြည်သူတစ်ခုလုံးကိုလည်း ကျွန်တော်ပြောချင်တာက ဒီတော်လှန်ရေးလောကဓံတွေကို စည်းစည်းလုံးလုံးနဲ့ ကျွန်တော်တို့ ဖြတ်သန်းဖို့လိုတယ်။ ဒါကို သည်းခံပြီးမှ ဒီစစ်အာဏာရှင် ဖက်ဆစ်အာဏာရှင်အကြမ်းဖက်စစ်တပ်ကို ကျွန်တော်တို့ကအောင်မြင်အောင် တော်လှန်ဖို့လိုတယ်။ ဒါကို ကျွန်တော်တို့က နောက်လှည့်နေလို့ မရဘူး။ ကျွန်တော်တို့ ရှေ့ကို တိုးရမယ်။ ဒီအခက်အခဲကို ရင်ဆိုင်ပြီးမှ အောင်မြင်အောင် ကျွန်တော်တို့ ကြိုးစားရမယ်။ ကျွန်တော်တို့ ရခိုင်ပြည်သူတွေကလည်း ကျွန်တော်တို့ကို ပြောတယ်၊ ဘယ်လိုအခက်အခဲပဲ ရှိပါစေ၊ အိမ်တွေကတော့ ပြာကျသွားပြီ၊ ဒါပေမဲ့ငါတို့လိုချင်တာဟာ အိမ်ထက် အရေးကြီးတဲ့ လွတ်မြောက်ရေးကို လိုချင်တယ်၊ ဒါကြောင့် ဆက်လက် တိုက်ပွဲဝင်ပါဆိုတဲ့ ယုံကြည်ချက်မျိုးနဲ့ ရပ်တည်နေကြတာ တွေ့ရတဲ့အတွက် ကျွန်တော်တို့ အများကြီး အားရှိတယ်။ ပြည်သူတွေအတွက်လည်း ကျွန်တော်တို့ဆက်လက်ပြီးမှ အကောင်းဆုံး ကြိုးစားသွားမယ်။ ဒီ ၂၀၂၃ နှစ်အကုန်မှာ စတင်ခဲ့တဲ့နေ့ ၁၀၂၇ စစ်ဆင် ရေးဟာ ၂၀၂၄ ကို အောင်မြင်မှုတွေနဲ့ လက်ဆင့်ကမ်းပေးခဲ့တယ်။ ဒီ ၂၀၂၄ ဟာ အခက်အခဲတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်။ သို့သော်လည်းပဲ မျှော်လင့်ချက်တွေ အများကြီးပေါ့။ နှစ်ပေါင်း ၇၀ ကျော်ထဲမှာ မျှော်လင့်ချက်တွေ အရင်ထက်ပိုပြီး တောက်ပတဲ့ နှစ်တစ်ခု ဖြစ်တယ်။ ဒီနှစ်ကိုလည်း ကျွန်တော်တို့ ခွန်အားအပြည့်နဲ့ အားမာန်အပြည့်နဲ့ ဖြတ်သန်းဖို့အတွက် ကျွန်တော်ပြောလိုပါတယ်။

က္ခိုင့်တပ်တော်မှာ တပ်သားအင်အား ၃၀၀၀၀ ကျော်ရှိတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။


ဘီဘီစီ
- ရက္ခိတအိပ်မက်ကို ပြည့်မြောက်ဖို့ဆိုတာက တော်လှန်ရေးနည်းနာနဲ့ လျှောက်လှမ်းနေရတယ်၊ စစ်ရေးနည်းနာကို သုံးစွဲပြီးတော့ လျှောက်လှမ်းနေရတယ်ဆိုတော့ ပေါ်ပေါက်လာမယ့် ရခိုင်လူ့အဖွဲ့အစည်းက စစ်ပုံသွင်းထားတဲ့ လူ့အဖွဲ့အစည်းထက် ကျော်လွန်ပြီးတော့ ရခိုင် အမျိုးသားရေးနဲ့ ခုနတုန်းက ဗိုလ်ချုပ်ပြောခဲ့သလို ဒီမိုက ရက် တစ် စံနှုန်းတွေ၊ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ သမမျှတပြီး ဟန်ချက်ညီနေတဲ့ လူ့အဖွဲ့အစည်းမျိုး ပေါ်ပေါက်လာအောင် ဗိုလ်ချုပ် ဘယ်လိုထုဆစ်ဖန်တီးဖို့ရှိလဲ။ ဆိုလိုတာက ဗိုလ်ချုပ်ရဲ့ ရခိုင်ရဲ့အနာဂတ်အတွက် Vision လို့ ခေါ်ရမှာပေါ့။ ရှေ့ရေး အမျှော်အမြင်က ဘာလဲ။


ဗိုလ်ချုပ်ထွန်းမြတ်နိုင်
- ကျွန်တော်တို့ Nation Building (နိုင်ငံတည်ဆောက်ခြင်း)အပိုင်းရော၊ State Building (နိုင်ငံရဲ့ အဖွဲ့အစည်းများနှင့် အခြေခံအဆောက်အအုံပိုင်းများ ခိုင်မာအောင် တည်ဆောက်ခြင်း) အပိုင်းရော ဒါက အချိန်ပေးရတယ်။ ပြီးတော့ ဒီဟာတွေကို တည်ဆောက်ဖို့အတွက် အတွေးအခေါ်ဆိုင်ရာ အခြေခံအုတ်မြစ်တွေကို ချတဲ့အချိန်မှာ တကယ့်တိုင်းပြည်အတွက်၊ နိုင်ငံသား တစ်ယောက်ချင်းစီအတွက် ကြီးမားတဲ့ မှန်ကန်တဲ့ စေတနာတွေနဲ့ ကျွန်တော်တို့က အုတ်မြစ်ကို ချရမယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ အရင်မှားခဲ့တဲ့ လူမျိုးရေးဆိုင်ရာ အစွန်း ရောက်မှုတွေပေါ့ အဲဒီထဲက သင်ခန်းစာတွေကို ကျွန်တော်တို့ ပြန်လည်သုံးသပ်ပြီးမှ သင်ခန်းစာတွေထုတ်ပြီးမှကိုယ် တို့ရှေ့ဆက်ပြီးလျှောက်မယ့်လမ်းတွေမှာ ဒီလိုအမှားမျိုးတွေကို ရှောင်နိုင်အောင် ကျွန်တော်တို့က သေသေချာချာ ချမှတ်ပြီးမှအခု ကျွန်တော်တို့တည်ဆောက်နေတဲ့ လူငယ်မျိုးဆက်သစ်တွေကို သေချာရှင်းပြပြီးရင် ဒီအ တွေး အခေါ်တွေကျွန်တော်တို့ရဲ့ လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ လူမျိုးကြီးငယ်မဟူ ကျွန်တော်တို့ တန်းတူ မျှတ ပြီးမှ စည်းစည်းလုံးလုံးနဲ့ အနာဂတ်ကို တည်ဆောက်ရေးဆိုတဲ့ဟာတွေကို၊ သေသေချာချာ အသက်သွင်းပြီးမှ ပုံဖေါ်ဖို့ဟာတွေကို လက်ဆင့်ကမ်းပြီးမှ လုပ်ရမှာပါ။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်အမျိုးသားတွေအနေနဲ့အရသော်လည်း ကောင်း၊မြန်မာနိုင်ငံသားတွေ အနေနဲ့သော်လည်းကောင်း ကိုယ့်ရဲ့အခြေအနေကိုလည်း နားလည်ရမှ ကိုယ့် ရဲ့ ပကတိအခြေအနေကို ကိုယ်က မျက်မှောက်ပြုပြီးမှ အရမ်းကြီး မြင့်နေတဲ့ဟာတွေကို မျှော်မှန်းနေရင်လည်း ကိုယ် က လိုရာခရီးကို သွားနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်ရဲ့လက်ရှိအခြေအနေကို သဘောပေါက်ပြီးမှ လက် ရှိအခြေအနေနဲ့ ထိုက်တန်တဲ့ဟာတွေကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်မှပဲ ကျွန်တော်တို့လိုချင်တဲ့နေရာကိုတ ဖြည်း ဖြည်းနဲ့ စိတ်ရှည်ပြီးမှ စည်းလုံးကြိုးစားသွားဖို့ ကျွန်တော် ပြောချင်ပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */