Showing posts with label ကြားနာ. Show all posts
Showing posts with label ကြားနာ. Show all posts

Wednesday, August 18, 2021

အာဂျင်တီးနား ဗဟိုတရားရုံးမှာ ရိုဟင်ဂျာတွေရဲ့ဖြစ်ရပ်ဆိုး ကြားနာ

RFA
လွတ်လပ်တဲ့အရှအသံ
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2021-08-17

 ရိုဟင်ဂျာ အဖွဲ့အစည်းတွေနဲ့ တောင်အမေရိက နိုင်ငံတွေက လူ့အခွင့်အရေး လှုပ်ရှားသူ အဖွဲ့အစည်းတွေ ဟာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နဲ့ နိုင်ငံ တော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်ဘက်နဲ့ အရပ်ဘက် ခေါင်းဆာင် အချို့ကို တာဝန်ရှိသူတွေအဖြစ် သတ်မှတ်ပြီး၊ အာဂျင်တီးနားနိုင်ငံ ဘွေနိုအေးရီးမြို့ တရားရုံးမှာ ၂၀၁၉ ခုနှစ် အောက်တို ဘာလက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

Wednesday, January 29, 2020

မြန်မာ-ဂမ်ဘီယာအမှု ICJ ကြားနာရက် ကြေညာ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
29 ဇန္နဝါရီ၊ 2020 
ဇန်နဝါရီ ၂၃ ရက်နေ့က မြန်မာ-ဂမ်ဘီယာအမှု ကြားနာ 


ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့ အမှုအတွက် ၂ ဖက် ကနဦးလျှောက်ထားချက်တွေပေးဖို့ ICJ တရားရုံးက သတ်မှတ်လိုက်ပါတယ်။

Wednesday, December 11, 2019

ICJ တွင် မြန်မာနိုင်ငံကို တရားစွဲမှု စတင်ကြားနာ

7DAY DAILY
သတင်းအဖွဲ့ 
Wednesday, December 11, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် ပထမနေ့ကြားနာမှု၌ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ပဥပဒေပညာရှင်များကို
ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ −နိုင်ငံတော်အတိုင်ပင်ခံရုံး)
 


■ ဂမ်ဘီယာရှေ့နေအဖွဲ့က ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့ အစီရင်ခံစာနှင့် မြန်မာ့လူ့အခွင့် အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်၏ အထောက်အထားများကို အဓိကကိုးကားတင်ပြ

■ ဒေါ်အောင်ဆန်းစုကြည် ကြားနာပွဲတက်၊ မြန်မာနိုင်ငံ၏ရှေ့နေအဖြစ် ပါမောက္ခ ဝီလျံရှာဘတ်စ်ကို ငှားရမ်းထား

■ မြန်မာနိုင်ငံတွင် ကျန်ရှိသော ဘင်္ဂါလီခြောက်သိန်းခန့်သည် ဂျီနိုဆိုက်အန္တရာယ်ကြုံနိုင်သဖြင့် ကာကွယ် တားဆီးရန်ဆိုကာ ကြားဖြတ်စီမံဆောင်ရွက်ချက်ချပေးရန် ဂမ်ဘီယာရှေ့နေအဖွဲ့က ICJ သို့လျှောက်ထား

Tuesday, December 10, 2019

ICJ မှာ မြန်မာအမှု စတင်ကြားနာ

VOA
 ဗွီအိုအေ (မြန်မာဌာန)
10 ဒီဇင်ဘာ၊ 2019 
သားညွန့်ဦး
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့ အမှုကို ဒီကနေ့ နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာ စတင်ကြားနာနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အဖွဲ့။

 မြန်မာနိုင်ငံဟာ လူမျိုးတုန်းသတ်ဖြတ်မှု တားမြစ်ရေးဆိုင်ရာနိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက် တယ်ဆိုတဲ့ စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ဒီနေ့ စတင် ကြားနာစစ်ဆေးပါတယ်။ တရားစွဲတင်တဲ့ ဂမ် ဘီ ယာနိုင်ငံ ကိုယ်စားလှယ်တွေကနေ တရားရုံးကို လျှောက်ထားရာမှာတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်တာတွေကို ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ရဲ့ အထောက်အထားတွေနဲ့ တင်ပြသလို၊ မြန်မာနိုင် ငံထဲ ကျန်ရှိနေတဲ့ ရိုဟင်ဂျာ ၆ သိန်းလောက်ဟာ နောက်ထပ် လူမျိုးတုန်းသတ်ဖြတ်ခံရမှု အန္တရာယ်ကြုံနေ တာမို့ ဒီအတွက် ကာကွယ်တားဆီးဖို့ ယာယီအစီအမံတခု ချပေးဖို့ ICJ တရားရုံးကို တင်ပြခဲ့ကြပါတယ်။ ကိုသားညွန့်ဦးက ဒီနေ့ ကြားနာမှုအကြောင်း အနှစ်ချုပ် တင်ပြပေးမှာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */