နေရိန်ကျော်
2019-11-12
ICJ ကုလသမဂ္ဂတရားရုံးက ခုံရုံးလူကြီးများ။ Photo: ICJ
"International Court of Justice (ICJ) ဆိုတာဘာလဲ"
International Court of Justice (ICJ) ဆိုတာ ကုလသမဂ္ဂရဲ့တရားရုံးဖြစ်ပြီး ကမ္ဘာ့တရားရုံးလို့လဲ သာမန် အား ဖြင့် ပြောလေ့ရှိပါတယ်။ ၁၉၄၅ ခုနှစ်မှာပေါ်ပေါက်ခဲ့တဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအရ တည်ထောင် ခဲ့ တာဖြစ်ပြီး ၁၉၄၆ ခုနှစ်ဧပြီလကစလို့ သက်ဝင်ခဲ့ပါတယ်။ ရုံးကိုတော့ နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့မှာ တည်ထားပါတယ်။ သူ့ရဲ့တာဝန်ကတော့ တနိုင်ငံနဲ့ တနိုင်ငံတရားစွဲကြတဲ့အခါမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေနဲ့အညီ တရား မျှတမှုရအောင် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ICJ ခုံရုံးမှာ နိုင်ငံတကာဥပဒေ ပညာ ရှင်တွေကို ခန့်ထားတာဖြစ်ပြီး၊ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌအပါအဝင် တရားသူကြီး ၁၅ ဦးကို ကုလသမဂ္ဂအထွေ ထွေ ညီလာခံနဲ့ လုံခြုံရေး ကောင်စီက နေ ၉ နှစ်တကြိမ် သက်တမ်းနဲ့ရွေးချယ်ခန့်အပ်တာဖြစ်ပါတယ်။