Moe Ma Ka အောင်ဒင်
(မိုးမခ) ဇွန် ၂၊ ၂၀၂၁
မျှော်လင့်ချက်များ
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုင်ရာ မူဝါဒတစ်ရပ်ကို မကြာခင် ထုတ်ပြန်ကြေညာတော့မယ် လို့ ကြားသိရပါတယ်။ ၂၀၂၁ ခုနှစ်၊ မြန်မာ့နွေဦးတော်လှန်ရေးကြီးရဲ့ ဦးဆောင်မှုတာဝန်ယူထားတဲ့ပြည်ထောင် စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရဲရဲရင့်ရင့် ဖျက်သိမ်းခဲ့ပြီး စစ်အာဏာရှင်စနစ်ကြီးကို အမြစ်ပြတ်ချေမှုန်းရေး ဦးတည်ဆောင် ရွက်နေတာမို့ ဒီခေါင်းဆောင်များက ပြဋ္ဌာန်းမယ့် "ရိုဟင်ဂျာ ဆိုင်ရာမူဝါဒ" ဟာ အရင်အစိုးရများထက် ရှင်း လင်းပြတ်သားပြီး အများလက်ခံနိုင်လိမ့်မယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိလိမ့်မယ်၊ ရိုဟင်ဂျာများ မြန်မာနိုင်ငံအတွင်းကို ယုံယုံကြည်ကြည် ပြန်လာရဲလောက်အောင် စည်းရုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။