Showing posts with label ရိုက်တာ. Show all posts
Showing posts with label ရိုက်တာ. Show all posts

Tuesday, May 7, 2019

အကျဉ်းသား ခြောက်ထောင်ကျော် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတဲ့အထဲ ရိုက်တာသတင်းထောက် နှစ်ဦးပါ

B B C
ဘီဘီစီ မြန်မာပိုင်း
7 မေ 2019

နိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၆၅၂၀ ဦးကို မေလ ၇ ရက်နေ့က သမ္မတကပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့လည်း ပါဝင်တာဖြစ်ပါတယ်။

Tuesday, April 23, 2019

ရိုက်တာသတင်းထောက်တွေကို လွှတ်ပေးဖို့ နိုင်ငံတ ကာအဖွဲ့အစည်းတွေ တောင်းဆို

RFA  
လွတ်လပ်တဲ့ အာရှအသံ
2019-04-22
                                          ရိုက်တာ သတင်းထောက် နှစ်ဦးကို ၂၀၁၈ ဇူလိုင်လ ၁၆ ရက်နေ့က ရုံးထုတ်ခဲ့စဉ်  

 ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ဦးနဲ့ ပတ်သက်ပြီး တရားလွှတ်တော် ချုပ်ရုံးအနေနဲ့ သူတို့ကို ပြစ်ဒဏ်ကနေ လွှတ်ပေးဖို့ ဆုံးဖြတ်သင့်တယ်လို့ နိုင်ငံတကာအရပ်ဘက်လေ့ လာစောင့်ကြည့်ရေး အဖွဲ့တွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။


RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။


Link : Here

Wednesday, April 17, 2019

ရိုက်တာသတင်းထောက်နှစ်ဦး သမ္မတလွတ်ငြိမ်းခွင့် မရ

VOA  
ဗွီအိုအေ (မြန်မာဌာန) 
17 ဧပြီ၊ 2019
ကိုဇော်ဝင်းလှိုင်
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ကိစ္စကို စုံစမ်းဖော်ထုတ်နိုင်ဖို့ ကြိုးစား လုပ်ဆောင်ခဲ့ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို သတင်းသမားတွေအတွက် အမြင့်ဆုံးဆု Pulitzer ဆုကို ချီးမြင့်ခံလိုက်ရပေမယ့် ဒီကနေ့ မြန်မာ နှစ်ဆန်းတရက်နေ့မှာ နိုင်ငံတော်သမ္မတရဲ့ လွတ် ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ သူတို့ ၂ ဦး ပါမလာပါဘူး။ သူတို့ ၂ ဦးရဲ့ မိ သား စုဝင်တွေကတော့ ဆုရတဲ့အတွက် ဝမ်းသာနေကြသလို သူတို့ အမြန် ပြန်လွတ်လာဖို့အတွက်လည်း မျှော်လင့် စောင့်ဆိုင်းနေကြပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Tuesday, February 5, 2019

ကန်အထက်လွှတ်တော်အဆိုပြုချက်မူကြမ်းအ ပေါ် မြန်မာသံအမတ်ကြီးတုန့်ပြန်



VOA 

ဗွီအိုအေမြန်မာပိုင်း 
February 05, 2019
အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း

ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ လူမျိုးတုန်းသတ်ဖြတ်မှု ဒါမှမဟုတ် လူ သားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု မြောက် မမြောက်ဆိုတာ ဆုံးဖြတ်ဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ကို ဖိအားပေး တိုက်တွန်းထားတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို ဇန်နဝါရီလ ၂၉ ရက်နေ့က ရီပါပ လင်ကန်နဲ့ ဒီမိုကရက် ပါတီနှစ်ခုပူးပေါင်းပြီး အမေရိကန်အထက်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

Friday, February 1, 2019

ရိုက်တာ သတင်းထောက်အမှု ပြင်ဆင်မှု အယူ ခံတင်

RFA 
လွတ်လပ်တဲ့အာရှအသံ
February 01, 2019
                                         ရိုက်တာ သတင်းထောက် နှစ်ဦးကို ၂၀၁၈၊ သြဂုတ်လ ၂၇ ရက်နေ့က အင်းစိန်တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်

  ထောင် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့အမှုကို ရန်ကုန်တိုင်း တရားလွှတ်တော် မှာ တင်ပြခဲ့တဲ့ အယူခံကို ပလပ်လိုက်တာကြောင့် နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ဒီကနေ့ ပြင်ဆင်မှု တင်လိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */