Showing posts with label ဟန်ဂေရီ. Show all posts
Showing posts with label ဟန်ဂေရီ. Show all posts

Monday, June 3, 2019

ဒေသတွင်းအိမ်စာ (Regional Homework)

Padauk Drum
2019 June 3

Photo by MTI/Miniszterelnöki Sajtóiroda
 
၂၀၁၉ ခုနှစ်၊ ဇွန်လပထမအတွင်း မြန်မာအစိုးရနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဥပရောပနိုင်ငံ နှစ်နိုင်ငံဖြစ်သော ချက်သမ္မတနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံများသို့ သွားရောက်ခဲ့သည်။ ချက် သမ္မတနိုင်ငံခရီးစဉ်သည် ချက်သမ္မတနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် တရားဝင် ခ ရီး စဉ်ဖြစ်ပြီး၊ ဟန်ဂေရီ ခရီးစဉ်မှာ အလုပ်သဘောခရီးစဉ်ဖြစ်သည်။ ဇွန်လ(၃)ရက်နေ့တွင် ချက်သမ္မတနိုင်ငံ Prague မြို့၌ တွေ့ဆုံအပြီး နှစ်နိုင်ငံချစ်ကြည်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်း မာရေး၊ ခရီးသွားလုပ်ငန်း စသည့်ကဏ္ဍရပ်များတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံအဆင့် မြင့် ခေါင်းဆောင်များ အပြန်အလှန်လည်ပတ်သွားလာရေး တိုးမြှင့်ဆောင်ရွက် သွားရန်တို့ကို နိုင်ငံတော်အ တိုင် ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ချက်သမ္မတနိုင်ငံခရီးစဉ်အပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ဟန်ဂေရီနိုင်ငံသို့ ခရီးဆက်သွားခဲ့ကြ ပြီး၊ ဇွန်လ(၅)ရက်နေ့က ဟန်ဂေရီဝန်ကြီးချုပ် Mr. Viktor Orban နှင့် ဘူဒါပတ်စ်မြို့၌ အလုပ်သဘောတွေ့ ဆုံဆွေးနွေးခဲ့သည်။ ဟန်ဂေရီဝန်ကြီးချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံအပြီးတွင် နှစ်ဘက်မှ သက် ဆိုင်ရာအစိုးရများအနေဖြင့် သတင်းထုတ်ပြန်ခဲ့ကြသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */