Showing posts with label မြန်မာကန့်ကွက်. Show all posts
Showing posts with label မြန်မာကန့်ကွက်. Show all posts

Saturday, July 25, 2020

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက စီးပွားရေး ကန့်သတ် ပိတ်ဆို့ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်းဆိုချက်ကို မြန်မာနိုင်ငံက ကန့်ကွက်

ELEVEN
25 JULY 2020
မင်းနိုင်စိုး

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက စီး ပွားရေးကန့်သတ်ပိတ်ဆို့ရန် မကြာသေးမီက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးဝန်ကြီးဌာန၏ တောင်းဆိုချက်အပေါ် မြန်မာနိုင်ငံက ကန့် ကွက်ကြောင်း ဇူလိုင် ၂၄ ရက်တွင် နိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအ မတ် ကြီး Mr. Manjurul Karim Khan Chowdhury ကို ဇူလိုင် ၂၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ခေါ်ယူတွေ့ဆုံ၍ ထိုသို့ ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာနက မကြာသေးမီက ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် မြန် မာနိုင်ငံအ ပေါ် နိုင်ငံတကာမှ စီးပွားရေးကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား ရေးဝန် ကြီး က ပန်ကြားခဲ့ကြောင်း ထည့်သွင်းထုတ်ပြန်ချက်အပေါ် စိတ်ပျက်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အ မြဲတမ်းအတွင်းဝန် ဦးစိုးဟန်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ သည်။

Thursday, November 7, 2019

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အပေါ် သံအမတ်ကြီးကို ဆင့်ခေါ်ကာ မြန်မာကန့်ကွက်

7Daily News
By ထက်အာကာကျော်
Tuesday, November 5, 2019


 ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို နေပြည်တော်သို့ ဆင့်ခေါ် ကန့်ကွက်ခဲ့သည်။

မြန်မာနိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်ဦးစိုးဟန်သည် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury ကို နိုဝင်ဘာ ၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ခေါ်ယူတွေ့ဆုံခဲ့ ကြောင်း အဆိုပါ ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */