Showing posts with label အမှုရင်ဆိုင်. Show all posts
Showing posts with label အမှုရင်ဆိုင်. Show all posts

Wednesday, November 20, 2019

ICJ အမှုကို တုံ့ပြန်ဖို့ သဟေ့ဂ်ကို ဒေါ်အောင်ဆန်းစုကြည် သွားမယ်

B B C
ဘီဘီစီ မြန်မာပိုင်း
20 နိုဝင်ဘာ2019
ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး ICJ မှာ ဂမ်ဘီယာက မြန်မာကို တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး နိုင်ငံ ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစီးဆောင်ရွက် မယ် ဆိုပြီး မြန်မာအစိုးရက နိုဝင်ဘာလ ၂ဝ ရက်စွဲနဲ့ ကြေညာပါတယ်။

ဂမ်ဘီယာတရားစွဲမှု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ရင် ဆိုင်မည်

လွတ်လပ်တဲ့အာရှအသံ ( RFA )
November 20,2019
 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။
 
■ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားဥပဒေအရအရေးယူဖို့ ဂမ်ဘီယာနိုင်ငံရဲ့ အမှုဖွင့်တိုင်ကြားချက်နဲ့ ပတ် သက်ပြီး ရင်ဆိုင်ဖြေရှင်းဖို့အတွက် နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့ကို နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ဦးဆောင်သွားရောက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြည်ထောင်စု ဝန် ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီးအနေနဲ့ သဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဦး စီး ဆောင်ရွက်မှာဖြစ်တယ် လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူများကိစ္စနဲ့ ပတ်သက်ပြီး အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ ဦးဆောင်တရားစွဲခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းဟာ အပြည်ပြည်ဆိုင် ရာ တရားရုံးရဲ့အဖွဲ့ဝင်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ အမှုဖွင့်တိုင်ကြားချက်ကို နယ်သာ လန် နိုင်ငံ သဟိဂ်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပထမဦးဆုံးအနေနဲ့ ကြားနာမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်မှာ တရားစွဲခံရတဲ့ မြန်မာဘက်က လျှောက်လဲချက်ကို ကြားနာမှာဖြစ်ပါတယ်။

Link : Here
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */