VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
27 ဇန္နဝါရီ၊ 2021
Bhasan Char ကျွန်းသို့ ရိုဟင်ဂျာဒုက္ခသည်များ ပြောင်းရွှေ့သည့် မြင်ကွင်း။ (ဒီဇင်ဘာ ၄၊ ၂၀၂၀) ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း တရားမျှတမှုတွေရဖို့ ဖော်ထုတ်တဲ့အခါမှာ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ ဒုက္ခ သည်တွေရဲ့အသံတွေကို နားထောင်ပေးကြဖို့နဲ့ နေရပ်ပြန်ရေး ဒုက္ခသည်တွေရဲ့သဘောထားတွေ ကို လည်း မေးပါလို့ ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်တဦးက တိုက်တွန်းလိုက်ပါတယ်။ အခုဆိုရင်ရိုဟင်ဂျာဒုက္ခသည် တွေဟာ နေရပ်ရင်းကိုလည်း ပြန်ခွင့်မရသေး စခန်းတွေထဲမှာလည်း နေထိုင်ရကျပ်တည်းခက်ခဲလာတဲ့အတွက် ပင်လယ်ထဲကကျွန်းဆီကို သွားကြဖို့ ဆုံးဖြတ်နေကြရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ အသေးစိတ်ကို VOA မြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြထားပါတယ်။