Showing posts with label ခေါ်ယူစစ်ဆေး. Show all posts
Showing posts with label ခေါ်ယူစစ်ဆေး. Show all posts

Tuesday, April 30, 2019

ရသေ့တောင် ကျောက်တန်းရွာသားများ နေ့လယ် ၁ နာရီကနေ ညဉ့်အချိန်ထိ ခေါ်ယူစစ်ဆေးခံနေရ

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၃၀/ ၂၀၁၉


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ရွာသားများကို စစ်တပ်က စာသင်ကျောင်း တွင် ခေါ်ယူစစ်ဆေးမှုရှိနေကြောင်း ကျေးရွာသားများက ယနေ့ ည ၉ နာရီကျော်က သတင်းပေးပို့သည်။

ကျောက်တန်းကျေးရွာမှ အမျိုးသမီး တစ်ဦးက “ အိမ်တိုင်းကို စစ်ဆေးတာရှိတယ်။ ၅ ယောက်စုပြီး စစ်ဆေး တာလည်းရှိတယ်။ စာသင်ကျောင်းမှာ ခေါ်ယူပြီး စစ်ဆေးတာလည်း ရှိတယ်။ ဒီကနေ့ နေ့လယ် ၁ နာရီက နေ အခု ည ၉ နာရီကျော်ထိ ခေါ်ယူစစ်ဆေးနေပါတယ်။ ထမင်းလည်း မစားကြသေးဘူး။ ထမင်းသွားပို့ရင် လည်း စစ်တပ်က မပို့ရဘူး” ဟု ပြောသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */