Showing posts with label မြန်မာ့လူ့အခွင့်အရေးကောင်စီ. Show all posts
Showing posts with label မြန်မာ့လူ့အခွင့်အရေးကောင်စီ. Show all posts

Tuesday, June 16, 2020

မြန်မာ့အရေး ဆုံးဖြတ်ချက် လူ့အခွင့်အရေးကောင်စီ အတည်ပြုဖို့ရှိ

VOA 
ဗွီအိုအေ (မြန်မာဌာန )
မခွာညို
16 ဇွန်၊ 2020
 ၄၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ ကို ကျင်းပနေ

၄၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံက ဒီသတင်းပတ်အကုန်မှာ မြန်မာ့အရေး ဆုံးဖြတ်ချက် အတည်ပြုဖို့ရှိနေပါတယ်။ဇွန်လ ၁၅ ရက်နေ့ တနင်္လာနေ့မှာ ညီလာခံကို ကန့်သတ်ချက်တွေ နဲ့ပြန်လည်စတင်ကျင်းပနေပါပြီ။ မတ်လထဲမှာ ကျင်းပရမယ့် အစည်းအဝေးတွေကို ကိုဗစ်-၁၉ကပ်ရော ဂါ ကြောင့် ရွှေ့ဆိုင်းခဲ့ပြီးမှ ပြန်လည်ကျင်းပတာပါ။ ပုံမှန်လို ကျင်းပရတာ မဟုတ်တဲ့ အစည်းအဝေးတွေမှာဘယ် လိုအကြောင်းတွေကို ဆွေး နွေး ဆုံးဖြတ်ကြဖို့ရှိသလဲဆိုတာ ကုလသမဂ္ဂ ဌာနချုပ်ရှိရာ ဂျနီဗာမြို့ကနေ Lisa Schlein ပေးပို့ထားတဲ့သတင်းလွှာကို အခြေခံပြီး မခွာညို ပြောပြပေးမှာပါ။

Thursday, September 26, 2019

မြန်မာ့အရေးဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေးကောင်စီ မဲခွဲအတည်ပြု

VOA
ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး
26 စက်တင်ဘာ၊ 2019
ဒီကနေ့ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာတော့ ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ မြန်မာနိုင်ငံတွင်း လူနည်းစုလူမျိုးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ အဆိုပြု ဆုံး ဖြတ်ချက်ကို မဲခွဲ အတည်ပြုခဲ့ပါတယ်။ မြန်မာအစိုးရကိုယ်စားလှယ်ဖက်ကတော့ ဒီ အဆိုပြုချက်ကို ကန့် ကွက်ခဲ့သလို၊ ဆုံးဖြတ်ချက်တွေဟာ တဖက်သပ်ဖြစ်တဲ့သတင်းအချက်အလက်တွေအပေါ် အခြေခံထား တယ်လို့ ချေပခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကိုသားညွန့်ဦး ပြောပြမှာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */