Showing posts with label လွိုင်ကော်. Show all posts
Showing posts with label လွိုင်ကော်. Show all posts

Saturday, February 16, 2019

ဆန္ဒပြပွဲ အင်အားသုံးဖြေရှင်းခဲ့တဲ့လုပ်ရပ် စုံစမ်းစစ် ဆေးဖို့ HRW တိုက်တွန်း

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-15
လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ် ပြန်လည်ရုပ်သိမ်းရေးအတွက် ဆန္ဒပြတောင်းဆိုသူများကို ၂ဝ၁၉ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
 
  ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ဘယ်သူတွေ တာဝန်ရှိသလဲဆိုတာကို အစိုးရက ချက်ခြင်း စုံစမ်းစစ် ဆေးသင့်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က မနေ့က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Tuesday, February 12, 2019

လွိုင်ကော်ဆန္ဒပြပွဲ ရာဘာကျည်သုံးဖြိုခွဲ



VOA 
February 12, 2019

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု လွိုင်ကော်မှာ စိုက်ထူတာကို ကန့်ကွက်တဲ့အနေနဲ့ ပြည်နယ်လုံးကျွတ် သပိတ်ပွဲကို ကရင်နီလူထုတွေက ဒီကနေ့ပြုလုပ်တာမှာ ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ နှိမ်နင်းခဲ့ပါတယ်။ ဒီလိုနှိမ်နင်းတာကြောင့် အရပ်သား အယောက် ၂၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိမှာတော့ အစိုးရ အဖွဲ့နဲ့ ဆန္ဒပြခေါင်းဆောင်အချို့တို့ ကြေးရုပ်ထားရှိရေးနဲ့ ပတ်သတ်လို့ တွေ့ဆုံညိနှိုင်းနေကြဆဲပါ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မေခက ပေးပို့ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */