Showing posts with label ကြားဖြတ်အမိန့်. Show all posts
Showing posts with label ကြားဖြတ်အမိန့်. Show all posts

Thursday, January 23, 2020

ရိုဟင်ဂျာအရေး မြန်မာနိုင်ငံအပေါ် ICJ ကြားဖြတ်အမိန့် ချမှတ်

လွတ်လပ်တဲ့အာရှအသံ( RFA ) 
ကျော်မင်းထွန်း
2020-01-23
နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။
(Photo: REUTERS/Eva Plevier)

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ် ဘီယာနိုင်ငံက တောင်းဆိုထားတဲ့အမှုကို ဒီနေ့ ICJ တရားရုံးက အမိန့်ချမှတ်ရာမှာ... မြန်မာနိုင်ငံဘက်က တင်ပြထားတဲ့ အချက်တွေကို ပယ်ချလိုက်ပြီး ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ ကြားဖြတ် စီမံဆောင် ရွက်ချက် ခြောက်ချက်ထဲက လေးချက်ကို ချမှတ်လိုက်ပါတယ်။ 
 

Wednesday, January 22, 2020

ICJ တရားရုံး ကြားဖြတ်အမိန့်နဲ့ သက်ရောက်မှုများ

လွတ်လပ်တဲ့အာရှအသံ ( RFA )
ဝေမာထွန်း
2020-01-21
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ICJ မှာ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ကို ၂၀၁၉၊ ဒီဇင်ဘာ ၁၁ရက် နေ့က ပြန်လည်ချေပစဉ်Photo: Myanmar State Counsellor Office

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားတာကို အပြည်ပြည်ဆိုင်ရာတရား ရုံး ICJ က လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ၃ နာရီခွဲမှာ ကြားဖြတ်အမိန့်တစ်ရပ်ချမှတ် မှာပါ။

Thursday, January 16, 2020

အစိုးရ ပြင်ဆင်ထားရမည့် အိုင်စီဂျေ၏ ကြားဖြတ်လုပ် ဆောင်မှုဆိုင်ရာ အမိန့်

မြန်မာတိုင်းမ်အပတ်စဉ်
ဉာဏ်လင်းအောင်
16 JAN 2020 
 အပြည်ပြည်ဆိုင်ရာတရားရုံးက ချမှတ်မည့် ကြားဖြတ်လုပ်ဆောင်မှုဆိုင်ရာအမိန့်သည် မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ကို ဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည် ။ ဓာတ်ပုံ • အီးပီအေ
 
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနောက်ဆက်တွဲ နယ်မြေ ရှင်းလင်းရေး လုပ်ငန်းစဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြုမူဆောင်ရွက်ချက်များသည် လူမျိုးတုံး သတ် ဖြတ်မှုကျူးလွန်ကြောင်းစွပ်စွဲချက် ကြားနာခြင်း၏ ကြားဖြတ်လုပ်ဆောင်မှုဆိုင်ရာအမိန့် (ProvisionalMeasures)  ကို ယခုလ ၂၃ ရက်တွင် အပြည်ပြည်ဆိုင်ရာတရားရုံးက ချမှတ်ရန်ရှိသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */