အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။
လွန်ခဲ့တဲ့ ၅ နှစ်တုန်းက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက မူဆလင်ရိုဟင်ဂျာလူနည်းစုတွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတဲ့အနေနဲ့ အကြမ်းဖက်နှိပ်ကွပ်တဲ့ စစ်ဆင်ရေးလုပ်ခဲ့ပါတယ်။ တချို့တိုက်ခိုက်မှုတွေက ၂၀၁၆ ခုနှစ်အောက်တိုဘာလနဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့တာပါ။ ဒုတိကအကြော့ တိုက်ခိုက် မှုကတော့ ၂၀၁၇ ခုနှစ်သြဂုတ်မှာ စတင်ခဲ့ပါတယ်။
