VOA
ဗွီအိုအေ (မြန်မာဌာန)
15 အောက်တိုဘာ၊ 2020
15 အောက်တိုဘာ၊ 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းမှာ ဆုတောင်းပွဲကျင်းပနေတဲ့ ရိုဟင်ဂျာများ။ (သြဂုတ် ၂၅၊ ၂၀၁၉)
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပသမဂ္ဂ (EU) နဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) တို့ ပူးပေါင်းပြီး ရိုဟင်ဂျာ အကျပ်အတည်း ဖြေရှင်းရေး အလှူရှင်များဆိုင်ရာ ညီလာခံကို ရှေ့အ ပတ်ထဲ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီညီလာခံကို ဗီဒီယိုကတဆင့် အောက်တိုဘာလ ၂၂ ရက်နေ့မှာ ပြုလုပ် သွားမှာ ဖြစ်ပြီး ရိုဟင်ဂျာတွေနဲ့အတူ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့ မြန်မာနိုင်ငံအတွင်း အိုးအိမ် စွန့်ခွာ ပြောင်းရွှေ့ နေထိုင်နေရသူတွေကို အကူအညီ တိုးမြှင့်ပေးဖို့ ကမ္ဘာ့နိုင်ငံ တွေကို တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။
