သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၂/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်နယ်ခြားစောင့်စခန်း သို့ လစာထုတ်ရန် သွားသည့် သဇင် မြိုင် နယ် ခြားစောင့် ရဲကင်းစခန်းမှ ရဲဝန်ထမ်း ၂ ဦးသည် ရက္ခိုင့်တပ်တော် (AA) အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံ လိုက်ရသည်ဟု ဒေသအတွင်း သတင်းများ ထွက်ပေါ်နေသည်။