ICC နိုင်ငံတကာရာဇဝတ်ခုံရုံးက အမေရိကန်စစ်တပ် တပ်သားတွေနဲ့ ထောက်လှမ်းရေးတွေရဲ့ လွန်ခဲ့တဲ့ ၁၈ နှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းရေးလုပ်ဆောင်စဉ် အမှားကျူးလွန်မှု ရှိမရှိ စုံစမ်း စစ်ဆေးနေတဲ့အတွက် ICC အရာရှိတွေကို သမ္မတဒေါ်နယ်ထရမ့်က ခရီးသွားနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ ပိတ်ပင် အရေးယူမှုတွေ ကြာသပတေးနေ့မှာ ချမှတ်လိုက်ပါတယ်။
