ဉာဏ်လင်းအောင်
16 JAN 2020
အပြည်ပြည်ဆိုင်ရာတရားရုံးက ချမှတ်မည့် ကြားဖြတ်လုပ်ဆောင်မှုဆိုင်ရာအမိန့်သည် မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ကို ဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည် ။ ဓာတ်ပုံ • အီးပီအေ
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနောက်ဆက်တွဲ နယ်မြေ ရှင်းလင်းရေး လုပ်ငန်းစဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြုမူဆောင်ရွက်ချက်များသည် လူမျိုးတုံး သတ် ဖြတ်မှုကျူးလွန်ကြောင်းစွပ်စွဲချက် ကြားနာခြင်း၏ ကြားဖြတ်လုပ်ဆောင်မှုဆိုင်ရာအမိန့် (ProvisionalMeasures) ကို ယခုလ ၂၃ ရက်တွင် အပြည်ပြည်ဆိုင်ရာတရားရုံးက ချမှတ်ရန်ရှိသည်။
