Tuesday, September 9, 2025

မြန်မာ့အခြေအနေအရပ်ရပ်ကို ICC ထံ လွှဲအပ်ဖို့ လုံခြုံရေးကောင်စီကို ကုလမဟာမင်းကြီး တိုက်တွန်း

BBC
၉ စက်တင်ဘာ ၂၀၂၅

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်တာ တာ့ခ်

မြန်မာက အခြေအနေအရပ်ရပ်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC)ကို လွှဲအပ်ဖို့ ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်တာ တာ့ခ် (Volker Türk)က ကုလသမဂ္ဂလုံခြုံရေးကောင် စီကို တိုက်တွန်းလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ စက်တင်ဘာ ၈ ရက်က ကျင်းပတဲ့ အကြိမ် ၆၀ မြောက် ကုလလူအခွင့်အ ရေး ကောင်စီအစည်းအဝေးမှာ သူက အခုလို တိုက်တွန်းလိုက်တာပါ။

ICC ရှေ့နေချုပ်က စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လူသားမျိုးနွယ်အပေါ်ကျူး လွန်တဲ့ ရာဇဝတ်မှုအတွက် ဖမ်းဝရမ်းလျှောက်ထားချက်ကိုလည်း ထောက်ခံအားပေးတယ်လို့ မဟာမင်းကြီးက ဆိုပါတယ်။

မနေ့ကပြုလုပ်တဲ့အစည်းအဝေးမှာ ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်တာ တာ့ခ် နဲ့ မြန် မာ နိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နစ်ကိုလက် ခွန်ဂျန်တို့က မြန်မာမှာ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတယ်လို့ ထောက်ပြပြောဆိုပါတယ်။

OHCHR ရဲ့အချက်အလက်အရ မြန်မာမှာ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၇,၀၀၀ အသတ်ခံရသလို နောက်ထပ် အယောက် ၃၀,၀၀၀ လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မဟာမင်းကြီးက ဆိုပါတယ်။

“သြဂုတ်တစ်လ တည်းမှာပဲ အရပ်သား ၂၇၇ ယောက်သေဆုံးခဲ့ရတယ်။ စစ်တပ်က စစ်ကြောင်းတွေ ပြန်ထိုးနေပြီး ရွာတွေကို မီးရှို့တာ၊ အဓမ္မ ခေါ်ဆောင်တာနဲ့ စစ်သားစုဆောင်းတာတွေ လုပ်နေတယ်” လို့ သူက ပြောပါတယ်။

IIMM ကလည်း မြန်မာက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် မျက်မြင်သက်သေပေါင်း ၆၀၀ ကျော် အပါအဝင် သတင်းပေး အရင်းအမြစ်ပေါင်း ၁,၃၀၀ ကျော်ဆီက အထောက်အထားတွေကို စုဆောင်းခဲ့ပြီး စိစစ်သုံးသပ်ချက်တွေ ပြုလုပ်ခဲ့တယ်လို့ ယန္တရားရဲ့အကြီးအကဲ နစ်ကိုလက်စ် ခွန်ဂျန်က ဆိုပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်မှာ ပါတဲ့အတိုင်း အာဆီယံနဲ့ လူ့အခွင့်အရေးကောင်စီက မြန် မာ နိုင်ငံရဲ့ အကြမ်းဖက်မှုများ ရပ်တန့်ဖို့ တောင်းဆိုထားပေမဲ့ အကြမ်းဖက်မှုတွေက တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတယ်လို့ သူက ပြောပါတယ်။

“ရာဇဝတ်မှုတွေကို လျစ်လျူရှုထားပြီး အပြစ်ပေး အရေးမယူရင်၊ ကျူးလွန်သူများက နောက်ထပ် ရက်စက်ကြမ်းကြုတ်တဲ့ကျူးလွန်မှုတွေ လုပ်ဖို့ ပိုအတင့်ရဲလာမှာဖြစ်ပါတယ်။ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ သံသရာကို အဆုံးသတ်ဖို့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ နိုင်ငံရေးဆန္ဒ ရှိရပါမယ်” လို့ နစ်ကိုလက်စ် ခွန်ဂျန်က ဆိုပါတယ်။

နိုင်ငံရေးအတိုက်အခံလို့ ယူဆသူတွေကို အခြေခံလိုက်နာရမယ့်ဥပဒေလုပ်ထုံးလုပ်နည်းတွေ မပါဘဲ လူထောင်ချီပြီး စစ်တပ်က ဖမ်းဆီးတာ၊ ထိန်းသိမ်းထားသူတွေကို ရိုက်နှက်တာ၊ အုပ်စုလိုက် မုဒိမ်းကျင့်တာ၊ တခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ စနစ်တကျ ညှဉ်းပန်းနှိပ်စက်တဲ့အထောက်အထား တွေကို ယန္တရားက စုဆောင်း ရရှိထားတယ်လို့ IIMM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

IIMM က ကောက်ယူရရှိတဲ့အချက်အလက်တွေကို ICC၊ ICJ နဲ့ အာဂျင်တီးနား ဖက်ဒရယ်တရားရုံးအပြင် ဗြိတိန်နိုင်ငံနဲ့ တခြားစီရင်ရိုခွင့်ရ အာဏာပိုင်တွေရဲ့ သီးခြားတောင်းဆိုတဲ့အချက်အလက်တွေကိုလည်း ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */