Showing posts with label ရခိုင်ပြည်နယ်နေ့. Show all posts
Showing posts with label ရခိုင်ပြည်နယ်နေ့. Show all posts

Wednesday, August 27, 2025

ရခိုင်ပြည်နယ်နေ့ ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း

ရခိုင်ပြည်နယ်နေ့ ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း 

၁၉၄၈-ခုနှစ် ဇန်နဝါရီ (၄) ရက်နေ့တွင် အင်္ဂလိပ်လက်အောက်မှ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိခဲ့သည်။ အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသောအခါ ရှေးအခါက သီးသန့်တိုင်းပြည်များဖြင့် နေထိုင်ခဲ့သော မွန်၊ ရခိုင်၊ ရှမ်း စသည့်ဒေသအားလုံးကို မြန်မာ နိုင်ငံဆိုတဲ့ အင်ပါယာထဲမှာ အတူတူပေါင်းထည့် လိုက်လေတော့သည်။

နောက်ပိုင်းမှာတော့ ကရင်၊ ရှမ်းလူမျိုးတို့ကို ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် စသည်ဟု သတ်မှတ် ပေးလိုက်သော်လည်း မွန် နှင့် ရခိုင် တို့ကို မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်ဟု သတ်မှတ်မပေးခဲ့ဘဲ မွန်တိုင်း ရခိုင်တိုင်း ဆိုပြီး ဗမာပြည်၏ လက်အောက်တွင် ၁၉၄၈-ခုနှစ်မှ ၁၉၇၅-ခုနှစ်ထိ ထိန်းချုပ်ထားခဲ့ကြလေသည်။ အကြောင်းပြချက်ကတော့ ဗမာ၊ မွန် နဲ့ ရခိုင်တို့ဟာ စာပေ၊ ယဉ်ကျေးမူ၊ ကိုးကွယ်ရာ ဘာသာလည်းတူသည် ဟူသတည်း။ ဒါကြောင့် ဗမာ၊ မွန်၊ ရခိုင်တို့ဟာ လူမျိုးတူတွေပဲ ဆိုပြီးအကြောင်းပြချက်ပေးခဲ့ကြ လေသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */