Showing posts with label ဗြိတိန်ဆိုင်ရာ. Show all posts
Showing posts with label ဗြိတိန်ဆိုင်ရာ. Show all posts

Wednesday, March 10, 2021

ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီးကို စစ်ကောင်စီက ပြန် ခေါ်

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
10 မတ်၊ 2021
ဗြိတိန်ဆိုင်ရာ မြန်မာသံရုံး

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို လွှတ်ပေးရေး တနလာၤနေ့က ကြေညာချက် ထုတ်ခဲ့တဲ့ ဗြိတိန်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စွာမင်းကို မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးထံ ပြောင်းရွှေ့မိန့် ထုတ်ပြန်ကြောင်း မြန်မာ စစ်တပ်ရဲ့ မြဝတီ ရုပ်သံက အင်္ဂါနေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။

“သံအမတ်ကြီး ဦးကျော်စွာမင်းသည် ပေးအပ်ထားသည့် တာဝန်ဝတ္တရားများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အတွက် ၎င်းအား ယနေ့ ၉ ရက် ၃ လ ၂၀၂၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့မိန့် ထုတ်ပြန်လျက် ခေါ်ယူထားပြီး ဖြစ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။


ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း

ဗြိတိန်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စွာမင်းက သံအမတ်ကြီး အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ခန့်အပ်ထားတာ ဖြစ်သလို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုကို ခံယူဆဲ ဖြစ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့တာပါ။ အာဏာ သိမ်း စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီဘက်ကတော့ သံအမတ်ကြီးက သူ့သဘောနဲ့သူ ကြေညာတာသာဖြစ်ကြောင်း ဖော်ပြထားတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်ကို စစ်တပ်ပိုင် မြဝတီ ရုပ်သံမှာ ဖတ်ပြသွားပါတယ်။

ဗြိတိန်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စွာမင်း ဘက်ကတော့ ဒီအပေါ် တုံ့ပြန် ပြောဆိုတာ မရှိသေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်ကို ဆက်လက်ခံယူဆဲ ဖြစ်ကြောင်း တနင်္လာနေ့က သံအမတ်ကြီး ဦးကျော်စွာမင်း ကြေညာခဲ့တဲ့ ကိစ္စကိုတော့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Dominic Rabb က သတ္တိပြောင်မြောက်တဲ့ လုပ်ရပ် အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

တချိန်တည်းမှာဘဲ နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို အရပ်ဝတ် လူ ၆ ဦးက ရုံးချုပ်ထိလာဖမ်းသွားကြောင်း မျက်မြင်တွေ့သူက ဗွီအိုအေကို ပြောပါတယ်။ တရုတ် ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ ဆွေးနွေးမှု ပေါက်ကြားမှု သံသယနဲ့ ဖမ်းဆီးတာ ဖြစ်နိုင်ကြောင်းလည်း ခန့်မှန်းပြောဆိုပါတယ်။

 
 Link : Here
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */