" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, January 6, 2020

ရခိုင်ပြည်နယ် စစ်ဘေးရှောင်များအတွက် အိန္ဒိယက ကူညီ ထောက်ပံ့သည့်ပစ္စည်းများ ပထမအသုတ်ရောက်ရှိ

မြန်မာတိုင်းမ်နေ့စဉ်
ယဉ်ပပထွန်း
06 JAN 2020
စစ်ဘေးရှောင် ပြည်သူလူထုအတွက် အိန္ဒိယအစိုးရကကူညီပေးသည့် အစားအသောက်များ စစ်တွေဆိပ်ကမ်းသို့ ရောက်ရှိလာစဉ်။ဓာတ်ပုံ - ရဲမင်းဦး

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ များကြောင့် စစ်ဘေးရှောင် ပြည်သူလူထုအတွက် အိန္ဒိယအစိုးရက ကူညီပေးသည့် အစားအသောက်များ ဇန်နဝါရီ ၅ ရက်က စစ်တွေ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန(စစ်တွေ)မှ သိရသည်။

အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားဆိပ်ကမ်းမှ ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ရောက်ရှိပြီး ထိုမှတစ်ဆင့်ရခိုင်ပြည် နယ် စစ်တွေမြို့သို့ ပထမအသုတ်အနေဖြင့် ရောက်ရှိလာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ပထမအသုတ် အ နေဖြင့် တာပေါ်လင်စ ပေ ၂ဝဝဝဝ၊ ဆန်အိတ် ၂ဝဝဝဝ နှင့် ပဲပုပ်ဆီ ၃၉၇၆၂ ဘူးတို့ ရောက် ရှိလာခဲ့ခြင်း ဖြစ် သည်။

''ဒုတိယအသုတ်ကတော့ ရန်ကုန်ကနေပြီး ထွက်ခွာလာနေပါပြီ။ ဘယ်နေ့ရောက်မယ်ဆိုတာကတော့ မသိရ သေးပါဘူး''ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန(စစ်တွေ)မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

ဒုတိယအသုတ်အနေဖြင့် ခေါက်ဆွဲ၊ ကုလားပဲ၊ စားတော်ပဲ၊ ငရုတ်သီးမှုန့်၊ ဆားစသည်တို့ရောက်ရှိမည်ဖြစ်ပြီး ယင်း ပစ္စည်းများကို ပြည်စုံစွာ စနစ်တကျလက်ခံရယူပြီးသည်နှင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများထံ ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */