Showing posts with label လူ့အခွင့်အရေးပြသနာ. Show all posts
Showing posts with label လူ့အခွင့်အရေးပြသနာ. Show all posts

Monday, July 27, 2020

ရခိုင်ဒေသ တိုက်ပွဲလျော့နည်းလာသော်လည်း လူ့အခွင့် အရေးပြဿနာပိုများလာဟုဆို

7DAY NEWS
အောင်ခိုင် 
July 27, 2020

ဇူလိုင်လပထမနှစ် ပတ်တာကာလအတွင်း ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်တွင် လူ့အခွင့်အရေးနှင့်စပ်လျဉ်း သည့် ပြဿနာ ၂၁ ခု ဖြစ်ပွားခဲ့ပြီး အ ကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ဖြင့် ၁၂ ဦးအမှုဖွင့်ခံရကြောင်း ပြည် တွင်းလက်နက်ကိုင် ပဋိပက္ခ စောင့်ကြည့်လေ့လာသည့် Burma Monitor ၏ အချက်အလက် များတွင် ဖော် ပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ လဝက် တာကာလအတွင်း ရခိုင်ပြည် နယ်တွင် တိုက်ပွဲသိသိသာသာ လျော့နည်းခဲ့ပြီး လူ့အခွင့် အရေး ဆိုင်ရာ ချိုးဖောက်မှုများ ပိုမိုများ ပြားလာခဲ့သည်ဟု Burma Monitor ကဆိုသည်။ ဇူလိုင် ၁ ရက်မှ ၁၅ ရက်အတွင်း ရခိုင် ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှကျေးရွာ၊ ရသေ့တောင် မြို့နယ်ရှိ ကိုးတန်ကောက် ရွာနှင့် ချိန်ခါလီကျေးရွာတို့တွင် တပ်မ တော်နှင့်ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွား ခဲ့သည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် လက် နက်ကြီးကျည် (အမြောက်ဆန်) ကျရောက်ပေါက်ကွဲခြင်း၊ ပစ် ခတ်ခြင်းတို့ကြောင့် ဒေသခံအမျိုး သားနှစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ အမျိုးသားသုံးဦး၊ အမျိုးသမီးလေးဦးနှင့် က လေး ငယ်နှစ်ဦး ဒဏ်ရာရရှိကာ ဒေသခံ ခုနစ်ဦးဖမ်းဆီးခံခဲ့ရသည်။ ယခု လတွင် ရသေ့တောင်မြို့ပေါ်အနီး ကားလမ်းဘေးရှိ အဝင်၊အ ထွက်လွယ်ကူသည့် ရွာများ၊ နေ ရာများ၌သာ ပစ်ခတ်မှုများ ဖြစ် ပွားခဲ့သည်ဟု ဖော်ပြသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */