" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, February 26, 2021

ပင်လယ်ထဲမျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည် သင်္ဘော အိန္ဒိယ ကူညီ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
26 ဖေဖော်ဝါရီ၊ 2021
အင်ဒိုနီးရှားမှာ ကယ်ဆယ်လိုက်ရတဲ့ ရိုဟင်ဂျာလှေတစီး - 2020 (ဓာတ်ပုံ-AP)
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ် ဘဇား ကနေ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ထွက်ခွါပြီး ကပ္ပလီပင်လယ်ပြင် (Andaman Sea) ထဲမှာ မျောနေတဲ့ သဘောၤတစင်းကို အိန္ဒိယကမ်းရိုးတန်းစောင့်တပ်က အကူအညီတွေ ပေးနေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Anurag Srivastava က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

သဘောၤပေါ်မှာ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၉၀ ပါလာတာဖြစ်ပြီး ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ သေ ဘာၤ စက်ပျက်ခဲ့တာ ဖြစ်သလို သင်္ဘောပေါ်မှာ သေဆုံးနေသူ ၈ ဦးကိုပါ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

" ၂၀၂၁ ဖေဖေါ်ဝါရီ ၁၁ ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောစ်ဘဇားကနေ မိန်းကလေးငယ် ၈ ဦးအပါအဝင် အမျိုး သမီး ၆၄ ဦး၊ ယောင်္ကျားလေးငယ် ၅ ဦး အပါအဝင် အမျိုးသား ၂၆ ဦး လိုက်ပါတဲ့ သင်္ဘောဟာ ဖေဖေါ် ဝါရီလ ၁၅ ရက်မှာ စက်ချို့ယွင်းပြီး ပင်လယ်ထဲမှာ မျောနေတာတွေ့ရပါတယ်။ အဲဒီအချိန်ကတည်းက သေ င်္ဘာပေါ်မှာ သေ ဆုံးသူ ၈ ဦးနဲ့ ပျောက်ဆုံးသူ ၁ ဦး ရှိခဲ့ပြီး အခြေနေ သိပ်ဆိုးနေတာ တွေ့ရတဲ့ အတွက် ကမ်းခြေစောင့်တပ်ကို ကျနော်တို့ ချက်ချင်း စေလွှတ်ပြီး အစားအစာ၊ ရေနဲ့ ဆေးဝါး အကူညီတွေ ပေးခဲ့တာ ဖြစ်ပြီး အဲဒီထဲက ၇ ဦးကိုတော့ IV ဆေးရည်ပါ သွင်းပေးခဲ့ရတယ်" လို့ ပြောသွားတာပါ။

ဒါ့အပြင် ဒီသင်္ဘော ပေါ်ပါ လူ ၄၇ ယောက်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ထုတ်ပေးထားတဲ့ မှတ်ပုံတင်ကပ်တွေ ရှိကြောင်းနဲ့ သူတို့ဟာ မြန်မာနိုင်ငံကနေလာတဲ့ ရွှေ့ပြောင်းအခြေချသူတွေ ဖြစ်ကြောင်းပြောပါတယ်။

ဒီဒုက္ခသည်တွေကို ကူညီဖို့ အိန္ဒိယအစိုးရက ကမ်းရိုးတန်းစောင့် သင်္ဘော ၂ စင်းကို စေလွှတ်ခဲ့သလို ဒီဒုက္ခသည်တွေ ဘေးကင်း လုံခြုံစွာ ပြန်နိုင်ရေးအတွက်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဆွေးနွေးနေကြောင်း ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */