" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 3, 2019

အာဆီယံကုန်သွယ်ဆွေးနွေးပွဲမှာ အိန္ဒိယကစိုးရိမ်ပေမယ့် သြစီက အကောင်းမြင်နေ

SBS မြန်မာ
03 November 2019
ASEAN leaders shake hands during the opening ceremony of the 35th Association of Southeast Asian Nations (ASEAN) Summit in Bangkok. Source: AFP

အရှေ့တောင်အာရှ အသင်းဝင် နိုင်ငံတွေနဲ့ တချို့နိုင်ငံတွေ စုဝေကြတဲ့ စီးပွားရေးဆိုင်ရာ ညီလာခံ Regional Comprehensive Economic Partnership (RCEP)နဲ့ ပတ်သက်ပြီး အမြင်တွေ ကွဲပြားနေကြပါတယ်။

အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha ကတော့ ဒီဆွေးနွေးညှိနှိုင်းချက်ကို အပြီး သတ်နိုင်အောင် ဒီနှစ်အတွင်း ဆက်လက်လုပ်ဆောင်နိုင်ရင် စီးပွားရေး ဖွံ့ဖြိုးမှု၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံ ရေးတွေ ပိုကောင်းလာနိုင်တယ်လို့ အဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။
တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးစစ်ကြောင့် ကမ္ဘာ့စီးပွားရေးဟာ ၅ နှစ်အတွင်း အနိမ့်ဆုံးအဆင့် ရောက်ရှိနေပါတယ်။

အာဆီယံအသင်းဝင်တွေအနေနဲ့ RCEP ခိုင်မာတဲ့ စီးပွားပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်မှ ရမယ်လို့ ဖိလစ်ပိုင်နိုင်ငံ ခေါင်းဆောင် Rodrigo Duterte ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ပြောဆိုထားပါတယ်။

သြစတြေးလျ ကုန်သွယ်ရေးဝန်ကြီး Simon Birminghamကလည်း ဘန်ကောက်မြို့ကို ရောက်နေပြီး လာ မယ့်နှစ်ကြရင် အာဆီယံအသင်းဝင်တွေနဲ့ ကုန်သွယ်ရေး သဘောတူညီမှုတွေ ရယူနိုင်လိမ့်မယ်လို့ အ ကောင်းမြင်နေပါတယ်။
Australian Trade Minister Simon Birmingham is hopeful of a regional free trade deal being struck in the new year.AAP
သြစတြေးလျအနေနဲ့ အာဆီယံအသင်းဝင်နိုင်ငံတွေနဲ့ ကုန်သွယ်ရေးသဘောတူညီမှု ရဖို့ မျှော်ကိုး လုပ်ဆောင်လာတာဖြစ်ပြီး အဲဒီ သဘောတူညီမှုဟာ သြစတြေးလျအတွက် တင်ပို့ရောင်းချရေးမှာ အခွင့်အရေးပိုရစေနိုင်သလို သြစတြေးလျနိုင်ငံသားတွေအတွက်လည်း အလုပ်အကိုင်တွေ ပိုရရှိစေမယ်လို့ ပြောဆိုလိုက် ပါတယ်။

ဒါပေမဲ့ အိန္ဒိယ ကတော့ ကုန်သွယ်ရေးသဘောတူညီချက်က တရုတ်နိုင်ငံရဲ့ သွင်းကုန် စီးဆင်းမှု အဆမတန်များပြားလာမှာကို စိုးရိမ်နေပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ကလည်း RCEP ညီလာခံရဲ့ ပြောဆိုမှုတွေကို ကြိုက်နှစ်သက်ပေမယ့် သူတို့နိုင်ငံအတွက်လည်း အကြိုးရှိစေမယ့် သဘောတူညီချက်မျိုး ရယူလိုတယ်လို့ ဘန်ကောက်ပို့စ်နဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

တချို့နိုင်ငံတွေကတော့ အိန္ဒိယ ရဲ့ သဘောတူညီမှု မရလို့ အိန္ဒိယကို ချန်ထားဖို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ စက်မှုကုန်သွယ်ရေးရာ ဝန်ကြီး Jurin Laksanawisit ကတော့ အိန္ဒိယအနေနဲ့ ဒီဆွေးနွေးပွဲကနေ ရုပ်သိမ်းလိုက်တာမျိုး မရှိသလို RCEP ဆွေးနွေးမှုလည်း ကောင်းမွန်တယ်လို့ ရိုက်တာ သတင်း ကို ပြောပြထားပါတယ်။

ရိုက်တာကနေ တွေ့ရှိထားတဲ့ အာဆီယံ ညီလာခံရဲ့ ထုတ်ပြန်ချက် မူကြမ်းအရ အာဆီယံ ခေါင်းဆောင်တွေက ကုန်သွယ်ရေး တင်းမာမှုတွေအပေါ် စိုးရိမ်မကင်းဖြစ်နေကြသလို ကိုယ့်နိုင်ငံအရေးကိုသာ ကာ ကွယ် လုပ်ဆောင်နေကြတဲ့ အချက်နဲ့ globalisation ကို ဆန့်ကျင်နေတဲ့ လုပ်ရပ်တွေအပေါ် စိုးရိမ်မကင်း ကြောင်း ပြောဆိုမယ့် အနေအထားရှိနေတယ်လို့ ဆိုပါတယ်။

အမေရိကန်ကလည်း နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင်မသွားပဲ ပိုအဆင့်နှိမ့်တဲ့ ကိုယ်စားလှယ် စေလွှတ်တာကို ကြည်ပြီး အမေရိကန်အနေနဲ့ စိတ်ဝင်စားမှုနည်းသွားပြီလား၊ တရုတ်နဲ့ အားမပြိုင်တော့ဘူးလား ဆိုတဲ့ မေးခွန်းတွေ မေးနေကြပါတယ်။
Leaders come together at the opening ceremony of the 35th Association of Southeast Asian Nations (ASEAN) Summit in Bangkok.AFP
 
အမေရိကန်က သမ`မတတွေ မပါပဲ စက်မှု ကုန်သွယ်ရေးဝန်ကြီး Wilbur Ross နဲ့ အိမ်ဖြူတော်ရဲ့လုံခြုံရေးအကြံ ပေး Robert O'Brien တို့ကသာ ကိုယ်စားလှယ်အဖြစ် တက်ရောက်မှာ ဖြစ်ပါတယ်။

တရုတ်ဖက်ကတော့ တရုတ်သမ`မတ Li Keqiang ကိုယ်တိုင်တက်ရောက်ပြီး အာဆီယံအသင်းဝင်ခေါင်းဆောင် တွေနဲ့ တွေ့ဆုံခဲ့သလို တရုတ်အနေနဲ့ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဒေသတွင်းက နိုင်ငံတွေနဲ့ ရေရှည်ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတွေ ပူးပေါင်းလုပ်ဆောင်ဖို့ အသင့်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */