ဗွီအိုအေမြန်မာပိုင်း
နိုင်ကွန်းအိန်
၁၇ ဇန်နဝါရီ၊ ၂၀၁၉
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဗုဒ္ဓဟူးနေ့က မြန်မာ့တပ်မတော်နဲ့ ရခိုင် လူမျိုးစု လက်နက် ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပြီး AA ရဲ့ ယာယီစခန်းငယ်တခုကို သိမ်းဆည်းရမိတယ်ဆိုတဲ့ တပ်မ တော်ရဲ့ထုတ်ပြန်ချက်ကို AA ဘက်က ငြင်းပါတယ်။ ဒါ့အပြင် တနင်္ဂနွေနေ့က ဖုန်ညိုလိပ်ရွာ တိုက်ပွဲအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်ပြီးတော့ လည်း နှစ်ဘက်ကြား အပြန်အလှန် စွပ်စွဲတာတွေ ရှိထားပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။


