Wednesday, May 20, 2020

Amphan မုန်တိုင်းကြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ကုန်း တွင်းပိုင်း စတင်ဝင်ရောက်

VOA 
ဗွီအိုအေ (မြန်မာဌာန)
20 မေ၊ 2020
ကိုမိုးဇော်
အိန္ဒိယနိုင်ငံအရှေ့ပိုင်း Orissa ပြည်နယ် Bhadrak မှာ Amphan ဆိုင်ကလုန်း မုန်တိုင်းမတိုက်ခတ်စဉ် မိုးစတင်ရွာသွန်းနေတဲ့ မြင်ကွင်း (မေ ၂၀၊ ၂၀၂၀)

Amphan ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့ ညနေ ၃ နာရီခွဲလာက်မှာ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်နေပြီး မုန်တိုင်းဗဟိုကုန်းတွင်းပိုင်းကို ဖြတ်သန်းတဲ့ နောက်ပိုင်းမှာ အလွန့်အလွန်အားကောင်းတဲ့ မုန်တိုင်းကနေ အားလျော့ကျသွားဖွယ်ရှိပေမဲ့ ကုန်းတွင်းပိုင်း မုန်တိုင်းအဖြစ် ဆက်လက်တည်ရှိနေနိုင်တဲ့ သတင်းကို ဗွီအို အေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။
အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Amphan ဟာ မူလ ခန့်မှန်းထားတဲ့ လမ်းကြောင်း အ တိုင်း အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားကနေ ဒီနေ့ ညနေပိုင်းမှာ ကမ်း ခြေကို စတင်ဝင်ရောက်နေပြီလို့ မိုးလေဝသနဲ့ ဇလဗေဒဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
 
 
“မုန်တိုင်းရဲ့ ဒီ ရှေ့ပိုင်းတိမ်တိုက်တွေကတော့ ကမ်းကို စပြီးဖြတ်နေပြီပေါ့နော်။ ၃ နာရီခွဲကျော် ကျော် လောက် က စပြီးဖြတ်တယ်။ ဗဟိုချက်ကတော့ ၄ နာရီခွဲ၊ ၅ နာရီ၊ ၅ နာရီခွဲ လောက်မှာ အဲဒီ ကြားထဲမှာ ဖြတ်နိုင်တယ်လို့ ခန့်မှန်းရတယ်ပေါ့နော်။ အခုကတော့ ၁၁၀ လောက်နဲ့ ကမ်းကို ဖြတ်နေတယ်ပေါ့နော်။ ပြီးသွားရင်တော့ သူက ညနေလောက်ကျရင်တော့ Very Severe Cyclonic Storm ကနေပြီးတော့ Severe Cyclonic Storm လောက်ကို နောက် တစ်နာရီလောက်ဆိုရင်တော့ ကမ်းကိုဖြတ်နေပြီဆိုတော့ အားတော့ ကျလာမယ်။ အားတော့ လျော့နေပြီပေါ့။ သူက ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်ပြီးတော့ ရွှေ့သွားအုံးမယ့် အနေအထားမျိုးတော့ ရှိပါတယ်။”

ဆိုင်ကလုန်းမုန်တိုင်း Amphan ဟာ ဒီလ ၁၈ ရက်နေ့က စူပါဆိုင်ကလုန်းမုန်တိုင်း အဆင့်ထိ ပြင်းအားမြင့် တက်ခဲ့ရာက ဒီညနေမှာတော့ အားကောင်းတဲ့ မုန်တိုင်းအဖြစ်ကို ပြောင်းလဲလာတာဖြစ်ပါတယ်။


မုန်တိုင်းက ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် ရခိုင်ကမ်းရိုးတမ်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက် လေပြင်းတိုက်ခိုက်နိုင်ကြောင်းနဲ့ မိုးသက်လေပြင်းတိုက်ချိန်မှာ ၄၅ မိုင်အထိ ရှိနိုင်ကြောင်း ဒေါက်တာ ကျော် မိုးဦးက ဆက်ပြောပါတယ်။

“သူကနေ ပြတ်ထွက်သွားတဲ့ တိမ်တိုက်တွေကြောင့် ကျနော်တို့ ဘက်ကထဲမှာ မိုးရမယ်။ နောက် ကျနော်တို့ ပင်လယ်ပြင်ပေါ့။ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာတော့ မုန်တိုင်းရဲ့ အရှိန်ရှိသေး တယ်။ မုန်တိုင်းရဲ့ အရှိန်ကြောင့် မို့တော့ ကမ်းရိုးတမ်းတွေမှာလည်း လေတိုက်နှုန်းက ပုံမှန်ဆိုရင်တော့ ၃၅ မိုင် ၄၀ လောက်ရှိတယ်။ ဒီ Gust Wind အနေနဲ့ သွားမယ်ဆိုရင် ၄၅ မိုင်လောက်ရှိတယ်ပေါ့နော်။”

မိုးသက်လေပြင်းကျစဉ်မှာ ရခိုင်နဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ မိုးသက်လေပြင်းကျစဉ် လှိုင်းအမြင့်ဟာ ၁၀ ပေ က ၁၆ ပေအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသလို မုတ္တမကွေ့၊ မွန်၊ တနင်္သာရီကမ်းရိုးတန်း တလျှောက် မှာ လည် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင် ကနေ မိုင် ၄၀ လောက်ရှိနိုင်ပြီး လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေလောက် ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

Amphan မုန်တိုင်းက ကုန်းတွင်းပိုင်းပိုင်းမုန်တိုင်းအဖြစ်နဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဆက်လက် ဖြတ်သန်းမှာ ဖြစ်သလို မုန်တိုင်းအရှိန်ကြောင့်လည်း ရခိုင်မြောက်ပိုင်း၊ ချင်း၊ စစ်ကိုင်း၊ ကချင် နေရာကွက်မိုး ကြီးနိုင်တာကြောင့် မြေပြိုတာနဲ့ လျှပ်တပြက် ရေကြီးတာတွေကို သတိထားဖို့ လိုအပ်ကြောင်းလည်း မိုးလေ ဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */