VOA
မြန်မာခေါင်းဆောင်တချို့ အဆိုအရ နယ်စပ် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့တွေ လက်ထဲကို တရုတ် လက်နက်တွေ ပံ့ပိုး ဝင်လာနေတာအတွက် မြန်မာနဲ့ တရုတ်ကြား ဆက် ဆံရေး စိတ်ကသိကအောက် ဖြစ် နေရချိန်မှာ အိန္ဒိယက သူ့ရဲ့ အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့ကို အ ခု လို စေလွှတ်လိုက်တာလည်း ဖြစ်ပါ တယ်။
ဒါ့အပြင် အိန္ဒိယစစ်ဦးစီးချုပ်နဲ့ နိုင်ငံခြားရေးအတွင်းဝန်တို့ရဲ့ ခရီးစဉ်အတွင်း ရိုဟင်ဂျာဒုက္ခသည်တွေ နေ ရပ်ပြန်နိုင်ရေးကိစ္စကို ထည့်သွင်း ဆွေးနွေးကြမှာ ဖြစ်သလို ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အုပ် စုတွေ က ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာတွေကို ဝင်ရောက်စည်းရုံးပြီး ဒေသတွင်းကို လုံ ခြုံရေးအရ ခြိမ်းcခြောက်လာနေတဲ့ ကိစ္စကိုလည်း ဆွေးနွေးဖွယ် ရှိတယ်လို့ မျှော်လင့်ရကြောင်း နယူးဒေလီ သံတမန်ရပ်ကွက်ကို ကိုးကားပြီး အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
အိန္ဒိယ-တရုတ် နယ်စပ်ကြား ၅ လကြာ တင်းမာမှုက နှစ်နိုင်ငံကြား ဆက်ဆံရေးကို အနိမ့်ဆုံးအဆင့် ရောက် သွားစေခဲ့သလို တောင်အာရှနဲ့ အိန္ဒိယသမုဒ္ဒရာထဲက နိုင်ငံတွေအပေါ် နိုင်ငံရေးသြဇာ လွှမ်းမိုးနိုင်ဖို့ အိန္ဒိယ-တရုတ် နှစ်နိုင်ငံရဲ့ အပြိုင်အဆိုင် ချဉ်းကပ်မှုကို ပိုဖြစ်လာစေပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
04 အောက်တိုဘာ၊ 2020
04 အောက်တိုဘာ၊ 2020
အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla.
အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး M M Naravane နဲ့ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla တို့ဟာ တနင်္ဂနွေနဲ့ တနင်္လာ ၂ ရက်ကြာ မြန်မာနိုင်ငံ နေပြည်တော်ကို အလည်အပတ် လာရောက်ကြမှာ ဖြစ်ပါတယ်။
အိန္ဒိယနဲ့ တရုတ်ကြား နှစ်နိုင်ငံနယ်စပ် Ladakh ဒေသအတွက် တင်းမာမှုဖြစ်နေချိန်မှာ အင်အားကြီးနှစ်နိုင် ငံကြားရှိတဲ့ မြန်မာနိုင်ငံကို အိန္ဒိယရဲ့ အဆင့်မြင့် ခေါင်းဆောင်နှစ်ဦး လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။
နိုင်ငံခြားရေးအတွင်းဝန် Shringla နဲ့ ဗိုလ်ချုပ်ကြီး Naravane တို့ရဲ့ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်သလို အိန္ဒိယ ခေါင်းဆောင်နှစ်ဦး မြန်မာနိုင်ငံက ပြန် ထွက် မလာခင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း သီးသန့်တွေ့ဆုံဖို့ ရှိတယ်လို့ စနေနေ့ ထုတ်ပြန်တဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါ တယ်။
နိုင်ငံခြားရေးအတွင်းဝန် Shringla နဲ့ ဗိုလ်ချုပ်ကြီး Naravane တို့ရဲ့ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်သလို အိန္ဒိယ ခေါင်းဆောင်နှစ်ဦး မြန်မာနိုင်ငံက ပြန် ထွက် မလာခင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း သီးသန့်တွေ့ဆုံဖို့ ရှိတယ်လို့ စနေနေ့ ထုတ်ပြန်တဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါ တယ်။
မြန်မာခေါင်းဆောင်တချို့ အဆိုအရ နယ်စပ် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့တွေ လက်ထဲကို တရုတ် လက်နက်တွေ ပံ့ပိုး ဝင်လာနေတာအတွက် မြန်မာနဲ့ တရုတ်ကြား ဆက် ဆံရေး စိတ်ကသိကအောက် ဖြစ် နေရချိန်မှာ အိန္ဒိယက သူ့ရဲ့ အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့ကို အ ခု လို စေလွှတ်လိုက်တာလည်း ဖြစ်ပါ တယ်။
ဒါ့အပြင် အိန္ဒိယစစ်ဦးစီးချုပ်နဲ့ နိုင်ငံခြားရေးအတွင်းဝန်တို့ရဲ့ ခရီးစဉ်အတွင်း ရိုဟင်ဂျာဒုက္ခသည်တွေ နေ ရပ်ပြန်နိုင်ရေးကိစ္စကို ထည့်သွင်း ဆွေးနွေးကြမှာ ဖြစ်သလို ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အုပ် စုတွေ က ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာတွေကို ဝင်ရောက်စည်းရုံးပြီး ဒေသတွင်းကို လုံ ခြုံရေးအရ ခြိမ်းcခြောက်လာနေတဲ့ ကိစ္စကိုလည်း ဆွေးနွေးဖွယ် ရှိတယ်လို့ မျှော်လင့်ရကြောင်း နယူးဒေလီ သံတမန်ရပ်ကွက်ကို ကိုးကားပြီး အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
အိန္ဒိယ-တရုတ် နယ်စပ်ကြား ၅ လကြာ တင်းမာမှုက နှစ်နိုင်ငံကြား ဆက်ဆံရေးကို အနိမ့်ဆုံးအဆင့် ရောက် သွားစေခဲ့သလို တောင်အာရှနဲ့ အိန္ဒိယသမုဒ္ဒရာထဲက နိုင်ငံတွေအပေါ် နိုင်ငံရေးသြဇာ လွှမ်းမိုးနိုင်ဖို့ အိန္ဒိယ-တရုတ် နှစ်နိုင်ငံရဲ့ အပြိုင်အဆိုင် ချဉ်းကပ်မှုကို ပိုဖြစ်လာစေပါတယ်။
Link : Here
No comments:
Post a Comment