Thursday, June 20, 2019

ရိုဟင်ဂျာအမျိုးသမီး ၈ ဦး အိန္ဒိယ ဖမ်းဆီး

VOA
20 ဇွန်၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
 အိန္ဒိယ ရှိ ရိုဟင်ဂျာများ 
 
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုးရမ်းပြည်နယ်၊ ကျန်ဖိုင်းမြို့ထဲကို တရားမဝင် ခိုးဝင်လာတဲ့ ရိုဟင်ဂျာမိန်းကလေး ၈ ဦးကို ဖမ်းဆီးမိလိုက်ကြောင်း မီဇိုးရမ်းရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂ လလောက် က အလားတူ ခိုးဝင်လာတဲ့ ရိုဟင်ဂျာအမျိုးသမီး ၈ ဦးကို ဖမ်းဆီးမိပြီးတဲ့နောက်မှာ ထပ်မံ ဖမ်းမိတာလဲ ဖြစ်ပါတယ်။
သူတို့ကို လူမှောင်ခိုကူးသူတွေက ခေါ်လာတာလို့ သံသယရှိခံထားရတဲ့ အဲဒီ အမျိုးသမီးငယ် ၈ ဦးကို မြို့တော် အိုက်ဇောနဲ့ ကီလိုမီတာ ၂၁၀ အကွာ၊ Dungtlang ရွာမှာ ဖမ်းမိလိုက်တာဖြစ်ကြောင်း မီဇိုးရမ်း ပြည်နယ် မြောက်ပိုင်းဒေ သဆိုင်ရာ ဒုတိယ ရဲမင်းကြီး Lal Biakthanga Khiangte က ပြောပါတယ်။

အသက် ၁၅ နှစ်ကနေ ၁၆ နှစ်အကြားရှိတဲ့ ဒီမိန်းကလေးငယ်တွေကို လူမှောင်ခိုကူးသူတွေက ဘင်္ဂ လား ဒေ့ရှ်နိုင်ငံအတွင်းကနေ ဖမ်းဆီး ခေါ်ဆောင်ပြီး မြန်မာနိုင်ငံကတဆင့် တင်သွင်းလာတာလို့ ယူဆရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သူတို့မှာ တရားဝင် နိုင်ငံကူးလက်မှတ် မပါကြသလို သူတို့အနေနဲ့ ဟိန္ဒီအ ပါအဝင် တခြား ဘယ်ဘာသာစကားမှ မတတ်ကြဘူးလို့ ဆိုပါတယ်။

သူတို့ကို ရုံးထုတ်စစ်ဆေးပြီး မီဇိုးရမ်းပြည်နယ်မှာ လတ်တလော ချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့တုန်းကလည်း အသက် ၁၈ နှစ်ကနေ ၂၂ နှစ်အကြား ရိုဟင်ဂျာ အမျိုးသမီး ၈ ဦး ကို မီဇိုးရမ်းပြည်နယ်နဲ့ အာသံပြည်နယ်အကြား Vairengte ကျေးရွာမှာ ဖမ်းဆီး ရမိခဲ့ပါတယ်။ သူတို့ကို ဘင်္ဂ လားဒေ့ရှ်မှာရှိတဲ့ Kutupalong ရိုဟင်ဂျာဒုက္ခသည်စခန်းကနေ လူမှောင်ခိုကူးသူတွေက ဖမ်းဆီး ခေါ်ဆောင် လာတာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ တကြော့ပြန် အကြမ်းဖက်မှုတွေကြောင့် မြန်မာဘက် ကနေ ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာ ၇ သိန်းလောက် ထွက်ပြေးခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေ က ခန့်မှန်း ပြောဆိုကြပါတယ်။ မြန်မာအစိုးရကတော့ သူတို့ကို ရိုဟင်ဂျာလို့ ခေါ်ဆိုသုံးနှုန်းတာကို လက်မခံပေမယ့် ဒီလူတွေ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ အပါအဝင် ကုလသမဂ္ဂ အဖွဲ့အ စည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */