ဧရာဝတီ
28 June 2020
အောင်မျိုးမင်း
မကြာမီက ကုလသမဂ္ဂကနေ မြန်မာ့တပ်မတော်ကို ကလေး စစ်သားအသုံးပြုတဲ့ အမည်ပျက်စာရင်း ကနေ ထုတ်ပစ်ခဲ့ပါတယ် / ဧရာဝတီ
ကုလသမဂ္ဂမှာ နိုင်ငံတခုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ် ၂ ခုရှိပါတယ်။ တခုကတော့ နိုင်ငံရဲ့ လူအ ခွင့် အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး ကောင်စီကနေ ထုတ်ပြန်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဆုံးဖြတ်ချက် (UN Human Rights Council Resolution) ဖြစ်ပါတယ်။ လူ့အခွင့်အရေးကို ဦးစားပေး လေ့ရှိပါတယ်။ နောက်တခုကတော့ နယူးယောက်မြို့မှာ နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ အထွေထွေ ညီလာခံက နေ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် (UN General Assembly Resolution) ဖြစ်ပါတယ်။