" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, March 9, 2023

တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် သံတမန်တွေ စစ်တပ်ရဲ့ ရိုဟင်ဂျာလက်ခံရေး ပြင်ဆင်နေတာကို သွားရောက် ကြည့်ရှု့ခဲ့

B B C
ဘီဘီစီမြန်မာပိုင်း
၂၀၂၃ မတ်လ ၉ ရက်။


တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးအကြီးအကဲတွေ မောင်တောနဲ့ စစ်တွေတို့က စစ်ကောင်စီက ပြင်ဆင်လုပ်ကိုင်နေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အစီအစဥ်နဲ့ ပြင်ဆင်မှုတွေကို မတ်လ ၈ရက်နေ့က သွားရောက်ကြည့်ရှု ခဲ့တယ်လို့ သိရပါတယ်။

အဲဒီခရီးစဥ်ကို စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင် ခဲ့ပြီး တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်အပြင် အာဆီယံသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ် ရေးညှိနှိုင်းမှု ဗဟိုဌာန (AHA Center) က ကိုယ်စားလှယ်တွေလည်း ပါဝင်တယ်လို့ စစ်ကောင်စီသတင်းစာ တွေက ဒီကနေ့မှာ ဖော်ပြပါတယ်။

မနေ့က စစ်ကောင်စီဝန်ကြီးနဲ့ အဖွဲ့ဟာ စစ်တွေကသဲချောင်းစခန်း၊ ဒါးပိုင် IDPစခန်း၊ သက္ကပြင်နဲ့ မောင်တော က လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းနဲ့ ငါးခူရပြန်လည်လက်ခံရေးစခန်းတို့ကို သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်ခေါ်ယူမယ်လို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းပြီးကတည်းကပြောဆိုခဲ့ပေမယ့် အ ၂နှစ်ကျော်ကာလအတွင်း တရားဝင်ပြန်လည်လက်ခံခေါ်ယူတာမျိုး လုံးဝမရှိသေးဘူးလို့ ရိုဟင်ဂျာအရေး ကူညီနေသူတွေထံကသိရပါတယ်။

ဒါပေမယ့် ပြန်လည်ခေါ်ယူရာမှာလည်း ဂုဏ်သိက္ခာရှိရှိ အခွင့်အရေးအပြည့်အဝရရှိမယ့် အခြေအနေမျိုးမှ သာ ရိုဟင်ဂျာအများစုက နေရပ်ပြန်ရေးကို လက်ခံကြမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေ မှာနေထိုင်နေကြတဲ့ ရိုဟင်ဂျာအရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */