VOA
ဗွီအိုအေ (မြန်မာပိုင်း)
29 မေ၊ 2020
29 မေ၊ 2020
အိန္ဒိယနိုင်ငံလေဆိပ်တခုမှာ စစ်ဆေးနေ
မွတ်ဆလင် ဘာသာရေးအဖွဲ့Tablighi Jammat နဲ့ ဆက်နွယ်နေတယ်လို့ ယူဆရတဲ့ မြန်မာနိုင်ငံသား ၂၂ ယောက်ကို အိန္ဒိယနိုင်ငံ GAYA လေဆိပ်မှာ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက ဗုဒ္ဓဟူးနေ့က ထိန်းသိမ်း လိုက်ပါတယ်။ သူတို့အားလုံး ရန်ကုန်မြို့ကို ထွက်ခွာမယ့် မြန်မာ အမျိုးသား လေကြောင်းလိုင်းနဲ့ လိုက်ပါ မယ့် သူတွေလို့ The Times of India သတင်းစာက ပြောပါတယ်။
မြို့တော် နယူးဒေလီက ရဲတပ်ဖွဲ့က သူတို့ ခရီးစဉ်ကို ဆိုင်းငံ့ထားဖို့ ညွှန်ကြားချက် ထွက်လာအပြီးမှာ အခုလို ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့လည်း GAYA က တာဝန်ရှိသူသူတစ်ဦးကပြောပါတယ်။ ဘာသာရေး အ ဖွဲ့အစည်း၊ ဒါမှမဟုတ် တခြား အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှု ရှိမရှိကိုတော့ မသိရှိကြောင်းနဲ့ ဒီ အမှုကို ဒေလီမြို့ ရဲတပ်ဖွဲ့က ဆက်လက် ကိုင်တွယ်မယ်လို့လည်း ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ Tablighi အဖွဲ့နဲ့ ဆက်နွယ်မှု ရှိ-မရှိကို ခရိုင်အဆင့် တာဝန်ရှိသူတွေက အတည်ပြု ပြောကြားတာ မရှိပေမဲ့ လေဆိပ်က သတင်းတွေကတော့ အဲဒီ ဘာသာရေးအဖွဲ့နဲ့ ဆက်နွယ်တာက သူတို့ ကို ဖမ်းဆီးရတဲ့ အကြောင်းရင်း ဖြစ်တယ်လို့လည်း The Times of India သတင်းစာက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က GAYA ကနေ ရန်ကုန်ကို ထွက်ခွာမယ့် အထူးလေယာဉ် ၂ နာရီလောက် နှောင့်နှေးခဲ့ပြီ တဲ့ နောက် ကျန် ခရီးသည် ၈၂ ဦးနဲ့ ထွက်ခွာနိုင်ခဲ့ပါတယ်။

No comments:
Post a Comment