Friday, July 3, 2020

ရခိုင်ကမ်းလွန်မှာ အိန္ဒိယ ရေနံကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း၁၂၀ကျော်ထပ်တိုး

KUMUDRA
သတင်း
ကိုဖိုးပိန် 
3 JUL 2020
ရန်ကုန်၊ဇွန်-၂၈။ မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ကွက်တွေဖြစ်တဲ့ဘလော့ခ် အေ-ဝမ်း နဲ့အေ-သရီး(Block A-1, A-3) တို့မှာ နောက်ထပ်ရင်းနှီးမြုပ်နှံမှ ုအမေရိကန်ဒေါ် လာ သန်း ၁၂၁.၂၇ ကို အိန္ဒိယ အစိုးရက ခွင့်ပြုလိုက်ပါတယ်။
သည်အကြောင်းကို သည်ဒေးလီးစတား ၊ ဘစ်ဇနက်စတင်းဒက်နဲ့သည်ဟင်ဒူဘစ်ဇနက်လိုင်း အွန်လိုင်းစာ မျက်နှာတွေမှာရေးသားဖော်ပြထားတာတွေ့ရတယ်။
 
အိန္ဒိယ နိုင်ငံပိုင်ရေနံနဲ့သဘာဝဓါတ်ငွေ့ကုမ္ပဏီ ONGC Videsh Ltd ဟာ မြန်မာနိုင်ငံရခိုင်ကမ်းလွန်က 'ရွှေရေနံနှင့်သဘာဝဓါတ်ငွေ့စီမံကိန်း' မှာ ၂၀၀၂ ခုနှစ်ကတည်းကရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတာပါ။ ၂၀၁၉ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှ ုပမာဏက အမေရိကန်ဒေါ်လာ ၇၂၂ သန်းဖြစ်ပါတယ်။အခုထပ် မံတိုးမြှင့်တဲ့ရင်းနှီးမြှုပ်နှံမှ ုဒေါ်လာ သန်း ၁၂၁. ၂၇ ကိုတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(ဇွန်လ ၂၄ရက်) မှာ ခွင့်ပြု လိုက်တာပါ။

ONGC ကုမ္ပဏီဟာ ရှေ ွစီမံကိန်းစီက သဘာဝဓါတ်ငွေ့ကိုပထမဆုံးအနေနဲ့၂၀၁၃ခုနှစ် ဇူလိုင်လမှာရရှိခဲ့ပါ တယ်။ကုန်းပြင်မြင့်ကထုတ်လုပ်မှ ုကိုတော့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလမှာရရှိခဲ့ပါတယ်။၂၀၁၄-၂၀၁၅ ဘဏ္ဏာနှစ် အထိ သည်စီမံကိန်းရဲ့ ငွေကြေးစီဆင်းမှုဟာ ကောင်းမွန်ခဲ့တယ်လို့ဆိုပါတယ်။

ရေနံနဲ့သဘာဝဓါတ်ငွေ့ရှာဖွေ တူးဖော်ထုတ်လုပ်ရေးမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့အတူ အိန္ဒိယ ရဲ့ပါဝင်မှ ုဟာ အရှေ့မျှော်မူဝါဒရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သလို စွမ်းအင်ကဏ္ဏမှာတံတားတစ်ခုအဖြစ်ကြိုးပမ်းအားထုတ်မှု လည်းဖြစ်တယ်လို့တရားဝင်ထုတ်ပြန်ချက်တစ်ခုကဆိုပါတယ်။ ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */