Showing posts with label လူမဲ့ကျွန်း. Show all posts
Showing posts with label လူမဲ့ကျွန်း. Show all posts

Thursday, May 7, 2020

ဘင်္ဂလားဒေ့ရှ် အစိုးရက ရိုဟင်ဂျာတွေကို လူမဲ့ကျွန်းဆီပို့

NHK News
ဗုဒ္ဓဟူး မေလ 6 

ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ သီတင်းပတ်အတော်ကြာ ကမ်းမကပ်နိုင်ဘဲ ပင်လယ်ပြင်မှာ ရှိနေ ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် အစိုးရက သူတို့ကို လူမနေတဲ့ ကျွန်းတစ်ကျွန်းဆီ ပို့လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို သယ်ဆောင် လာနိုင်ခြေရှိတယ် ဆိုပြီး မြန်မာနိုင်ငံက လူနည်းစု မွတ်စလင်တွေ စီးနင်း လာတဲ့ လှေတွေဟာ ကမ်းကပ်ခွင့် မရဘဲ ပင်လယ်ထဲမှာပဲ နေခဲ့ရတာဖြစ်ပါတယ်။

စနေနေ့တုန်းက ရိုဟင်ဂျာ ၂၉ ယောက် ပါတဲ့ လှေတစ်စင်း ကို ဘင်္ဂလားပင်လယ်အော်ထဲက ကျွန်းဆီ အာ ဏာ ပိုင်တွေက ပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာက ဆိုပါတယ်။ ဒါဟာ ဒုက္ခသည် စခန်းတွေမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုကို တားဆီးဖို့ ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */