VOA
ဗွီအိုအေ (မြန်မာပိုင်း)
11 မတ်၊ 2021
ဗွီအိုအေ (မြန်မာပိုင်း)
11 မတ်၊ 2021
အိန္ဒိယနိုင်ငံ Jammu မြို့ ဒုက္ခသည်စခန်းမှာ တွေ့ရတဲ့ ဒုက္ခသည်များ။ (မတ် ၇၊ ၂၀၂၁)
အိန္ဒိယနိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့ရေး အစီအစဉ် ရပ်တန့်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်း Jammu မြို့မှာ နေထိုင်တဲ့ ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည် ၂၂၀ လောက်ကို မြန်မာနိုင်ငံပြန်ပို့မယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြီးတဲ့နောက် အခုလိုတောင်းဆိုတာပါ။
HRW လို့အတိုကောက်ခေါ်တဲ့ လူ့အခွင့်အရေးစောင်ကြည့်ရေး နိုင်ငံတကာအဖွဲ့ကြီးရဲ့ တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Meenakshi Ganguly က ဒီပြန်ပို့မယ့် အစီအစဉ်ကြောင့် အရင်သူတို့ကို ဖိနှိပ်ခဲ့တဲ့ စစ်အုပ်စု လက် ခုပ်ထဲ ပြန်ထည့်ပေးလိုက်သလိုဖြစ်သွားလိမ့်မယ်လို့ ထောက်ပြလိုက်ပါတယ်။
HRW လို့အတိုကောက်ခေါ်တဲ့ လူ့အခွင့်အရေးစောင်ကြည့်ရေး နိုင်ငံတကာအဖွဲ့ကြီးရဲ့ တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Meenakshi Ganguly က ဒီပြန်ပို့မယ့် အစီအစဉ်ကြောင့် အရင်သူတို့ကို ဖိနှိပ်ခဲ့တဲ့ စစ်အုပ်စု လက် ခုပ်ထဲ ပြန်ထည့်ပေးလိုက်သလိုဖြစ်သွားလိမ့်မယ်လို့ ထောက်ပြလိုက်ပါတယ်။
အခုလို အိန္ဒိယရဲတပ်ဖွဲ့ကြေညာချက်ကြေင့် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင် ငံဘက်ကို ထွက်ပြေး ခိုလှုံခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအကြားမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။
Jammu မြို့က ဆင်းရဲသားရပ်ကွက်မှာ နေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဝိုင်းဝန်းဖမ်းဆီးပြီး မြန်မာနိုင် ငံကို ပြန်ပို့တော့မယ်လို့ အိန္ဒိယရဲတွေက ပြောထားတာပါ။
ဒါပေမဲ့ ဒုက္ခသည်တွေဘက်ကတော့ ပြန်ပို့ခံရရင် သူတို့အတွက် အသက်အန္တရာယ်ကြီးလွန်းတာကြောင့် ပြန်မ ပို့ဖို့ အိန္ဒိယအစိုးရကို တောင်းဆိုထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ အကြမ်းဖက်ခံရမှုနဲ့ ဆင်းရဲမှုတွေကြောင့် ဆယ်စုနှစ်တွေနဲ့ချီပြီး နယ်စပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် အိန္ဒိယကိုလည်း ထွက်ပြေးခဲ့ကြရာမှာ ပြီးခဲ့တဲ့နှစ်စာရင်းအရ အိန္ဒိယမှာ ခိုလှုံနေ သူ ပေါင်း ၄၀,၀၀၀ ခန့်ရှိပြီး ဒီအထဲကမှ ၆,၅၀၀ ခန့်က အခု Jammu မှာရှိနေတာပါ။
မြန်မာ စစ်တပ်အုပ်ချုပ်ရေးကောင်စီဘက်ကတော့ ဒီ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံထားပါဘူး။
Link: Here
No comments:
Post a Comment