Showing posts with label AAငြင်းဆို. Show all posts
Showing posts with label AAငြင်းဆို. Show all posts

Thursday, September 25, 2025

ARSA က စခန်းသိမ်းတယ်ဆိုတာ မဟုတ်ဘူးလို့ AA ပြော (ရုပ်/သံ)

ဧရာဝတီ
24 September 2025   

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ အာရက္ခတပ်တော် (AA) ရဲ့အဓိကအခြေစိုက် စခန်းတခုကို အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) က သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီးAA ကငြင်းဆိုလိုက်ပါတယ်။ မောင်တောမြို့နယ်မြောက်ပိုင်းက AA အခြေစိုက်စခန်းစခန်းတခုကို တပတ်ကျော်ကြာတိုက်ခိုက်ခဲ့ပြီး စခန်းကို ရရှိလိုက်တာလို့ စက်တင်ဘာလ၂၂ ရက် နေ့က ထုတ်ပြန်တဲ့ ARSA ရဲ့ထုတ်ပြန်ချက်အပေါ်အခုလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းတခုလုံးကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ AA ဟာ စစ်ကော်မရှင်တပ်တွေ မရှိတော့တဲ့ နောက် ARSA နဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တွေရဲ့တိုက်ခိုက်မှုတွေ ခံနေရတယ်လို့ဆိုပါတယ်။

Link : Here 

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */