" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မွတ်ဆလင်. Show all posts
Showing posts with label မွတ်ဆလင်. Show all posts

Friday, April 19, 2024

မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့်ပူးပေါင်းရန် ဆွေးနွေးချက် ရိုနေဆန်းလွင် ငြင်း

Western News
April 19, 2024

ပုံစာ - မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားကြသည့် ဦးထွန်းခင်နှင့် ရိုနေဆန်းလွင်။ (ဓါတ်ပုံ - ရိုနေဆန်းလွင်) 

နိုင်ငံတဝန်း အကြမ်းဖက်မှုပေါင်းမျိုးစုံကို ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီက မွတ်ဆ လင်ခေါင်းဆောင် ရိုနေဆန်းလွင်နှင့် ဦးထွန်းခင်တို့သည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့် ပူးပေါင်းရန် ဆွေးနွေးခဲ့သည်ဟု စွပ်စွဲပြောဆိုထားသည်။

လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီ သွေးထိုးလှုံ့ဆော်နေကြောင်း မွတ်ဆလင်များပြော

DMG
19 Apr 2024
 

ဘူးသီးတောင်မြို့နယ်တွင် လူမျိုးရေးပဋိပက္ခဖြစ်အောင် AA က ဖန်တီးနေကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ဧပြီ ၁၈ ရက်တွင် စစ်ကောင်စီပိုင် မီဒီယာကတဆင့် စွပ်စွဲပြောဆိုထားသည်။ 

မိုခါမုန်တိုင်းဒဏ်သင့် မွတ်ဆလင်လူမျိုးများအား အာရက္ခတပ်တော်(AA)က ဆေးကုသမှုပေးနေစဉ်။ 
 

နိုင်ငံတဝန်းတွင် စစ်ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ရခိုင်ပြည်တွင် ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်းနှစ်ခုကြား လူမျိုးရေးပဋိပက္ခများဖြစ်အောင် ဖန်တီးနေသည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းက ပြောဆိုသည်။

စစ်တွေတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်၍ မွတ်ဆလင် ၈၀ ဦးထက်မနည်း သေဆုံး

DMG
19 Apr 2024

ဆေးသမားဒုက္ခသည်စခန်း၊ အုန်းတောကြီးဒုက္ခသည်စခန်း၊ ဒါးပိုင်ကျေးရွာ၊ ဘာဆာကျေးရွာမှ မွတ်ဆလင်များမှာ ဧပြီလဆန်းပိုင်းမှစ၍ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြပြီး လက်ရှိတွင် သေဆုံးသူ ၈၀ ဦးထက်မနည်းရှိကြောင်း သိရ သည်။

စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည် ကလေးငယ်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက မြင်တွေ့ရစဉ်။

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင် ဒုက္ခသည်စခန်းများနှင့် ကျေးရွာအချို့တွင် ဆေးဝါးပြတ်လပ်မှုကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ်များအပါအဝင် မွတ်ဆလင် ဦးရေ ၈၀ နီးပါးမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Saturday, March 2, 2024

ရခိုင်က မွတ်ဆလင်များကို စစ်သားမစုဆောင်းဟု စစ်ကောင်စီက ငြင်းနေသော်လည်း မြေပြင်တပ်သားများမှ စုဆောင်းနေသည်မှာ မှန်ကန်သည်ဟု မွတ်ဆလင်များပြော

Western News|
၂၀၂၄ မတ် ၂ ၂

(ရခိုင်က မွတ်ဆလင် ၄၀၀ နီးပါး စစ်သားစုဆောင်းခံနေရ)

ရခိုင်ပြည်အတွင်းက မွတ်ဆလင်အမျိုးသားလူငယ်များကို စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းနေခြင်းမှာ မှန်ကန်မှုမရှိဘဲ လုပ်ကြံဖန်တီးရေးသားနေသော သတင်းသာဖြစ်သည်ဟု အာဏာသိမ်း စစ်ကောင်စီမှ ငြင်းဆိုလိုက် သည်။ 

Tuesday, February 20, 2024

ကျောက်ဖြူ ဒုက္ခသည်စခန်းက မွတ်စလင်တွေကို စစ်မှုထမ်းဖို့ စာရင်းကောက်ယူ

RFA
RFA Burmese
2024.02.20
 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်းအား တွေ့ရစဉ်။
Photo: RFA
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံးဒုက္ခသည်စခန်းက မွတ်စလင်တွေကို စစ်မှုထမ်းဖို့ ဖေဖော်ဝါရီလ ၁၉ ရက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၄၂ က ဗျူဟာမှူးနဲ့ စစ်ကောင်စီတပ်သားတွေက လာရောက်စာရင်းကောက်ယူခဲ့တယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

Wednesday, July 26, 2023

လူမျိုးရေး၊ ဘာသာရေး ဝါဒမှိုင်းများကို ကျော်လွန်၍

DMG
DMG ၊ (Analysis Report)
ဇူလိုင်၂၁ ရက် ၂၀၂၃

မောင်ထွန်းကြိုင် - ရေးသည်။

ရက္ခိုင့်တပ်တော် (AA) ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့်ကဏ္ဍ လုပ်ငန်းစဉ်များထဲမှ ထူးခြားချက်တစ်ခုမှာ ဒေသအတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများနှင့် ယခင်က ရင်ဆိုင်ခဲ့ရသော အသိုက်အဝန်းတစ်ခုကိုလက်တွဲ ထားခြင်းဖြစ်သည်။

အာဏာသိမ်းမှု အစောပိုင်းကာလ ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် AA တို့ အပစ်ရပ်ထားသဖြင့် အခြားဒေသများ ကဲ့သို့ မဟုတ်ဘဲ တည်ငြိမ်နေခဲ့သည်။ တစ်ဆက်တည်းပင် ၂၀၂၁ ဩဂုတ်လတွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင် ပြည်ထဲက မွတ်ဆလင်အုပ်စုကို ULA ၏ အုပ်ချုပ်ရေးယန္တယားတွင် ပါဝင်ဖို့ ကြေညာလိုက်ခြင်းမှာ ရခိုင်ပြည်တွင်း လူဦးရေ ဒုတိယအများစုဖြစ်သည့် မွတ်ဆလင်နှင့် ရခိုင်တို့၏ ဆက်ဆံရေးကို များစွာအထေက်အကူဖြစ်ခဲ့ကြောင်း နိုင်ငံရေးအကဲခတ်တို့က မှတ်ချပေးသည်။

Saturday, May 14, 2022

ကိုကိုကြီး ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်သို့ ပေးစာ ( ၂၀၁၂ )

ကျောက်နီမော်ဒေသအကြောင်းနဲ့ရခိုင်မွတ်ဆလင်မ်တွေရဲ့သမိုင်းတွေသိချင်ရင်

 ဦးလှဝင်း ( မင်းညိုငယ် - သံတွဲ) B.A(Hist), H.G.P., R.L.I, C.B.D.S

တွဲဖက်အထွေထွေ အတွင်းရေးမှူးဟောင်း အမျိုးသားညီညွတ်ရေး ကွန်ဂရက် (၁၉၉၀) 

 ရေးတဲ့ ၈၈ မျိုးဆက် ကိုကိုကြီးသို့ ပေးစာကို ဖတ်ပါ။ဒီပေးစာက ၂၀၁၂ ခုနှစ်က ပေးစာပါ။မည်သူမဆို ထပ်ဆင့် သိလိုတာရှိရင် comment မှာ မေးနိုင်ပါတယ်။ကျုပ်တို့ ကျောက်နီမော်ဒေသခံတွေ ဖြေကြားပေးမှာပါ။ပေးစာထဲ မှာပါတဲ့ ကျောက်ထရံရွာက ဗလီချေ ပုံကို ဖော်ပြလိုက်ပါတယ်။

Sunday, April 24, 2022

ရခိုင်ပြည်နယ်ထဲက နေရပ်စွန့်ခွာနေကြတဲ့ မွတ်ဆလင်များ

BBC
၁၈ ဧပြီ ၂၀၂၂

ဧပြီလတစ်လတည်းမှာပင် အမ်းမြို့နယ်အတွင်းမှာ သုံးကြိမ်အထိဖမ်းဆီးခံခဲ့ကြရ


ရခိုင်ပြည်နယ်အတွင်းကနေ ရန်ကုန်နဲ့ ပြည်ပနိုင်ငံတွေကို တရားမဝင်ထွက်ခွာနေကြတဲ့ မွတ်ဆလင်တွေ မကြာ ခဏဆိုသလို ဖမ်းဆီးခံနေကြရတာဖြစ်ပါတယ်။


အခု ဧပြီလ တစ်လတည်းမှာကိုပဲ သုံးကြိမ်ထိ အမ်းမြို့နယ်အတွင်းမှာ ဖမ်းဆီးခံခဲ့ကြရတာပါ။ ဧပြီ ၁ ရက်နေ့က အမ်းမြို့နယ် ကံမြင့်ကန် စစ်ဆေးရေးဂိတ်မှာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၆ ဦး၊ ၁၁ ရက်နေ့က ရွာသာယာ ကျေး ရွာအနီးမှာ အမျိုးသမီး ၂ ဦး၊ ၁၄ ရက်နေ့က တောင်စောက်ကျေးရွာအနီးမှာ အမျိုးသား ၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့ တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

Saturday, October 10, 2020

ရခိုင်ဒုက္ခသည်တွေကို မွတ်စလင်တွေ ကူညီထောက်ပံ့

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ကျော်လွင်ဦး
2020-10-09


ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ နေထိုင်စားသောက်ရေးအတွက် စစ်တွေနဲ့ ရန်ကုန်က မွတ်စလင်တွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေက လှူ  ဒါန်းနေပါတယ်။ ဒီလို လူသားချင်းစာနာမှုဟာ နှစ်ဖက်အသိုင်းအဝိုင်းကြား ယုံကြည်မှုတွေ ပိုတိုးလာစေ တယ် လို့ သုံးသပ်ကြပါတယ်။

Sunday, August 16, 2020

မောင်တောခရိုင်က မွတ်ဆလင် ကိုယ်စားလှယ်လောင်း ၅ ဦး ပယ်ချခံရ

B B C
ဘီဘီစီ မြန်မာပိုင်း
2020-08-16
  ကိုယ်စားလှယ်လောင်း ငါးဦးဟာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိ ဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ ငြိစွန်း နေတယ်လို့ ကော်မရှင် ပြောပါတယ်

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော် ကိုယ် စားလှယ်လောင်းအဖြစ် လျှောက်ထားတဲ့ မွတ်ဆလင်ကိုယ်စားလှယ်လောင်း ငါးဦးကို သက်ဆိုင်ရာ ခရိုင်ရွေး ကောက်ပွဲကော်မရှင်တွေက ပယ်ချလိုက်ပါတယ်။

Monday, May 18, 2020

စစ်တွေ မွတ်စလင်ရပ်ကွက်က ကျူးကျော်တွေ သုံးလအ တွင်းဖယ်ပေးဖို့ အာဏာပိုင်တွေအမိန့်ထုတ်

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
2020-05-18
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ စက်ရုံစုရပ်ကွက်က မီးလောင်ပြင်နေ ရာမှာ ကျူးကျော်နေထိုင်သူ ထောင့်နှစ်ရာကျော်ကို အချိန် သုံးလအတွင်းဖယ်ရှားဖို့ စစ်တွေမြို့နယ်အုပ် ချုပ်ရေးမှူးက အမိန့်ထုတ်လိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */