နိရဥ္စရာ
အောက်တိုဘာ ၁၁/၂၀၂၅
သေဆုံးသွား သူမှာ မောင်တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်း ကျေးရွာဇာတိ အသက်(၂၃)နှစ်အရွယ်မောင် ငြိမ်းချမ်း ဖြစ်သည်။
မောင်ငြိမ်းချမ်းသည်လုပ်လုပ်ဖော်ကိုင်ဖက်သုံး ဦး နှင့်အတူ အောက်တိုဘာတိုဘာ ၁၁ ရက် ဒီနေ့ နေ့လယ်ပိုင်း ၁၂ နာရီခန့်က နံသာတောင်ကျွေးရွာကနေ ကုန်ပန်စ္စည်းများကို မောင်တောကိုဆိုင်ကယ်နှင့် အလာ လိပ်ရကျေးရွာ အနီး တွင်ARSA ၏ ခြုံခိုတိုက်ခိုက်ခြ င်းကိုခံခဲ့ရသည်ဟု နံသာတောင်ကျေးရွာသား တစ်ဦးက နိရဉ္စရာကို အတည်ပြု ပြော သည်။
နံသာနံ သာတောင်ကျေး ရွာသား တစ်ဦး က" သူတို့က ကုန်ပန်စ္စည်းတွေကိုညဆိုင်ကယ်နဲ့အနဲ့ ငှားသယ်ပေး ကြ တဲ့ ကယ်ရီသမား တွေပါ။ လိပ်ရလမ်းဆုံနားမှာ ပစ်သတ်ခံရလို့တစ်ယောက်သေတယ်ဆိုပြီး သတင်း ရောက်တာ က ညနေ ၄ နာရီ ၁၂ မိနစ်လောက်မှာ ရောက်ပါတယ်"ဟုပြောသည်။
လိပ်ရကျေး ရွာသည်တောင်ပြို-ကြိမ်ချောင်း အာ ရှကားလမ်းမပေါ် မှာ ရှိသော ကျေးရွာဟောင်း တစ်ရွာ ဖြစ်ပြီး ဒေသခံတွေ မကြာခဏ အကြမ်းဖက်မွတ်ဆ လင်လက်နက်ကိုင်များ၏တိုက်ခိုက်ခြင်းကို ခံနေရသည့် နေရာတခု ဖြစ်သည်ဟု သိရသည်။
ပစ်သတ်ခံရပြီး သေဆုံးသွားသည့် ရုပ်အလောင်း အခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ် မသိရသေးသော် လည်း သူ၏လုပ်ဖော် ကိုင်ဖက်များမှာ နီးစပ်ရာ အေအေတပ်စခန်း တခုတွင်ရောက်ရှိ ခိုလှုံနေကြသည်ဟု ၄င်းက ဆက်ပြောသည်။
"အလောင်းကို သွားယူပြီးပြီလား မယူရသေးဘူးလား မသိရသေးဘူး ။ ဒါပေမယ့် ကျန်တဲ့လူ တွေလူကတော့ အေအေ ရဲ့ ကင်းစခန်း တခုကို ရောက်နေကြ တယ်လို့ ပြောပါတယ်"ဟု၎င်း နံသာတောင်ရွာသားကပြောသည်။
ပြီးခဲ့တဲ့အောက်တိုဘာ ၅ ရက်နေ့ကလည်း ၎င်းလိပ်ရလမ်းဆုံနှင့် သာယာကုန်းကျေးရွာကြားမှာ စစ်သွေးကြွ အ ကြမ်းဖက်အာဆာ အဖွဲ့ကဒေသခံ ကယ်ရီသမား ၃ ဦးကို ခြံခို တိုက်ခိုက်ခဲ့၍ တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟုသိဟု သိရသည်။
Link : Here
No comments:
Post a Comment