|
မင်းရဲကျော်စွာဦးဆောင်တဲ့ မြန်မာတိုက်စစ်ကို ပထမတော့ ရခိုင်တွေဟာ ခုခံကြပေမယ့် ကြာကြာတင်းမခံနိုင်ဘူး။ မြန်မာတွေလောင်းကြတ်ကိုသိမ်းလိုက်တယ်။ မင်းစောမွန်ဟာ မြန်မာတွေလည်း လောင်းကြတ်ကို သိမ်းလိုက်ရော မိဖုရား၊ သားမယားတွေနဲ့အတူ အနောက်ဘင်္ဂလားနယ်ထဲက စွလ်တန်ဘုရင်ဆီကို ထွက်ပြေးခိုလှုံပါတော့တယ်။
ထွက်ပြေးစဉ်အချိန်ကနေ အေဒီ၁၄၃၀အထိ နရမိတ်လှခေါ် မင်းစောမွန်ဟာ ဘင်္ဂလားဂေါရ်ဘုရင့်ထံမှာ ၂၆နှစ်တိုင်တိုင် နိုင်ငံရေးခိုလှုံနေခဲ့တယ်။
ကြည့်-အခြေပြု မြန်မာနိုင်ငံရေးသမိုင်း၊ ပထမတွဲ၊ ရန်ကုန် ၁၉၈၇၊စာမျက်နှာ၊၁၁၂-၁၁၈)
အဲဒီနောက် အေဒီ၁၄၃၀မှာ နရမိတ်လှခေါ်မင်းစောမွန်ဟာ အဲဒီဂေါရ်မွတ်စလင်ဘုရင်ရဲ့ စစ်တပ်အကူအညီနဲ့ပဲ
မြန်မာတွေလက်ကနေ ရခိုင်ပြည်ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်။
ကြည့်-ဦးလှထွန်းဖြူ ၊ရခိုင်တန်ဆောင်မဂ္ဂဇင်း English section တွဲ၂၁၊စာ-၁၄၈
ဦးထွန်းမြင့်(မာန်အောင်)ကသူ့စာအုပ်မှာ "အေဒီ၁၄၃၀ အိန္ဒိယအနောက်ဘင်္ဂလားမှာခိုအောင်းနေသော မင်းစောမွန်သည် ဘင်္ဂလားတပ်များ၏ အကူအညီဖြင့် လာရောက်တိုက်ခိုက်ရာ အင်းဝရှိမြန်မာတပ်များက ဆုံးရှုံးဆုတ်ခွာသွားရပြီး မင်းစောမွန်သည်လောင်းကြတ်ထီးနန်းကို ပြန်ရသည်။ မွတ်စလင်ကုလားစစ်သည်များ ပထမဆုံးရခိုင်သို့ ရောက်ရှိခဲ့သည့်ကာလဖြစ်သည်"လို့ ရေးသားထားတယ်။
"နရမိတ်လှသည် မြောက်ဦးမြို့သစ်တည်ထောင်ခဲ့ရာ သူနှင့်အတူပါလာသော ဘင်္ဂလားပြည် ဂေါရ်ဗိုလ်ချုပ်ကြီးစင်ဒီခန်နှင့် စစ်သည်ဗိုလ်ပါများကို မြောက်ဦးမြို့အနီး၌ အခြေစိုက်နေထိုင်စေခဲ့သည်။ စင်ဒီခန်ဗလီကြီးကိုလည်းတည် ဆောက်စေခဲ့သည်"
ကြည့်-Prof:D. G. E of southeast asia-London.Macmillan 1958 Page-328=
|
အဲဒီနောက် နရမိတ်လှခေါ် မင်းစောမွန်ဟာ အစ္စလာမ်ဘွဲ့အမည် စူလိုင်မန်ရှားဟ် အမည်ခံပြီးနန်းတက်လာတယ်။
ပထမမြောက်ဦးခေတ် နှစ်၁၀၀အတွင်း အုပ်ချုပ်ခဲ့တဲ့ ရခိုင်ဘုရင်၁၁ပါးစလုံးဟာ မွတ်စလင်ဘွဲ့အမည်ခံယူခဲ့ကြတယ်။
ကြည့်-အခြေပြု မြန်မာနိုင်ငံရေးသမိုင်း၊ပထမတွဲ၊စာမျက်နှာ ၃၈၇
ဒီတော့ဒီနေရာမှာစဉ်းစားစရာဖြစ်လာတာက ရခိုင်ဗုဒ္ဓဘာသာဘုရင်ဟာ ဘာကြောင့် မွတ်စလင်ဘွဲ့အမည်ကို ခံရတာလဲ?
ပထမမြောက်ဦးခေတ်ဟာ sultanate Of Bengalရဲ့ ဩဇာခံဖြစ်နေတယ်ဆိုတာ ပေါ်လွင်နေတယ်။ ဘင်္ဂလားဂေါ်ရ်ဘုရင့်ဩဇာခံ အာရကန်ဆိုရင် ယုတ္တိမမဲ့ဘူး။ ဒါပေမဲ့ ဒါကိုရခိုင်သမိုင်းက မဖော်ဘူး။ ရခိုင်သမိုင်းက ဘင်္ဂါ၁၂မြို့ သိမ်းတဲ့သမိုင်းကိုပဲ အဓိက Highlight လုပ်တယ်။ အထောက်အထားဆက်ပေးပါ့မယ်။
၁။ ဘင်္ဂလားမွတ်စလင်တွေရဲ့ သြဇာရခိုင်မြောက်ဦးမှာရှိခဲ့တာ ငြင်းမရပါ။ အဲဒီနောက် ဘင်္ဂလားဂေါရ်စွလ်တန်က ဗိုလ်ချုပ်ကြီးဝလီခန်နဲ့ ဗိုလ်ချုပ်ကြီးစင်ဒီခန်စစ်တပ်ကြီးက တပ်သားတွေ အခြေစိုက်နေထိုင်ခဲ့မှုကြောင့် ဘင်္ဂလားက မွတ်စလင်တွေ ပိုမိုရောက်ရှိလာပြီး ဂေါရ်စွလ်တန်နဲ့ အစ္စလာမ်ယဉ်ကျေးမှုသြဇာ သက်ရောက်ခဲ့တယ်။ ရခိုင်သမိုင်းမှာ အဲဒီမြောက်ဦးခေတ်ဟာ ရွှေခေတ်ဖြစ်တယ်။
ဆိုလိုင်မန်ရှားဟ်၊ အလီရှားဟ်၊ ကလီမာရှားဟ်၊ မဂိုရှားဟ်၊ မုဟမ္မဒ်ရှားဟ်၊ နူရီရှားဟ်၊ ရှိခ်အဗ်ဒွလ်လာဟ်ရှားဟ်၊ အိလ်လီလ်းရှားဟ်၊ အိလ်ယာစ်းရှားဟ်၊ ဂျလလ်ရှားဟ်နဲ့အလီရှားဟ်စတဲ့ ဘွဲ့အမည်၁၁ခုဟာ ပထမမြောက်ဦးခေတ် မင်း၁၁ပါးစလုံးခံယူခဲ့တဲ့ ဘွဲ့အမည်ဖြစ်တယ်။နောက်ပိုင်းမှာ အဲဒီဘွဲ့အမည်၁၁ခုနဲ့ မင်းတစ်ပါးစီဖော်ပြသွားပါ့မယ်။ နန်းဓလေ့တွေမှာလည်း အစ္စလာမ်သြဇာ သက်ရောက်ခဲ့ရတယ်။
၂။ဒါ့အပြင် နိုင်ငံတော်သုံးငွေဒင်္ဂါးတွေအပေါ်မှာ အစ္စလာမ်ဘာသာရဲ့ ယုံကြည်ချက်ဆိုင်ရာ စာသားဖြစ်တဲ့ "အလ္လာဟ်မှအပ ကိုးကွယ်ရာအရှင်မရှိ"ဆိုတဲ့ အာရဗီစာတန်းကို ရိုက်နှိပ်ထားတာကိုတွေ့ရတယ်။
ကြည့်-M. Robinson, The coins and Bank notes of Burma,1980, Page 49-50
ပါရှန်ကူဖစ်ရေးဟန်များ ရိုက်ခတ်ထားသည်ကိုလည်းတွေ့ရသည်။
ကြည့် Lt. Col. Ba shin, the coming of islam to Burma Down to1700 AD.
သို့ဖြစ်လေသောကြောင့် လောင်းကြက်မြို့တော်သည်ကား ကောဇာသက္ကရာဇ်၆၁၂ခုနှစ် အလောမာဖြူမင်းတည် ထောင်ခဲ့သော လောင်းကြက်မြို့တော်သည် မင်းစောမွန်အထိ၁၆ဆက်၊ မျိုးခြားအမတ်၂ဆက် ပေါင်း၁၈ဆက် ထီးနန်း၁၅၆နှစ် အုပ်ချုပ်ကြာညောင်းခဲ့လေတော့သည်။
ထို့နောက် ကုလားစစ်သည်ဗိုလ်ပါ မြောက်များစွာဖြင့်စစ်ချီလာကာ လောင်းကြက်မြို့တော်ရှိ အင်း၀စစ်သည်တို့အား တိုက်ခိုက်လေသော် အင်း၀စစ်သည်တို့ မခံမရပ်နိုင်ဖြစ်ပြီး ဖရိုဖရဲထွက်ပြေးကြလေကုန်၏။ ထိုအခါ လောင်းကြက်မြို့တော်အား သိမ်းပိုက်ရရှိတော်မူလေသည်။ လောင်းကြက်မြို့တော်အား ပြန်လည်ရရှိသော်လည်း စေခိုင်းလိုက်သော ဂါဝါသူရတန်အမတ် (ဂေါ်ရ်စွလ်တန်စစ်ဗိုလ်) ဥလုံခင်(၀လီခန်)သည် မင်းစောမွန်အား သံခြေချင်းခတ် ချုပ်နှောင်ကာ ၎င်းအမတ်သာ လောင်းကြက်၌ အုပ်ချုပ်နေကြောင်း၊ ကစ္ဆဖနဒီကမ်းရှိ အသေယာသူဋ္ဌေးအိမ်၌ ခိုလှုံနေသော ညီတော်အလီခင်စောမွန် ကြားသိလေသော် မိမိမယားမှတစ်ဆင့် ယောက္ခမသူဋ္ဌေးကြီးအသေယ အား ပြောပြလေသောအခါ ထောင်ချုပ်ထိန်း ထောင်မူးတို့အား များစွာရွှေငွေတို့ဖြင့် တံစိုးလက်ဆောင်ပေး၍လွတ် လေသဖြင့် ညီနောင်နှစ်ပါး သူရတာန်မင်းထံ(စွလ်တန်မင်း) အရောက်သွား၍ သံတော်ဦးတင်ကြလေရာ သူရတာန်မင်းက ငါ၏သားတော်စောမွန်အား အမတ်ဆတျာခတ် (စင်ဒီခန် -စစ်ဗိုလ်)နှင့် ရာဇမဏိတို့သည် လောင်းကြက်မြို့တော်ကိုသိမ်းပြီး နန်းတင်ကြလေ။
သစ္စာမရှိသောအမတ် ၀လီခန်အားသတ်ပြီးလျှင် ၎င်းခန္ဓာ၏ အရေကို စည်းကြက်၍ယူခဲ့ချေဟု အမိန့်ချမှတ်ကာ ယခင်ကထက်များစွာသော စစ်သည်၃သိန်းနဲ့တကွ စစ်ချီစေတော်မူလေသည်။.....
ရက္ခပူရကြေးမုံကျမ်း....စာမျက်နှာ၁၀၁]
အဲတော့ ရခိုင်မှာဘင်္ဂလီမင်း ၀လီခန်ခေါ်ဥလုံခင် အုပ်စိုးခဲ့ကြောင်း ထင်ရှားနေတယ်။ ဘယ်နှစ်နှစ် အုပ်ချုပ်သွားတယ်တော့ မသိရဘူး။
ဒီဖော်ပြချက်အရ ဘင်္ဂလားစွလ်တန်က မင်းစောမွန်ကို သားလိုဆက်ဆံကြောင်း၊ စင်ဒီခန်ကိုစေလွှတ်ပြီး ၀လီခန်ကိုနန်းချ မင်းစောမွန်ကို နန်းတင်ပေးခဲ့ကြောင်း၊ ရခိုင်စစ်ဗိုလ်စစ်သားတွေနဲ့ မဟုတ်ဘဲ ဘင်္ဂလီစစ်ဗိုလ်စစ်သားစစ်တပ် နဲ့သာဖြစ်ကြောင်း၊ အဲဒီမှာပါလာတဲ့စစ်သားတွေကို မင်းစောမွန်က မြောက်ဦးမှာ အခြေချနေထိုင်စေခဲ့ကြောင်း အခြားသောသမိုင်းစာတမ်းတွေမှာ ပါရှိနေပါတယ်။ ဖျက်ဆီးခံလိုက်ရတဲ့ သမိုင်း၀င်စင်ဒီခန်ဗလီက မင်းစောမွန်က ကျေးဇူးတင်သောအားဖြင့်တည်ဆောက်ပေးခဲ့တာ ဖြစ်ပါလိမ့်မယ်။ မင်းစောမွန်ကိုယ်တိုင်အစ္စလာမ်ဘွဲ့ အမည်ခံခဲ့တာ ထင်ရှားသွားပြီး။ ဒီတော့ နရမိတ်လှ တည်ထောင်တဲ့ ပထမမြောက်ဦးဟာ ဘင်္ဂလားဩဇာခံ မင်းနိုင်ငံဖြစ်ပါတယ်လို့ပြောရင် လွန်မလား။
အေဒီ၁၄၀၄ခုနှစ်၌ အင်းဝဘုရင်မင်းခေါင်မှ သူ့သားကြီးအသက်၁၃နှစ်အရွယ် မင်းရဲကျော်စွာကို ဦးစီးခန့်ပြီး ရခိုင်အားကျူးကျော်စေသောအခါ ရခိုင်ဘုရင်နရမိတ်လှသည် အနောက်ဘက်ဘင်္ဂလားဂေါရ်မြို့သို့ ထွက်ပြေးသွားရ သည်။ ၂၆နှစ်တိုင်တိုင် နိုင်ငံရေးခိုလှုံခဲ့သည်။ ထိုကာလတစ်လျှောက် အရှေ့တိုင်းအစ္စလာမ်၏ ရည်မွန်သော လောကကို လေ့ကျက်မှတ်သားခဲ့ရသည်။
ကြည့်-ခြေရာပျောက်မြစ်- သန်းမြင့်ဦး- မြနှင်းဆီဘာသာပြန်
အဲဒီမြောက်ဦးခေတ်မှာပဲ အစ္စလာမ်ဘာသာထဲ ကူးပြောင်းလာမှုတွေဟာ မြင့်တက်နေပါပြီ။ ရခိုင်သမိုင်းပညာရှင်တွေ၊ စာရေးဆရာတွေရဲ့ရေးသားချက်အရ မြောက်ဦးခေတ်မှာ အစ္စလာမ်ဘာသာကို ကူးပြောင်းသူများစွာရှိနေပြီး ဗလီတွေတည်ဆောက်ကြတယ်။
ကြည့်-ဦးအောင်သာဦး၊History of Arakan စာမျက်နှာ ၁၃၂
ကိုးဆက်မြောက်မြောက်ဦးဘုရင်ခေတ်မှာ ဒေလီမြို့က ကာဒီရ်၊ မူစာ၊ ဟိုနူမီယာအမည်ရှိ သာသနာဟောကြားသူတွေ ရောက်လာပြီး နိုင်ငံအနှံ့ဗလီတွေ တည်ဆောက်ခဲ့ကြသည်။ လူတွေလည်း အုပ်စုလိုက်အစ္စလာမ်အတွင်းကို ကူးပြောင်းသွားကြသည်။ မင်ဘာကြီးလက်ထက်တွင် ဆရာ မရဝ(ရှင်မြဝါ)က ကန့်ကွက်ခဲ့လို့ အစ္စလာမ်ဟောကြားမှု လုပ်ငန်းရပ်ဆိုင်းခဲ့ရတယ်။
ကြည့်-ပဏ္ဍိတဦးသာထွန်းအောင် ရခိုင်ရာဇဝင်ကြီးစာမျက်နှာ၇၄
ရခိုင်ဘုန်းတော်ကြီး ဓညဝတီဆရာတော်ဦးဥာဏကလည်း ဓညဝတီရာဇဝင်သစ်မှာ မင်းဘာကြီးမင်းလက်ထက်တွင် အစ္စလာမ်ဘာသာကူးပြောင်းကိုးကွယ်သူ များစွာရှိကြောင်းဆိုထားရာ ဝါရင့်နိုင်ငံရေးသမား ဦးလှထွန်းဖြူက ယင်းအဆိုမှန်ကန်ကြောင်း ထောက်ခံခဲ့သည်။
ကြည့်-ဦးလှထွန်းဖြူ ၊ရခိုင်ပြည်နယ်တိုင်းရင်းသားလူမျိုးများ စာ.၃၆
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သမိုင်းပညာတွေရဲ့ အမြင်သဘောထားကို လက်လှမ်းမီသလောက်ရှာကြံကြည့်တဲ့အခါ သမိုင်းပညာရှင်ဒေါက်တာခင်မောင်ညွှန့်က အာရဗ်တို့၏ သာသနာဟောကြားမှုကြောင့် ရခိုင်အပါအဝင် အရှေ့ပိုင်းနိုင်ငံများ၌ အစ္စလာမ်အမြစ်တွယ်ခဲ့ကြောင်း၊ ပေါ်တူဂီတို့ဖမ်းဆီးခဲ့သော ဘင်္ဂလားမှလူများတွင် အဆင့်မြင့်သူများနှင့် ပညာတတ်များလည်း ပါဝင်ခဲ့ကြောင်း၊ ၎င်းတို့ကို ရခိုင်ရှိ အာရဗ်၊ ဟိန္ဒူနှင့်ရခိုင်မိသားစုများထဲတွင် ရောင်းချကြောင်း၊ အများစုကို ရခိုင်ဘုရင်၏စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးချကြောင်း ဖော်ပြထားတယ်။ ကြည့်- Dr. Khin Maung Nyunt.Myanmar Portuguese. Relations, Silver Jubilee Magazine Rangoon.University of Rangoon.
ပေါ်တူဂီဘုန်းတော်ကြီး မန်ရစ်က ကျွန်ုပ်သည် မွတ်စလင်များကို ခရစ်ယာန်သာသနာပြုရာ မအောင်မြင်ခဲ့ပေ ....လို့ ၁၆ရာစုခေတ် ပေါ်တူဂီကိုယ်စားလှယ်အဖြစ် မြောက်ဦးကိုရောက်လာတဲ့ ပေါ်တူဂီဘုန်းတော်ကြီး စဗ်ရှန်မန်ရစ်က သူကိုယ်တိုင်ရေးတဲ့ ကိုယ်တွေ့မှတ်တမ်း Travels of Frayမှာ ဆိုထားတယ်။
အတိအကျကတော့
Sebastian Manrique, Travels of Fray 1629-1643.Vol 1, Arakan, Oxford: Hakluyt Society 1927 page 101.102
ဒါအပြင် မန်ရစ်က အစ္စလာမ်နှင့်မွတ်စလင်တို့ကိုမုန်းတီးပြီး ရခိုင်နန်းတွင်း၌ မွတ်စလင်ထိပ်တန်းအရာရှိများ၊ပညာ ရှင်များ၊ သြဇာသက်ရောက်နေမှုကို သူ၏မှတ်တမ်းမှာ မကျေမနပ်ဖော်ပြထားတယ်။
သူကိုယ်တိုင် ရခိုင်ဘုရင်သီရိသုဓမ္မာကိုတွေ့ဖို့ နန်းတွင်းကို ဝင်ရောက်တဲ့အခါမှာ မွတ်စလင်တွေရဲ့နှုတ်ခွန်းဆက် စလာမ်၆ကြိမ်ဆိုခဲ့ရကြောင်းကိုပါ ဖော်ပြထားတယ်။အဲဒီခေတ်မှာပဲ ရခိုင်ဒေသကမွတ်စလင်တွေဟာ ဟာဂျီဖြစ်နေကြ
|
အတိအကျ ဖတ်ချင်ရင် Sebastian Manrique, Travels of Fray, page 379,388,335
မြောက်ဦးခေတ်မှာ မြောက်ဦးကိုရောက်ခဲ့သော ပေါ်တူဂီဘုန်းတော်ကြီး မန်ရစ်က သူကိုယ်တိုင်တွေ့ခဲ့သော ဗလီကြီးနှစ်လုံးပုံကို မြေပုံနဲ့တကွ ဖော်ပြခဲ့တယ်။
ဆရာချယ်မှတ်တမ်းက ဆင်ဒီခန်ဗလီကြီးပုံနှင့် နောက်ပိုင်းပျက်ဆီးပြုပျက်ပုံတွေကိုလည်း တင်ပြထားတယ်။
အခုတော့ ရခိုင်လူမျိုးအစွန်းရောက်တွေလက်ချက်ဖြင့် သမိုင်းဝင်ဗလီကြီး အစပျောက်သွားချေပြီ။
တချို့ရခိုင်တွေက ရခိုင်ပြည်မှ မွတ်စလင်ရှိကြောင်း ကျောက်စာပြလို့ ဆိုပါတယ်။ လူရာချီဆန့်တဲ့ ဗလီကြီးတောင် အစမကျန်အောင် ဖျက်ဆီးခံနေရချိန်မှာ ကျောက်ပြင်လောက်ရှိတဲ့ ကျောက်စာလောက်ကိုတော့ ရခိုင်အစွန်း ရောက်တွေက သနားတယ်လို့ ပြောကြမယ်။
ရခိုင်အစွန်းရောက်တွေက ဖျက်လို့မရတဲ့ ဗလီတွေကို ဘုရားစေတီလုပ်ခဲ့တဲ့ ပုံတွေကိုလည်း ကြည့်လိုက်ကြပါအုံး။
Link : Here (FB)
No comments:
Post a Comment