" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 10, 2020

ရခိုင်ဒုက္ခသည်တွေကို မွတ်စလင်တွေ ကူညီထောက်ပံ့

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ကျော်လွင်ဦး
2020-10-09


ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ နေထိုင်စားသောက်ရေးအတွက် စစ်တွေနဲ့ ရန်ကုန်က မွတ်စလင်တွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေက လှူ  ဒါန်းနေပါတယ်။ ဒီလို လူသားချင်းစာနာမှုဟာ နှစ်ဖက်အသိုင်းအဝိုင်းကြား ယုံကြည်မှုတွေ ပိုတိုးလာစေ တယ် လို့ သုံးသပ်ကြပါတယ်။

ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ တိုက်ပွဲတွေကြောင့် နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရတာ ကာ လ အတော်ကြာနေပြီဖြစ်လို့ နေစရာ အခက်အခဲအပြင် ဝမ်းရေးအတွက်လည်း ခက်ခဲနေရချိန်မှာ ကိုရိုနာဗိုင်း ရပ်စ် ကူးစက်မှု မြင့်မားနေတဲ့ကာလလည်း ဖြစ်တာကြောင့် ဘက်ပေါင်းစုံမှာ လိုအပ်ချက်တွေ များနေပါတယ်။

အခက်အခဲတွေ ကြုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ရိုဟင်ဂျာကျောင်းသားသမဂ္ဂက ရခိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂကတဆင့် ငွေကြေး လှူဒါန်းထားပါတယ်။

နောင်မှာလည်း ဒီလို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းက ဦးမောင်မောင်တင်က ပြောပါတယ်။

"ရခိုင်ပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့ကို ကျနော်တို့ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် မြန်မာကျပ်ငွေ ငါး သိန်းပေးလိုက်တယ်၊ အဲဒီငွေဟာ ကျနော်တို့ ကျောင်းသားလူငယ် အများကြီးပါပါတယ်၊ လူကြီးလည်း ပါပါ တယ်၊ ရခိုင် ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက် ကျနော်တို့လှူတယ်၊ ကျနော်တို့ ဆက်လက်ပြီးတော့ ရခိုင်ကျောင်း သားသမဂ္ဂနဲ့ ရိုဟင်ဂျာကျောင်းသားသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နေပါတယ်"

ဘင်္ဂလားဒေ့ရှ်ရောက်နေသူတွေအပြင် စစ်တွေမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ ရန်ကုန်ရောက် စစ်တွေဖွား မွတ်ဆလင်တွေကလည်း သူတို့ အသိုင်းအဝိုင်းကြားမှာ အလှူခံပြီး လူသားချင်း စာနာတဲ့အနေနဲ့ ပြန်လည်လှူ ဒါန်းတာတွေ ရှိနေတာပါ။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၁၃၅၂ ဦး ရှိပြီး သေဆုံးသူ လေးဦးထိ ရှိကာ တိုင်းနဲ့ပြည် နယ်တွေထဲမှာ ဒုတိယကူးစက်မှု အများဆုံး ပြည်နယ် ဖြစ်ပါတယ်။

ဒီလိုပိုးကူးစက်မှုများနေတဲ့နေရာဖြစ်နေပေမယ့် ရောဂါပိုး မကူးအောင် ကာကွယ်နိုင်တဲ့ ပစ္စည်းတွေကတော့ စစ်ဘေးဒုက္ခသည်တွေမှာ လုံလောက်မှု မရှိပါဘူး။

ဒါကြောင့် ရန်ကုန်ရောက် စစ်တွေမြို့ဖွား မွတ်စလင်လုပ်ငန်းရှင်တွေ စုပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက် ကာ ကွယ်ရေးအတွက် အသုံးပြုဖို့ စစ်တွေဆေးရုံနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ဝံလက်ဖောင်ဒေးရှင်းကို ငွေကြေးလှူဒါန်းခဲ့ပါတယ်။

ရန်ကုန်ရောက် စစ်တွေမြို့ဖွား မွတ်စလင်အဖွဲ့က ဦးမောင်မောင်ထွန်းက လူအသားအရောင်ကို မခွဲခြားဘဲ လူ သားချင်းစာနာတဲ့အနေနဲ့ လှူဒါန်းတာလို့ ပြောပါတယ်။

"ဘယ်သူဘယ်ဝါရယ် မဟုတ်ဘူး၊ အဖြူအမဲ ဘာမှမခွဲခြားဘူး၊ လူသားချင်းစာနာပြီး လူသားစိတ်နဲ့ လှူဒါန်းခြင်း ဖြစ် တယ်၊ ဒုက္ခရောက်တဲ့လူတွေကို လူသားချင်းစာနာတယ်၊ ဒီအပေါ်မှာပဲတွက်တယ်၊ ကျနော်တို့ကသနား တယ်၊ ကိုယ်ချင်းစာတယ်၊ ဒုက္ခသည်တွေမှာ ဘယ်ဒုက္ခသည်ဖြစ်ဖြစ်။ အဲဒါပဲ အခြားဘာမှမဟုတ်ပါဘူး"

စစ်တွေမြို့ သက်ကယ်ပြင်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာစခန်းခေါင်းဆောင် ဦးကျော်လှအောင်က လည်း ရခိုင်စစ်ဘေးဒုက္ခသည်တွေဟာ မွတ်စလင်တွေထက် ပိုအခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

"ဖေ့ဘွတ်ခ်မှာမြင်ရတယ်၊ သူတို့အိမ်တွေဘာတွေ မီးရှို့ခံရတယ်။ အခြားနေရာမှာ ရွေ့ပြီးနေရတယ်။ မိုးလည်း မလုံ လေလည်းမလုံ။ အဲလိုနေရတယ်ဆိုတော့ ကျနော်တို့ စိတ်မကောင်းဘူးဗျ၊ ကျနော်တို့ လူသားချင်း စာနာ တဲ့အနေနဲ့ လှူချင်တယ်။ကောင်းကောင်းပံ့ပိုးချင်တယ်။ ဒါပေမဲ့ အခြေအနေကမပေးဘူး။ လူသားချင်း ကိုယ် ချင်း စာနာပါတယ်၊ တအားဒုက္ခရောက်နေကြတယ် စစ်ဘေးဒုက္ခသည်တွေက။ ကျနော်တို့မွတ်စလင်တွေထက် အများကြီးဒုက္ခရောက်နေတာကို မြင်ရတယ်"

ရိုဟင်ဂျာပါတီဖြစ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်းက ရိုဟင်ဂျာ မွတ်စလင်တွေဟာ ရခိုင်တွေအပေါ် ကိုယ်ချင်းစာကြတယ်လို့ ဆိုပါတယ်။

"မွတ်စလင်တွေ ရိုဟင်ဂျာတွေက ရခိုင်တွေ ဒုက္ခရောက်နေတာ၊ အိုးအိမ်စွန့်ခွာနေရတာကို သူတို့ ကိုယ်ချင်းစာတယ်။ ရိုဟင်ဂျာတွေကိုယ်တိုင်က ၂၀၁၂ ခုနှစ်ကစပြီး ဒီလိုဒုက္ခသည်ဘဝနဲ့နေရတော့ သူများဖြစ်တာကို ကိုယ်ချင်းစာတာတော့ အမှန်ပဲ"

၂၀၁၂ ခုနှစ်က ရခိုင်နဲ့ မွတ်စလင် အသိုင်းအဝိုင်းနှစ်ခုကြားမှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး စစ်တွေအပါအဝင် မြို့ကြီး တွေမှာ မွတ်စလင်တွေဟာ ဒုက္ခသည်စခန်းတွေမှာပဲ နေထိုင်နေကြရပါတယ်။

ဒါ့အပြင်၂၀၁၇ ခုနှစ်မှာလည်း တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး အစီအစဉ်တွေကြောင့် ရိုဟင်ဂျာ မွတ်စလင် ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရပါတယ်။

စစ်တွေအခြေစိုက် ဝံလက်ဖောင်ဒေးရှင်းက ဦးခိုင်ကောင်းစံက မကြာသေးခင်ရက်ပိုင်းအတွင်း မွတ်စလင် တွေ က ရခိုင်ပြည်သူတွေအပေါ် လူသားချင်းစာနာမှုပေးတာက နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ ယုံကြည်မှု ပိုတိုးလာ စေတယ်လို့ သုံးသပ်ပါတယ်။

"၂၀၁၂ ပဋိပက္ခတွေ နောက်ပိုင်းမှာ ဆက်ဆံရေးတွေ အားကောင်းလာတာ တွေ့တယ်၊ ပြီးရင် ဖိနှပ်ခံနေရတဲ့ ရခိုင်ပြည်သူတွေအပေါ်မှာ ကိုယ်ချင်းစာနာမှုရှိတာကို သူတို့ပြတာပေါ့နော်၊ ဒါကကောင်းတဲ့လက္ခဏာတစ်ခုဖြစ် တယ်။ ဒီလိုမျိုး လှူဒါန်းမှုက တဖက်နဲ့တဖက် နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ နဂိုကဖြစ်ခဲ့တဲ့ ပြဿနာတွေကို ဖြေလျှော့တာရယ်၊ တဖက်နဲ့တဖက် ယုံကြည်မှုအားကောင်းမှုတွေ ဖြစ်လာနိုင်တယ်"

ရန်ကုန်မြို့က အစ္စလာမ်ဘာသာရေးခေါင်းဆောင်လည်းဖြစ်၊ ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်ဟောင်းလည်းဖြစ် တဲ့ ဦးအေးလွင်က တကယ့်မြေပြင်မှာ ရခိုင်နဲ့ မွတ်စလင် နှစ်ဖက်အသိုင်းအဝိုင်းကြား ဆက်ဆံရေးနဲ့ အပြန် အ လှန် လူသားချင်းစာနာမှုဟာ အရင်ကတည်းက ဒီပုံစံပဲလို့ ရှင်းပြပါတယ်။

"သူတို့ဟာ ပဋိပက္ခတွေကို အာရုံမပြုတော့ နဂိုအတိုင်းဘဲ ဆက်ဆံနေတယ်ဆိုတာဟာ ဒီသတင်းတွေဟာ ကောင်းသတင်းတွေပေါ့ဗျာ၊ ထွက်မလာဘူး၊ ဘာဖြစ်လို့ ထွက်မလာဘူးဆိုရင် စနစ်တကျ ဝါဒဖြန့်ပြီးတော့ လူမျိုးရေး ဘာ သာရေးကို ကိုင်ပြီးတော့ကာ အမြတ်ထုတ်ချင်တဲ့ပုဂ္ဂိုလ်မျိုးရဲ့ ဝါဒမှိုင်းက အင်မတန်ထူနေလို့ လူ တွေမသိတာ၊ အဲဒီတော့ ကျနော်အံ့အားမသင့်ဘူး၊ တယောက်နဲ့တယောက် စာနာမှုရှိမယ်ဆိုတာ အမှန်ပါပဲ၊ အထူးသဖြင့်လူငယ်တွေ၊ ကျောင်းသားသမဂ္ဂက လူငယ်တွေဆိုရင် လူငယ်တွေဟာ အမှန်တရားကို လိုလား တယ်ဗျ၊ ဘာမှ သူတို့ မကြောက်ဘူး၊ အရှိကိုအရှိတိုင်း စာနာမှုတွေပြနေတဲ့အတွက် ဒါဟာ အင်မတန် သဘာဝ ကျသော ဓမ္မဒါတစ်ခုဖြစ်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်"

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၁၀ ခုမှာ စစ်ဘေးဒုက္ခသည်ဦးရေ နှစ်သိန်းနှစ်သောင်း ခြောက်ထောင် ကျော် အထိ ရှိနေပြီလို့ စစ်ဘေးဒုက္ခသည်တွေအရေး အကူအညီတွေပေးနေတဲ့ ရခိုင်တိုင်းရင်း သားမျိုးနွယ် များအစည်း အရုံး REC ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ အမ်း စတဲ့မြို့နယ် ၁၀ ခုက ဒုက္ခသည်စခန်း ၁၆၃ ခုမှာခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ၇၇၉၀၀ ကျော်ရှိပြီး စခန်း တွေထဲကိုမရောက်ဘဲ နီးစပ်ရာမှာ ခိုလှုံနေကြသူတွေက ၁၄၈၈၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရတော့ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၁ ရက်နေ့အထိ စခန်းတွင်းရော စခန်းပြင်ပမှာပါ ခိုလှုံနေတဲ့ ဒုက္ခသည်ဦးရေဟာ ၇၆၀၀၀ ကျော်သာ ရှိတယ်လို့ ပြည်နယ်အစိုးရအ ဖွဲ့ပြောခွင့် ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောထားပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */