" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, May 18, 2020

စစ်တွေ မွတ်စလင်ရပ်ကွက်က ကျူးကျော်တွေ သုံးလအ တွင်းဖယ်ပေးဖို့ အာဏာပိုင်တွေအမိန့်ထုတ်

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
2020-05-18
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ စက်ရုံစုရပ်ကွက်က မီးလောင်ပြင်နေ ရာမှာ ကျူးကျော်နေထိုင်သူ ထောင့်နှစ်ရာကျော်ကို အချိန် သုံးလအတွင်းဖယ်ရှားဖို့ စစ်တွေမြို့နယ်အုပ် ချုပ်ရေးမှူးက အမိန့်ထုတ်လိုက်ပါတယ်။

စစ်တွေမြို့မှာ မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ စက်ရုံစုရပ်ကွက်က မီးလောင်ပြင်နေရာမှာ ဆောက် လုပ် ထားကြတဲ့ ကျူးကျော်အိမ်ပေါင်း ၁၂၅၅ လုံးကို အချိန် သုံးလအတွင်း ဖယ်ရှားဖို့ စစ်တွေ မြို့နယ်အုပ် ချုပ်ရေးမှူးက အမိန့်ထုတ်လိုက်တာပါ။

ဒီအမိန့်ကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်ကပင် ကြေငြာထားတယ်လို့ စက်ရုံစု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင် က ပြောပါတယ်။
“စာကို ကြော်ငြာဘုတ်မှာ ကပ်ထားဆိုလို့ ကျွန်တော်တို့ ကပ်ထားပါတယ်။ ဒီကိစ္စကို မြို့နယ်အုပ်ချုပ်ရေး မှူး ကိုပဲ မေးပေးပါ။ ဒီစာက သူတို့ဆီက ထုတ်တာပါ။ ကျွန်တော်တို့ ထုတ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကတော့ သူတို့ကဘိုးမှာကပ်ဆိုလို့ အဲဒီစာကို မေလ ၁၄ ရက်နေ့ကပင် ကြော်ငြာဘုတ်မှာ ကပ်ထားပါ တယ်”

စစ်တွေမြို့က စက်ရုံစုရပ်ကွက်ဆိုတာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် အကြမ်းဖက် ပဋိပက္ခတွေ မဖြစ်ခင်က မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ ရပ်ကွက်တစ်ခုပါ။ ၂၀၁၂ ခုနှစ် ဇွန်လမှာ ရခိုင်နဲ့ မွတ်စလင် ရိုဟင်ဂျာတွေအကြား လူ မျိုးရေး ပဋိပက္ခတွေဖြစ်လို့ နေအိမ်တွေ မီးရှို့ခံခဲ့ရပြီး မွတ်စလင် တစ်သိန်းကျော်ဟာ စစ်တွေမြို့ အနောက်ဘက် က ဒုက္ခသည်စခန်းအသီးသီးမှာ မှီခိုနေထိုင်နေကြရပါတယ်။

မွတ်စလင်တွေ နေထိုင်ခဲ့တဲ့ စက်ရုံစုရပ်ကွက်က မီးလောင်ပြင်နေရာတွေမှာ ကျေးလက်ဒေသတွေက ရခိုင် တိုင်း ရင်းသားတွေ တဖြည်းဖြည်း ဝင်ရောက်အခြေချ နေထိုင်ပြီး အခုဆိုရင် အဲဒီလို ဆောက်လုပ်ထားတဲ့ တဲအိမ် ပေါင်း ၄၀၀၀ ဝန်းကျင်လောက်တောင် ရှိတယ်လို့ ရပ်ကွက်နေသူတွေက ခန့်မှန်းကြပါတယ်။

၂၀၁၂ ပဋိပက္ခကြောင့် သက္ကယ်ပြင်ကျေးရွာမှာ ထွက်ပြေးခိုလှုံနေရတဲ့ ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးကျော်လှအောင်ကတော့ ကျူးကျော်တွေကို ဖယ်ရှားမယ့် ဆောင်ရွက်ချက်ကို ထောက်ခံကြောင်း ပြောပါ တယ်။

“အဲဒါကို အစိုးရက မလုပ်လို့ အစိုးရက နိုင်ငံတကာမှာ အမျိုးမျိုး စွပ်စွဲခံနေရတယ်။ အခု ဒီလိုလုပ်တဲ့ဟာက နိုင်ငံ တကာမှာ စွပ်စွဲခံရတဲ့ဟာက နည်းနည်းပေါ့သွားနိုင်တယ် အစိုးရအပေါ်မှာ။ အဲဒီကြောင့် အစိုးရက ဒီထက် အရင်လုပ်ဖို့ကောင်းတယ်။ ရှေ့မှာလူတွေ စဝင်ရောက်လာကတည်းက လုပ်ခဲ့ဖို့ကောင်း တယ်။ အခု လုပ်တာကို ကျွန်တော့အနေနဲ့ ထောက်ခံပါတယ်။ ဆက်လက်ပြီးတော့ ဒီလိုလုပ်သွားမှ နိုင် ငံတော်အတွက် လည်း ကောင်းမယ်လို့ ကျွန်တော့အနေနဲ့ ယူဆပါတယ်”

ရခိုင်ကျေးလက်ဒေသတွေမှာ အလုပ်အကိုင်တွေ ရှားပါးလွန်းတာကြောင့် တစ်ချိန်က စစ်တွေမြို့မှာ မွတ်စ လင်တွေ လုပ်ကိုင်ခဲ့တဲ့ အခြေခံအလုပ်သမားတွေ နေရာမှာ ကျေးလက်ဒေသက ရခိုင်တိုင်းရင်းသားတွေ ဝင်ရောက် လုပ်ကိုင်ခဲ့ကြတာပါ။

စစ်တွေမြို့မှာ အိမ်ခြံမြေဈေး၊ အိမ်ငှားခဈေးတွေ များပြားတာကြောင့် ဒေသခံတွေဟာ မွတ်စလင်တွေ နေ ထိုင်ခဲ့ မီးလောင်ပြင်နေရာတွေမှာ ဝင်ရောက် နေထိုင်လာခဲ့ကြရာကနေ ကျူးကျော် တဲအိမ်တွေများပြား လာခဲ့တာလည်း ဖြစ်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျူးကျော်နေထိုင်သူတစ်ဦးက အစိုးရအနေနဲ့ ဒေသခံတွေ အဆင် ပြေ အောင် သီးခြားမြေတစ်ခုခုမှာ အစားထိုးနေရာ ချထားပေးချင်ကြောင်း ပြောပါတယ်။

“မြေနေရာတော့ အစားထိုးပေးရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရမြေဆိုတော့ အဲဒီနေရာမှာ မသင့် တော်ဘူး ဒီနေရာပဲ နေရမယ်ဆိုရင် ကျွန်တော်တို့ နေမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံ သား တွေ နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေရဘူးလို့ ပြောထားတာရှိတယ် ဆိုတော့ နိုင်ငံသားတွေရဲ့ အခွင့်အ ရေးတွေကို ကျွန်တော်တို့ကို ပေးရမှာပေါ့။ နေစရာနေရာသာ မရှိဘူးဆိုရင် ကျွန်တော်တို့ အ တွက် အလုပ် ရော၊ အစားရော အဆင်ပြေမှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့လည်း ဘာမှတတ်နိုင် မှာမ ဟုတ်ဘူး။ အခြား လူတွေ ကတော့ မြေနေရာအစားထိုး မပေးဘဘူးဆိုရင် မီးရှို့ချင်မီးရှို့ပါစေ ဒီကနေ ထွက်သွားမှာ မဟုတ် ဘူး လို့ပြောနေကြတယ်”

မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့စာထဲမှာ မေလ ၁၄ ရက်ကနေ သြဂုတ်လ ၁၄ ရက်နေ့အတွင်း ကျူးကျော်တဲအိမ် တွေကို ဖယ်ရှားမပေးဘူးဆိုရင် ဥပဒေနဲ့အညီ ဖယ်ရှားဆောင်ရွက်သွားမယ်လို့ ဖော်ပြပါရှိပါတယ်။

ဒေသခံတွေ ထိခိုက်မှုမရှိအောင် ဘာတွေ ပြင်ဆင်ထားသလဲ ဆိုတာကိုသိနိုင်ဖို့ အမိန့်စာထုတ်တဲ့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ပြောခွင့်ရသူ စည်ပင်သာယာရေး ပြည်နယ်ဝန်ကြီး ဦးဝင်းမြင့်ကတော့ ဒီကိစ္စဟာ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်တာ မဟုတ်ဘူးလို့ သူ့အနေနဲ့ မသိ သေးဘူးလို့ ပြောပါတယ်။

“ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးထားချက်လည်း အစည်းအဝေးတွေမှာ မတွေ့သေးဘူး။ ဒါကြောင့် ဒီကိစ္စကို ကျွန်တော့အနေနဲ့ ပြောလို့တော့ မရသေးဘူး။ ဒီဟာက လုံနယ်ဌာနက ထွက်တာလား ဘယ်ဟာက ထွက်တာလဲ ဆိုတာကို တိတိကျကျ မသိတဲ့အခါ သူတို့ဘယ်လို လုပ်ထားလဲပြောလို့တော့ မရ သေးဘူး။ အစိုးရ အ စည်း အဝေး ဆုံးဖြတ်ချက် အရတော့ မဟုတ်သေးဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးကိုပဲ မေးပေးပါ။ ဒီစာက ဘယ်ကနေညွှန်ကြားလို့ ထွက်တာလဲဆိုတာကို သူ့ကိုမေးရင်တော့ ပိုပြီးသေချာ မှာပါ”

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စစ်တွေမြို့ အပါအဝင် ရခိုင်မြို့နယ်ပေါင်း ၁၀ ကျော်မှာ ဒေသခံ ရခိုင်တိုင်းရင်း သား တွေနဲ့ မွတ်စလင် ရိုဟင်ဂျာတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး မွတ်စလင်တွေဟာ ဒီနေ့အချိန်အထိ ဒုက္ခသည် စခန်းတွေမှာ မှီခိုနေကြရဆဲဖြစ်ပါတယ်။

အခုစစ်တွေမြို့မှာ မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်တဲ့နေရာက ကျူးကျော်တွေကို ဖယ်ရှားခိုင်းတာဟာ လူ မျိုးတုံး သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာအစိုးရဘက်က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို မကြာခင် ပထမ ဆုံး အစီရင်ခံစာ ပေးပို့ရမယ့်အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */