" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, August 16, 2020

မောင်တောခရိုင်က မွတ်ဆလင် ကိုယ်စားလှယ်လောင်း ၅ ဦး ပယ်ချခံရ

B B C
ဘီဘီစီ မြန်မာပိုင်း
2020-08-16
  ကိုယ်စားလှယ်လောင်း ငါးဦးဟာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိ ဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ ငြိစွန်း နေတယ်လို့ ကော်မရှင် ပြောပါတယ်

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော် ကိုယ် စားလှယ်လောင်းအဖြစ် လျှောက်ထားတဲ့ မွတ်ဆလင်ကိုယ်စားလှယ်လောင်း ငါးဦးကို သက်ဆိုင်ရာ ခရိုင်ရွေး ကောက်ပွဲကော်မရှင်တွေက ပယ်ချလိုက်ပါတယ်။

ပယ်ချခံလိုက်ရတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းငါးဦးလုံးမှာ စစ်တွေနဲ့ဘူးသီးတောင်မြို့နယ်မှာနေထိုင် တဲ့ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပါတယ်။

သူတို့ထဲက နှစ်ဦးဟာ ဩဂုတ်လ ဒုတိယအပတ်က ပယ်ချခံရတာဖြစ်ပြီး သြဂုတ်လ ၁၆ ရက်နေ့မှာတော့ သုံးဦးကို ထပ်မံပယ်ချတာဖြစ်တယ်လို့ မောင်တောခရိုင် ရွေးကောက်ပွဲအရာရှိ ဦးကျော်သန်းက ဘီဘီစီကို အတည်ပြုပြောပါတယ်။

ဘူးသီးတောင်မဲဆန္ဒနယ်မြေက တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက် ထား တဲ့ အဘူတာဟေရ် (ခ) ဦးသာအေး လျှောက်လွှာကို ကော်မရှင်က ဩဂုတ်လ ၁၄ ရက်မှာ စိစစ်ခဲ့ပြီ ပယ်ချလိုက်ကြောင်း အကြောင်းကြားစာကို တစ်ခါတည်း ထုတ်ပြန်ပေးခဲ့တာဖြစ်တယ်လို့ သူကပြော ပါ တယ်။

ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံပိုင်ခွင့်မရှိကြောင်း ကော်မရှင်က တရားဝင်အကြောင်းကြားတဲ့စာမှာ ပယ်ချရတဲ့ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ခိုင်ခိုင်မာမာရေးထားတာ မရှိဘူးလို့ ဦးအဘူတာဟေရ်က ပြောပါ တယ်။

ဒါ့အပြင် ဘူးသီးတောင်မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်အမှတ် ၂ မှာ ဝင်ရောက်ယှယ်ပြိုင်မယ့် ဦးဇာဖော အူလာ (ခ) ဦးစောမြင့်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ မှာဝင်ရောက်ယှယ်ပြိုင်မယ့် ဦးအောင်လှ၊ ပြည်သူ့ လွှတ်တော်မှာဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးကျော်မင်း (ခ) မာမောက်ရှော်ဒူနော်ရူရာဟောက်၊ မောင်တောမဲ ဆန္ဒနယ်က ပြည်သူ့လွှတ် တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးအေးဝင်းတို့လေးဦးကို ကော်မရှင်က စစ်ဆေးမှုတွေပြုလုပ်ပြီး ဦးအေးဝင်း ကလွဲလို့ ကျန်တဲ့သူ သုံးဦးလုံးကို ပယ်ချလိုက်တယ်လို့ ကော်မရှင်က ဆိုပါတယ်။

ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားမှုကနေ ပယ်ချခံလိုက်ရသူ လေးဦးတို့ဟာ လွှတ်တော်ကိုယ်စား လှယ်လောင်းရွေးချယ်ရေးဥပဒေတွေဖြစ်တဲ့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (င) တို့နဲ့ကိုက်ညီမှုမရှိ တာကြောင့် ပယ်ချခဲ့တာဖြစ်တယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးကျော်သန်းက ရှင်းပြပါတယ်။

"ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ (င)အရ ပယ်တာပါ။ ဥပ‌ဒေပုဒ်မက ဘယ်လိုလဲဆိုတော့ မွေးဖွား စဉ် က မိဘ တစ်ပါးပါးဖြစ်စေ၊ နှစ်ပါးစလုံးဖြစ်စေ၊ နိုင်ငံသား ဖြစ်ရမယ်။ ကျွန်တော်တို့စစ်တာကတော့ သက် ဆိုင် ရာ လဝကနဲ့ ကျွန်တော်တို့စစ်တယ်။ သူတို့ကတော့ နိုင်ငံသားဖြစ်တယ်။ သူတို့မိဘနှစ်ပါးက နိုင်ငံ သား မဖြစ်ဘူးပေါ့။ သူတို့က 'အမတ'တွေ ကိုင်ထားတာ။ အဲ့ဒါဆို နိုင်ငံသားမဖြစ်ဘူးပေါ့။ အဲ့ဒါကိုပဲ စစ်တာ ပါ။ အဲဒီဥပဒေနဲ့ပယ်တာပါ"လို့ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးကျော်သန်းက ပြောပါတယ်။

 
      မွတ်ဆလင်တွေကို ထုတ်ပေးထားတဲ့ အမျိုးသားမှတ်ပုံတင် (အမတ)ဟာ နိုင်ငံသားဖြစ်မှုမှာ အကျုံးမဝင် တဲ့အတွက် အဲ့ဒီလူတွေကို နိုင်ငံသားအဖြစ် ဥပဒေအရ အသိအမှတ်မပြုတာဖြစ်တယ်လို့ သိရပါတယ်။

ကိုယ်စားလှယ်လောင်းလျှောက်ထားရာက ပယ်ချခံလိုက်ရတဲ့ ငါးဦးအနက် လေးဦးဟာ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးပါတီ ကိုယ်စားပြု လျှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဖြစ်ကြပါတယ်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းလျှောက်ထားမှုကနေ ပယ်ချခံလိုက်ရတဲ့ တစ်သီးပုဂ္ဂလ ဦးအဘူတာဟေရ်ဟာ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ မေယုကျောင်းသား ဖွံ့ဖြိုးတိုးတက် ရေးပါတီ၊ ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီတွေက ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၁၀ ခုနှစ်မှာတော့ မဲအနိုင်ရရှိခဲ့ပေမယ့် ကော်မရှင်က လွှတ်တော်ကိုယ် စားလှယ်အဖြစ် အသိ အမှတ်မပြုတဲ့အတွက် လွှတ်တော်ကိုယ်စားလှ ဖြစ်ခွင့်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားခဲ့ပေမယ့် ကန့်ကွက်သူတွေရှိတဲ့အတွက် ပယ် ချ ခံခဲ့ရပြီး အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မိဘတွေ နိုင်ငံသားမဖြစ်တဲ့အတွက်ဆိုပြီး အခုလို ပယ်ချခံ လိုက် ရတာ ဖြစ်တယ်လို့ ဦးအဘူတာဟေရ်က ပြောပါတယ်။

သူဟာ နိုင်ငံသားဖြစ်ပြီး ဥပဒေအရ အရွေးချယ်ခံပိုင်ခွင့်အထောက်အထားတွေရှိတဲ့အတွက် နှစ်ကြိမ်တိုင် တိုင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပြီးဖြစ်တယ်လို့ ထောက်ပြ ပြောဆိုပါတယ်။

ဦးအဘူတာဟေရ်ဟာ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း မြို့ပြအင်ဂျင်နီယာတစ်ဦးလည်းဖြစ်ပါတယ်။

"ဥပဒေအတိုင်း မဆောင်ရွက်ဘဲနဲ့ ဥပဒေနောက်ကြောင်းပြန်တာပဲဖြစ်တယ်။ ဒါဥပဒေ အတိုင်းဆုံးဖြတ် တာမဟုတ် ဘူး။ ပေါ်လစီချပြီးတော့မှ ဆုံးဖြတ်တယ် လို့မြင်တယ်။ ဒီလိုဆုံးဖြတ်ခြင်းသည် ဥပဒေနဲ့လုံးဝ ကိုက် ညီ မှုမရှိဘူး။ ပထမတစ်ချက် ၂၀၀၈ ဖွဲ့စည်းပုံနဲ့လည်း ကိုက်ညီမှုမရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က နိုင်ငံသားဖြစ်ပြီးသားလူတစ်ယောက်ဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၅ အရ မိမိ ကိုယ်တိုင် နိုင်ငံသားဖြစ်သလို မိဘနှစ်ပါးကလည်း နိုင်ငံသားအရည်အချင်းနဲ့ ပြည်စုံတယ်ဆိုတာကို ငြင်း ဆိုစရာမရှိတဲ့ကိစ္စကို ပေါ်လစီနဲ့ ချမှတ်လိုက်တဲ့အတွက် ဥပဒေနောက်ကြောင်းပြန်တယ်လို့ ဆိုလိုချင်ပါ တယ်"လို့ ဦးအဘူတာဟေရ် ကပြောပါတယ်။

ဒီလိုပယ်လိုက်ခြင်းအားဖြင့် သူတို့ကိုထောက်ခံတဲ့ ပြည်သူတွေကိုပါ ပယ်လိုက်သလိုဖြစ်တဲ့အပြင် အဲ့ဒီလူ မျိုးစုကို ပစ်ပယ်လိုက်သလို ဖြစ်နေတယ်လို့ ထောက်ပြပြောဆိုပါတယ်။

ဒေသအေးချမ်းသာယာမှု၊ သဟဇာတဖြစ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းမှုလုပ်ငန်းတွေမှာလည်း အဟန့်အ တား တစ်ခုဖြစ်ခဲ့ရသလို ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ်အတွက်ရော တခြားလူမျိုးစုအတွက်ပါ ဆုံးရှုံးမှုတစ် ရပ်လို့ ရှုမြင်ကြောင်း ဦးအဘူတာဟေရ်က ပြောပါတယ်။

အမတ ကိုင်ဆောင်တဲ့မိဘတွေက မွေးဖွားလာခဲ့တဲ့သူတွေဟာ လက်ရှိမှာနိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံထားရပေမယ့် ဥပဒေအရ ပါတီထူထောင်ပိုင်ခွင့်၊ မဲပေးပိုင်ခွင့်ရှိသော်လည်း ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်မရှိဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ ငြိစွန်းနေတယ်လို့ ကော်မရှင်ကတုံ့ပြန်ထားပါတယ်။

    
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */