Monday, November 14, 2016

Myanmar violence: dozens killed as army clashes with Rohingya in Rakhine state

The Guardian

Agence France-Presse
Mon 14 Nov 2016

 

Restive region on border with Bangladesh sees weekend of violence after army claims Rohingya militants rushed at them 

Myanmar police officers patrol the border between Myanmar and Bangladesh in Maungdaw, Rakhine State, in this photo from October. Photograph: Thein Zaw/AP
 

Myanmar’s Rakhine state erupted in violence over the weekend with more than 30 insurgents killed, the military said, as fears grow for the strife-torn region.

Northern Rakhine, which is home to the Muslim Rohingya minority and borders Bangladesh, has been under military lockdown ever since surprise raids on border posts killed nine police last month.

Friday, November 11, 2016

Aljazeera about Fake News. ( AJ )

11.11.2016
Rohingya activist Nay San Lwin said there is a lot of information coming up but there is a lot of fear among Rohingyas that the government is monitoring their motions.


Wednesday, November 9, 2016

ရသေ့တောင် အနောက်ပြင်ရွာမှ ရိုဟင်ဂျာ များကို နေ့ရော ညပါ အိမ်ပြင် မထွက်ရန် စစ်တပ်မှ အမိန့်ထုတ်ထား

MYARF
RB News
09.01.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ ကူတောင် အခြေစိုက် ခမရ (၅၅၁) တပ်ရင်းမှ ဗိုလ်ကြီး စိုင်းအောင်ကျော်သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် အနောက်ပြင် ကျေးရွာမှ ရိုဟင်ဂျာ အချို့ကို ရခိုင်များထံမှ စပါး ခိုးယူခဲ့သည်ဟု စွပ်စွဲ ဖမ်းဆီး၍ ရိုက်နှက်ပြီး ငွေညှစ်ခဲ့သည်။ ရခိုင်ရွာတွင် စပါးသွားရိတ် လိုသည့် ရိုဟင်ဂျာများ ထံမှ ငွေကျပ် ၃၀၀၀ စီကောက်ခံခဲ့သည်။ ဗိုလ်ကြီး သက်ပိုင်ဦးနှင့် အဖွဲ့အချိန်မတော် ရွာ ထဲသို့ဝင်ပြီး ရိုဟင်ဂျာများကို ရိုက်နှက်ခဲ့သည်။

Tuesday, October 25, 2016

ရခိုင်က မွတ်ဆလင်ေ တွ ကိစ္စ စုံစမ်းဖို့ ကုလနှိုးဆော်

BBC
ရက်စွဲ့။( 25.10.2016 )
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂ ပတ် အတွင်း ရဲ ဝန်ထမ်း ၉ ယောက် အသတ်ခံရပြီး နောက် စစ်တပ်က နယ်မြေ ရှင်းလင်းရေးတွေ လုပ်ခဲ့တဲ့ အတွင်း မွတ်ဆလင် တွေ ကို မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာတွေ ရှိနေ တယ် ဆိုတဲ့ သတင်းတွေကို စုံစမ်း စစ်ဆေးဖို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ဆော်သြ လိုက်ပါတယ်။

Monday, October 24, 2016

မွတ်ဆလင်မ် ရွာတွေမှာ ကျူးလွန်မှုတွေ မရှိဘူးလို့ ရခိုင်ပြည်နယ် အစိုးရ ငြင်းဆို

BBC 
24.10.2016   
မွတ်ဆလင်မ် ရွာတွေမှာ ကျူးလွန်မှုတွေ မရှိဘူးလို့ ရခိုင်ပြည်နယ် အစိုးရ ငြင်းဆို
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲ အစိုးရ စစ်တပ်က စစ်ဆင်ရေး လုပ်နေတာမှာ မွတ်ဆလင်မ်ရွာ တွေ မှာ ရွာသားတွေကို နှင်ထုတ်တာ၊ ပိုင်ဆိုင်မှုတွေ ဖျက်စီးတာတွေ ပြုလုပ် နေတယ်ဆိုတဲ့ သတင်းတွေကို ရခိုင်အစိုးရက ငြင်းဆို လိုက်ပါတယ်။

Sunday, October 23, 2016

နယ်ခြားစောင့် စခန်းတွေ အတိုက် ခံရမှု နောက်ဆက်တွဲ ဖမ်းဆီးတာတွေ ပြုလုပ်

BBC
23.10.2016  
            
   နယ်ခြားစောင့် စခန်းတွေ အတိုက် ခံရမှု နောက်ဆက်တွဲ ဖမ်းဆီးတာတွေ ပြုလုပ်
ရခိုင်ပြည်နယ် မောင်တော မြို့နယ်မှာ နယ်ခြားစောင့် စခန်း တွေကို တိုက်ခိုက်ခဲ့တဲ့ လက်နက်ကိုင်တွေနဲ့ အဆက် အစပ် ရှိတယ် ဆိုတဲ့ စွဲချက်နဲ့ စုစုပေါင်း လူ ၅ ယောက် အဖမ်း ခံလိုက် ရပါတယ်။

Wednesday, October 19, 2016

ဖမ်းခံရသူတွေက ငါးခူရ စခန်းကို ဝင်တိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေလို့ ထွက်ဆို



BBC
19.10.2016
ဖမ်းခံရသူတွေက ငါးခူရ စခန်းကို ဝင်တိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေလို့ ထွက်ဆို

မောင်တောမြို့နယ် ငါးခူရ ကျေးရွာမှာ နယ်မြေ စစ်ဆင်ရေး လုပ်ရင်း လူဆယ့်တစ်ယောက်ကို ဖမ်းမိခဲ့တယ်လို့ နယ်မြေခံ အရာရှိ တယောက်ရဲ့ ပြောပါတယ်။
                                                                              

Tuesday, October 18, 2016

ရခိုင်အရေး ဘယ်လို ကိုင်တွယ် ဖြေရှင်းသင့်သလဲ

BBC
18.10.2026
 
မောင်တော ဒေသ အခြေအနေ တည်ငြိမ်လာနေပြီလို့ ရခိုင်ပြည်နယ် အစိုးရက ပြောပါတယ်။တပ်မတော် နဲ့ ရဲတပ်ဖွဲ့က နယ်မြေ ရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေပြီး ကျေးရွာ တွေမှာ အပြည့်အဝ လုံခြုံရေး ယူထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
နယ်ခြားစောင့် တပ်စခန်းတွေကို တိုက်ခိုက်ပြီး ယူသွားကြတဲ့ လက်နက်တွေ ကတော့ ပြန်မရ သေးဘူးလို့ သူက ပြောပါတယ်။

Monday, October 17, 2016

မောင်တောဒေသ နယ်ခြားစောင့်တပ်ဖွဲ့ ရဲမှူးချုပ် ပြောင်းလဲခန့်အပ်

BBC 
17.10.2016  
ရခိုင်ပြည်နယ်ထဲမှာ မြန်မာ အစိုးရရဲ့ နယ်ခြားစောင့် စခန်းတွေကို ချိန်ကိုက် တိုက်ခိုက် ခဲ့တဲ့ အပေါ် ရှုတ်ချ ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဌာနက ထုတ်ပြန် ထားပါတယ်။

Sunday, October 16, 2016

မတည်ငြိမ်တဲ့ မောင်တောမှာ လုံခြုံရေးတင်းကျပ်ထား

BBC
16.10.2016
ရခိုင်ပြည်နယ် မောင်တော မြို့နယ်တောင်ပိုင်းမှာ လုံခြုံရေးတင်းကျပ်ထားပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

Saturday, October 15, 2016

အနောက်တံခါးမှ စွန့်ခွာခြင်း

TheVoiceWeekly Journal 

15-Oct-2016

အောင်မင်္ဂလာကျေးရွာတွင် ကျန်ရှိနေသည့် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ နေအိမ် ကိုစွန့်ခွာ ရန် အသင့်ဖြစ်နေကြပြီ။ ၎င်းတို့ကို လိုက်ပါခွင့်ရနိုင်မည့်ကားကိုမျှော်ကာ အထုပ်အပိုးများကို နေအိမ် ရှေ့တွင်စုပုံထားကြသည်။ အသက်အာမခံချက်မရှိသည့် ယင်းနေရာတွင် နေအိမ်ကို စွန့်ခွာသွားရန်မှအပ အခြား နည်းလမ်း နတ္ထိ။

Friday, October 14, 2016

RSO နှင့် မူဂျာဟစ်ဒင် နောက်ခံသမိုင်း

ဧရာဝတီ 
14 October 2016
၁၉၆၁ ခုနှစ် "ရိုဟင်ဂျာ မူဂျာဟစ်"သူပုန်တဦး တပ်မတော်၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီးထံ လက်နက်ချစဉ်

ရခိုင်ပြည်နယ် မောင်တော တိုက်ခိုက်ခံရမှုတွင် RSO (Rohingya Solidarity Organization) ဆိုသော လက် နက်ကိုင်အဖွဲ့၏ အမည်က ပြန်လည်ပေါ်ထွက်လာခဲ့သည်။ သို့သော် အစိုးရကမူ RSO ၏ လက်ချက်ဟု အတိ အလင်း ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိသေးပေ။

( 14.10.2016 )မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် တိုက်ခိုက်မှု အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်အမှတ် (၁/၂၀၁၆)

                                        
                                           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက်အမှတ် (၁/၂၀၁၆)
(၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်)
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ  ၁၄ ရက်)
မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် တိုက်ခိုက်မှု အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်

 ၁။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်း စခန်းနှင့် ငါးခူရ နယ်မြေရုံးများသို့ အကြမ်းဖက်သမားများက အလစ်အငိုက် ရယူ၍ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါသည်။အကြမ်း ဖက်သမားများ၏ တိုက်ခိုက်မှု ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၉ ဦး ကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက်သမား ၈ ဦး၏ အလောင်း များ ရရှိခဲ့ပြီး ၂ ဦးအား အရှင် ဖမ်းမိခဲ့ပါသည်။ ၎င်းတို့ထံမှ လုပ်သေနတ်ပစ္စတို ၁ လက်၊ ၎င်းကျည် ၂ တောင့်နှင့် ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ပါသည်။

( 14.10.2016 )ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ အထူး အစည်းအဝေး ကျင်းပ

၁၄ အောက်တိုဘာလ ၂၀၁၆
ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ အထူး အစည်းအဝေး ကျင်းပ

မြန်မာ နိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ကာကွယ်ရေး လုံခြုံရေး ကိစ္စရပ်တွေနဲ့ ဆိုင်တဲ့ အထူး အစည်း အဝေးကို နေပြည်တော်က နိုင်ငံတော်သမ္မတ အိမ်တော်မှာ အောက်တိုဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့ ပါတယ်။

Wednesday, October 12, 2016

ရခိုင်မှာ လေးရက်မြောက် ပစ်ခတ်မှုတွေ ဆက် ဖြစ်ပြီး ရွာသားတွေ ထွက်ပြေးနေ

BBC 
12.10.2016
                                                      ရခိုင်မှာ လေးရက်မြောက် ပစ်ခတ်မှုတွေ ဆက် ဖြစ်ပြီး ရွာသားတွေ ထွက်ပြေးနေ
 
ရခိုင်ပြည်နယ် မောင်တော မြို့နယ် ထဲမှာ နယ်ခြားစောင့် စခန်း တွေ စီနင်း ခံခဲ့ရ အပြီး အောက်တိုဘာ ၁၂ ရက် ဗုဒ္ဓဟူးနေ့ အထိ ပစ်ခတ်မှုတချို့ လေးရက်မြောက် ဆက်လက် ဖြစ်ပေါ်ခဲ့ပါတယ်။

ရခိုင်မှာ အင်အားသုံးစွဲမှုကို အစွမ်းကုန် ထိန်းချုပ် လုပ်ဆောင်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း

BBC
12.10.2016
 
ရခိုင်မှာ အင်အားသုံးစွဲမှုကို အစွမ်းကုန် ထိန်းချုပ် လုပ်ဆောင်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က အစိုးရရဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကို ဘယ်သူ ဘယ်ဝါတွေမှန်း မသိရတဲ့ လူတွေက တိုက်ခိုက်လာတဲ့ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ အနေနဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပေါ် လာပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ အရပ်သားတွေ အသေအပျောက် ရှိနေတဲ့ အပေါ် အင်မတန် စိုးရိမ် မိတယ် လို့ ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယားက ပြောဆို လိုက်ပါတယ်။

အခင်းဖြစ်ရာ နယ်မြေတွေမှာ လူမျိုးနွယ်စု နဲ့ ဘာသာတရား တို့ အပေါ် မူတည်လို့ ပစ်မှတ်ထား တုံ့ပြန် ကိုင် တွယ် တာမျိုး မလုပ်ပဲ၊ အင်အားသုံးစွဲ ဖြေရှင်း တာမျိုးကို အစွမ်းကုန် ထိန်းချုပ် လုပ်ကိုင် ပါ ဆိုပြီး တော့လည်း မစ္စတာ နမ်ဘီယာ က ပြောပါတယ်။ #ဘီဘီစီမြန်မာပိုင်း

Monday, October 10, 2016

ရခိုင်မှာ အစိုးရ တပ်တွေက မွတ်ဆလင် ရွာတွေကို ပိတ်ဆို့ ရှာဖွေ

BBC
10.10.2016
 စစ်ရဟတ်ယာဉ်တွေ သုံးပြီး နယ်မြေ ရှင်းလင်း
 
ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင် မြိုနယ်တွေထဲက နယ်ခြားစောင့် ရဲစခန်းတွေ တိုက်ခိုက် ခံခဲ့ရပြီး လက် နက်တိုက် အဖောက် ခံခဲရတဲ့ အတွက် အစိုးရ စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ တွေ ဟာ နယ်မြေ ရှင်းလင်းရေးတွေ တနင်္လာနေ့က လုပ်ဆောင် ခဲ့တာမှာ မွတ်ဆလင် ရွာတွေ တော်တော်များများကို ပိတ်ဆို့ ရှာဖွေ ခဲ့ ပါတယ်။

Sunday, October 9, 2016

ရခိုင်တိုက်ခိုက်ခံရမှု ၁၇ ဦးသေ

BBC
၉ အောက်တိုဘာ ၂၀၁၆
မောင်တော၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေက နယ်ခြားစောင့်ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်အပါအဝင် ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက နယ်ခြားစောင့်ရဲ နယ်မြေရုံးတွေ အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရပြီး လက်နက်တွေ လုယူခံရတယ်လို့ အစိုးရက အတည်ပြုပြောကြားပါတယ်။

Wednesday, September 21, 2016

Myanmar - Minister for Foreign Affairs Addresses General Debate, 71st Session, Daw Aung San Suu Kyi

Myanmar - Minister for Foreign Affairs Addresses General Debate, 71st Session 

21 Sep 2016 - Aung San Suu Kyi, State Counsellor and Minister for Foreign Affairs of the Republic of the Union of Myanmar, addresses the general debate of the 71st Session of the General Assembly of the UN (New York, 20-26 September 2016).
Link :http://webtv.un.org/search/myanmar-d%C3%A9bat-g%C3%A9n%C3%A9ral-71e-session/5135373351001/?term=Aung%20San%20Suu%20Kyi&lan=french&sort=date

Friday, September 9, 2016

( 08.09.2016 ) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မ ရှင်၏ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မည့် Mr. Kofi Annan အား လက်ခံတွေ့ဆုံ


နေပြည်တော် ၊ စက်တင်ဘာ - ၈


ရခိုင်တိုင်းရင်းသားများအတွက် ထိရှ လွယ်သည့်ဖြစ်စဉ်ဖြစ်၍ ရခိုင်တိုင်း ရင်းသားများ လက်ခံ နိုင်ရန်မှာ အဓိက ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ဆန္ဒသည် အဓိကကျကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံ သားဖြစ်မှု ကို သာမ က တိုင်းရင်းသားစည်းလုံး ညီညွတ် ရေး၊ ဒီမိုကရေစီအရေးတို့ကိုပါ ထည့် သွင်းစဉ်းစား ရကြောင်း၊ ကော်မရှင် အနေဖြင့် ဖြစ်စဉ်ဖြစ် ပေါ်ခဲ့ရသည့် အခြေအနေ သမိုင်း ကြောင်းနှင့် ယှဉ် ၍လေ့လာဆောင် ရွက်ရန် အကြံပြုလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၉ နာရီတွင် နေပြည် တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်း မဆောင်၌ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ ဥက္ကဋ္အဖြစ်ဆောင် ရွက်မည့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annan  အား လက်ခံ တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */