" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, September 9, 2016

( 08.09.2016 ) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မ ရှင်၏ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မည့် Mr. Kofi Annan အား လက်ခံတွေ့ဆုံ


နေပြည်တော် ၊ စက်တင်ဘာ - ၈


ရခိုင်တိုင်းရင်းသားများအတွက် ထိရှ လွယ်သည့်ဖြစ်စဉ်ဖြစ်၍ ရခိုင်တိုင်း ရင်းသားများ လက်ခံ နိုင်ရန်မှာ အဓိက ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ဆန္ဒသည် အဓိကကျကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံ သားဖြစ်မှု ကို သာမ က တိုင်းရင်းသားစည်းလုံး ညီညွတ် ရေး၊ ဒီမိုကရေစီအရေးတို့ကိုပါ ထည့် သွင်းစဉ်းစား ရကြောင်း၊ ကော်မရှင် အနေဖြင့် ဖြစ်စဉ်ဖြစ် ပေါ်ခဲ့ရသည့် အခြေအနေ သမိုင်း ကြောင်းနှင့် ယှဉ် ၍လေ့လာဆောင် ရွက်ရန် အကြံပြုလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၉ နာရီတွင် နေပြည် တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်း မဆောင်၌ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ ဥက္ကဋ္အဖြစ်ဆောင် ရွက်မည့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annan  အား လက်ခံ တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

 တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ် ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး Mr. Kofi Annan နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နောက်ခံသမိုင်းကြောင်းနှင့် ပတ်သက်၍ ၁၈၂၄ခုနှစ်၊ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲတွင် စစ်ရှုံးပြီး ရခိုင်ဒေသသည် ဗြိတိသျှ ကိုလိုနီဖြစ်သွား ခဲ့ကြောင်း၊ ၁၈၈၆ ခုနှစ်တွင်မြန် မာတစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီဖြစ်ခဲ့ရကြောင်း၊ ယင်းကာလ အတွင်း နယ်ချဲ့တို့က စီးပွားရေးအရ စပါးစိုက်ပျိုးရန် ဘင်္ဂလားဒေသမှ ဘင်္ဂါလီများ ခေါ်ယူခဲ့ရာ ရခိုင်ဒေသတွင် တဖြည်းဖြည်းလူဦးရေများလာခြင်းဖြစ်ကြောင် ဘင်္ဂလား ဒေသမှ လာသည့်သူများဖြစ်၍ မိမိတို့က ဘင်္ဂါလီ ဟုခေါ် ဆိုကြောင်း၊ ယခင်က ဘင်္ဂလားနယ်မြေမှာလည်း အ ရှေ့ဘင်္ဂလားနှင့် အနောက်ဘင်္ဂ လားဟု နယ်မြေနှစ်ခု ကွဲသွားပြီး ၁၉၇၁ ခုနှစ်တွင် အရှေ့ ဘင်္ဂလား (အရှေ့ပါကစ္စတန်)နယ်မြေမှာ ယခုဘင်္ဂလားဒေ့ရှ်နိုင် ငံဖြစ်ပေါ်လာကြောင်း၊ ယင်းဘင်္ဂါလီ များက သူတို့ ကိုယ်ကို “ရိုဟင်ဂျာ”ဟုသုံးစွဲ လာခြင်းဖြစ်ကြောင်း၊ ယခုဘင်္ဂလားဒေ့ရှ်တွင် နေထိုင်သူ များနှင့် ဘာသာစကား၊ ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုအတူတူပင်ဖြစ်ပြီး မိမိတို့နှင့်ကွဲပြားခြားနား ကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံတွင် ရခိုင်တိုင်းရင်းသားများအပါအဝင် အဓိကတိုင်းရင်းသား ၈ မျိုးနှင့် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ စုကျော်ရှိပြီး ယင်းမူလတိုင်းရင်းသားမျိုးနွယ်စုများတွင် ဘင်္ဂါလီမပါဝင် ကြောင်း၊ ယင်း ဘင်္ဂါလီများက မူလနေထိုင်သည့်ဒေသခံရခိုင်တိုင်းရင်းသားများကို တိုက်ခိုက်ခဲ့၍ နယ်စပ်ဒေသ ဘူးသီး တောင်၊ မောင်တောနယ်မြေမှ Native ရခိုင်များသည် အောက်ဘက်စစ်တွေ၊ ပုဏ္ဏားကျွန်းဘက်သို့ ထွက်ပြေး ခဲ့ရကြောင်း၊ ၁၉၄၂ ခုနှစ်တွင် ရခိုင်၊ ဘင်္ဂါလီပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရခိုင်လူမျိုး ၂ သောင်း ကျော်သေဆုံးခဲ့ရကြောင်း၊ နယ်ချဲ့အင်္ဂ လိပ်များ မြန်မာပြည်မှ ဆုတ်ခွာထွက်ပြေးချိန်တွင်ဖက်ဆစ် ဂျပန်တို့ကို တိုက်ခိုက်ရန်ပေးအပ်ခဲ့သည့် လက်နက်များအသုံးပြု၍ ရခိုင်တိုင်းရင်းသားများကို တိုက်ခိုက် သတ်ဖြတ် ခဲ့ခြင်းမှာရခိုင်တိုင်းရင်းသားများ၏များစွာခံပြင်းမှုကိုဖြစ်စေသည့်အကြောင်းအရာတစ်ခု   ဖြစ်ကြောင်း ရှင်း လင်း ပြောကြားသည်။

ယင်းနောက် သမိုင်းဖြစ်စဉ်တွင် မူဂျာဟစ်သောင်းကျန်းမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် လွတ်လပ်ရေး မရမီ ၁၉၄၇ ခုနှစ်တွင် ရခိုင်ဒေသရှိ ဘင်္ဂါလီများသည် မူဂျာဟစ်သောင်းကျန်းသူ အဖြစ် အစိုးရကို လက်နက် ကိုင်၍ စ တင် တိုက်ခိုက်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း တွင် လည်း ဆက်လက်တိုက်ခိုက်မှုများ ရှိ၍တပ်မတော်အနေဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ရ ကြောင်း၊လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ တစ်နိုင်ငံလုံးတွင် တိုင်း ရင်းသားလက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ရခြင်း၊ ၁၉၇၀ ခုနှစ်ဝန်းကျင်တွင် ဗကပသောင်းကျန်းသူများ ကို နှိမ်နင်းခဲ့ရခြင်း တို့ကြောင့် ယင်းအချိန်ကာလ အစိုးရများအနေဖြင့် ရခိုင်ဒေသ ဘင်္ဂါ လီအဝင်အထွက်များစွာကို ထိရောက်စွာကြပ်မတ်နိုင်မှုမရှိကြောင်း၊ ယင်းအခြေခံအကြောင်းအရာများမှ အဆင့်ဆင့်ဖြင့် ယခုအခြေအနေအထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရခိုင်ဒေသဘင်္ဂါလီဦးရေတိုးပွားမှုနှင့်ပတ်သက်၍ ၁၉၄၂ ခုနှစ်မှတ်တမ်းများအရ နယ် စပ်ဒေ မောင်း တောဧရိယာတစ်ခုတည်းတွင်ပင် ဘင်္ဂါလီဦးရေ ၁၂၄၄၅၂ ဦးရှိခဲ့ပြီး ၁၉၈၆ ခုနှစ်စာရင်းအရ ၂၆၀၀၀၀ ကျော်ဖြစ်၍ နှစ် ၄၀ ခန့် အတွင်း လူဦးရေနှစ်ဆတိုးပွားခဲ့ကြောင်း၊ မိမိနိုင်ငံဥပဒေအရ တစ်လင် တစ်မယားစနစ် ကျင့်သုံးသော်လည်း ယင်းတို့အနေဖြင့် လိုက်နာ ကျင့်သုံးမှုမရှိ ဘဲ အိမ်ထောင်ပြုမှု များ သည့် စနစ်ကြောင့်လည်း လူဦးရေတိုးပွားလာခြင်းဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံသားစိစစ်မှုလုပ်ငန်းများနှင့်ပတ်သက်၍ပြောကြားရာတွင် မိမိနိုင်ငံအနေဖြင့် လူဦးရေလွန်စွာ များပြား သည့် အိမ်နီးချင်းနိုင်ငံများအကြားတွင် တည်ရှိနေကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းမှာ အမှားမ ခံနိုင် ခြင်းကြောင့် အထောက်အထားပြည့်စုံစွာဖြင့် အချိန်ယူစိစစ်ရကြောင်း၊ ရခိုင်ဒေသတွင်လည်း နိုင်ငံသား စိစစ်ခြင်းလုပ်ငန်းစဉ်များကို ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေကြောင်း၊ ယင်းဥပဒေနှင့်ကိုက်ညီပါက နိုင်ငံ သား၊ နိုင်ငံသားပြုခွင့်နှင့် ဧည့်နိုင်ငံသား စသည်ဖြင့် ဥပဒေနှင့်အညီ သတ် မှတ်ခံစားခွင့်ရမည်ဖြစ်ကြောင်း၊ ဒုက္ခ သည်စခန်း ပြင်ပတွင် ရှိနေသည့် ဘင်္ဂါလီများအနေဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိလျှင် စိစစ်မှုခံနိုင်မည်ဟု ယူဆ ကြောင်း၊ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များကို မှန်ကန်စွာသိရှိပြီး နှစ်ဖက်လုံးက စိတ်ရှည်မှု ရှိရန်လိုကြောင်း ထည့်သွင်းပြောကြားသည်။

ယင်းနောက် ဘာသာရေးဆိုင်ရာလွတ်လပ်စွာကိုးကွယ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် လူဦးရေ ၅၂ သန်းကျော်ရှိပြီး ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၇ ရာခိုင်နှုန်း ကျော်၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၆ ရာခိုင်နှုန်း ကျော်၊ အစ္စလာမ်ဘာသာကိုးကွယ် သူ ၄ ရာခိုင်နှုန်းကျော်နှင့် ကျန်ရာခိုင်နှုန်း အနည်းငယ်မှာအခြားဘာ သာ များကို ကိုးကွယ်ကြကြောင်း၊ မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဗုဒ္ဓဘာသာသည် အများစုကိုး ကွယ်ပြီးထူးခြားသောဝိသေသရှိသည့်ဘာသာအဖြစ် အသိအမှတ်ပြုထား သကဲ့သို့အခြား ဘာသာကိုး ကွယ်မှုများကိုလည်း အသိအမှတ်ပြုပြီး လို အပ် သည်များကူညီစောင့်ရှောက်ရန် အတိအလင်းပြဋ္ဌာန်း ထားကြောင်း၊ ခရစ်ယာန်ဘာသာကိုးကွယ် သည့် အချို့နိုင်ငံ၊ အစ္စလာမ်ဘာသာကိုး ကွယ် သည့်အချို့နိုင် ငံများနှင့် ယှဉ်ကြည့်ပါက မိမိနိုင်ငံတွင် ဘာသာရေးနှင့်ပတ်သက်၍ တင်းကြပ်မှုမရှိဘဲ လွတ်လပ်စွာ ကိုး ကွယ်ခွင့်ပြုထားကြောင်း၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၄ ရာခိုင်နှုန်းကျော်တွင်လည်းရှေးနှစ်ပေါင်း များ စွာက ရောက်ရှိမှု၊ ဘာသာကူးပြောင်းကိုးကွယ်မှုများအဖြစ် ရှေးယခင်ကတည်းက လက်ခံ ထားခြင်းဖြစ် ကြောင်း၊ အစ္စလာမ်ဘာသာဝင်နိုင်ငံသားများတွင် အဆင့်မြင့်တာဝန် ထမ်းဆောင်နေသည့် နိုင်ငံ့ဝန် ထမ်း များလည်းရှိကြောင်း၊ ယခုပြဿနာမှာလည်း ဘာသာရေးကြောင့်မဟုတ်ဘဲ ဘာသာရေး ကိုအခြေခံပြီး လှုံ့ဆော်နေမှုများသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မျှတစွာသုံးသပ်ပြောဆိုလုပ်ဆောင် လျက်ရှိ ကြောင်း၊ ကော် မရှင်နှင့်ပတ်သက်၍လိုအပ်သည်များအား တပ်မတော်က ကူညီဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် Mr. Kofi Annan က ယခုကဲ့သို့ရှင်းလင်းပြောကြားပေး၍ မိမိအတွက် သမိုင်းအသိရ သွားပြီး အနာ ဂတ်ကိုမြော်မြင်နိုင်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ကော်မရှင် အနေဖြင့် ယခုကိစ္စအတွက် ဆုံးဖြတ်ချက်ပေးခြင်းမဟုတ်ဘဲ Stakeholder များ၊ နှစ်ဖက် အသိုက်အဝန်းများနှင့်တွေ့ဆုံ၍ လေ့လာသုံး သပ်ပြီး အကြံပေးခြင်း၊ အကြံပြုခြင်းများသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ သားဖြစ်မှု၊ မဖြစ်မှု ကိစ္စတစ်ခုတည်းသာမက ဒေသဖွံ့ဖြိုးတိုးတက်မှုအပါအဝင်ဘက်စုံထောင့်စုံမှ လေ့လာဆောင်ရွက် သွား မည်ဖြစ်ကြောင်း၊ မိမိရခိုင် ဒေသသို့ သွားရောက်ခဲ့သည့်ခရီးစဉ်တွင် နှစ်ဖက်အသိုက်အဝန်း၏ စိုးရိမ်ပူပန်မှု အသီးသီးကိုလည်း ကြားသိခဲ့ရပါကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် သည်ဆက် လက် ဆောင်ရွက် သင့်ပြီး ဥပဒေနှင့် အညီဆောင်ရွက်ခြင်းဖြင့် ပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင် မည့် နည်းလမ်းများ ကို လေ့လာလုပ်ဆောင်သွားမည် ဖြစ်ကြောင်းပြန်လည်ပြောကြား၍ နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Mr. Kofi Annan အား အထိမ်းအမှတ် ပစ္စည်းပေးအပ်၍ အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။
(Unicode Version)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */